Sunday 26 April 2015

မိုးကုတ်-ပြင်ဦးလွင်လမ်းဘေးတွင် ပုပ်ပွနေသော အလောင်းလေးလောင်းတွေ့

မိုးကုတ်-ပြင်ဦးလွင် ကားလမ်း ဘေး မိုင်တိုင် ၄၃ နှင့် ၄၄ ကြား ပဇီ ကျေးရွာအနီး၌ သံဃာတော်တစ်ပါး၏ ရုပ်ကလာပ်အပါအ၀င် ပုပ်ပွနေသော အလောင်းလေးလောင်းကို ဧပြီ ၂၄ ရက်က တွေ့ရှိခဲ့ကြောင်း သ တင်း ရရှိသည်။

ပုပ်ပွနေသော အလောင်းလေး လောင်းကို ပဇီကျေးရွာအုပ်ချုပ်ရေးမှူးက တွေ့ရှိ၍ အခင်းဖြစ်ပွားရာနယ်မြေအပိုင် မိုင်းလုံရဲစခန်းသို့ ဧပြီ ၂၄ ရက်တွင် သတင်း ပေးပို့ခဲ့ပြီး သံဃာတော်တစ်ပါး အပါ အ၀င် အသက် (၇၀) အရွယ် အမျိုးသား တစ်ဦး၊ အသက် (၆၀) အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၃၀) အရွယ် အမျိုး သမီးတစ်ဦးတို့ဖြစ်ကြောင်း မိုင်းလုံရဲစခန်း မှ စခန်းမှူး ရဲအုပ်အောင်ကိုလတ်က ပြောသည်။

‘‘အလောင်းလေးလောင်း တွေ့ထားတာဟုတ်ပါတယ်။ ပဇီ ကျေးရွာနားက လက်နက်ကိုင် တွေ ၀င်ထွက်နေတဲ့ နေရာဖြစ်လို့ လုံခြုံရေးအရ သွားကြည့်လို့မရ သေးပါဘူး။ သတင်းအချက်အ လက်တွေကတော့ ရထားပါ တယ်’’ဟု ရဲအုပ်အောင်ကိုလတ်က ပြောသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာ ပမြို့နယ်မှ မိုးကုတ်မြို့သို့အလည် သွားသည့် မတ်လ ၁၆ရက်က ပျောက်ဆုံးသွားသော မိသားစုဝင် များနှင့် ဆက်စပ်နိုင်ကြောင်း မှန်း ဆနေကြေသည်။ အိန္ဒိယနိုင်ငံ တွင် ပညာသင်ကြားနေသော ဆရာတော်တစ်ပါးအပါအ၀င် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့ နေ ဦးအောင်ကြည်၊ ၎င်း၏ဇနီး၊ သမီးဖြစ်သူနှင့် စုစုပေါင်း လေးဦး တို့သည် မတ်လ ၁၃ရက်က မိုး ကုတ်မြို့သို့ အလည်သွားရောက် ခဲ့ပြီး မတ်လ ၁၆ရက်က မိုးကုတ် မြို့မှ အပြန်လမ်းတွင် မိသားစုနှင့် အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးသွားခဲ့သည်။

အဆိုပါပျောက်ဆုံးသွား သော မိသားစုများလူဦးရေနှင့် အ လောင်းတွေ့ရှိသော လူဦးရေတို့ မှာ တူညီနေသောကြောင့် ဆက်စပ်မှုရှိနေခြင်းဖြစ်ကြောင်း မိုင်း လုံရဲစခန်းမှ တပ်ကြပ်ဝင်းနိုင်က ပြောသည်။ ‘‘လွန်ခဲ့တဲ့ တစ်လ လောက်က တောင်ဥက္ကလာက မိ သားစုတစ်စုက လူပျောက်သွား လို့ တိုင်တန်းတဲ့အမှုတစ်ခုရှိတယ်။ အဲဒီအမှုနဲ့ အခုတွေ့တဲ့အလောင်း တွေနဲ့က ပုံစံတူနေတာပေါ့။ ပြော ကြားချက်အရဆို တွေ့တဲ့အ လောင်းတွေကလည်း ပုပ်ပွနေပြီ လို့ ပြောတယ်။ သံဃာတော်တစ် ပါးလည်းပါတယ်လို့ ပြောတယ်။ နောက်ပြီး ပျောက်နေတဲ့မိသားစု ပျောက်သွားတုန်းက ကားပါ တယ်။ အခုတွေ့တော့ အနီးအ နားမှာ ကားကမတွေ့ဘူး။ မိသား စုကိုတော့ ဆက်သွယ်ထားပါ တယ်’’ ဟု တပ်ကြပ်ဝင်းနိုင်က ပြောသည်။

‘‘သေချာမကြည့်ရသေးတော့ ဟုတ်ပါတယ်လို့ ပြောလို့မရသေး ဘူးပေါ့။ ကျွန်မမိတ်ဆွေတွေက လည်း ဆယ်တန်းစာမေးပွဲဖြေပြီး မှ ချင်းပြည်တို့၊ မိုးကုတ်တို့ကို အလည်သွားကြတာပါ။ ၁၆ ရက် နေ့မှာ မိုးကုတ်ကနေ ပြန်လာမယ် လို့ အဆက်အသွယ်ရပါသေး တယ်။ အဲဒီမှာပျောက်သွားတာ’’ ဟု ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်မှ ပျောက်ဆုံးသွားသော ဦးအောင်ကြည်မိသားစုနှင့် ရင်းနှီး သည့် အမျိုးသမီးတစ်ဦးက ပြော သည်။ အသတ်ခံရခြင်း ဟုတ်၊ မဟုတ် အတည်ပြုစစ်ဆေးရန် လုပ်ဆောင်နေပြီး ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း တပ်ကြပ် ၀င်းနိုင်က ပြောသည်။ အခင်းဖြစ်ပွားရာ မိုင်းလုံနယ်မြေတွင် တိုင်းရင်းသား လက်နက်ကိုင် အနည်းဆုံး သုံးခုဝင်ထွက် သွားလာနေကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment