Sunday 26 April 2015

ပြစ်မှုမကျူးလွန်၍ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ကို မမျှော်လင့် ဟု ဖမ်းဆီးခံကျောင်းသားတို့ဆို

ဖမ်းဆီးခံကျောင်းသား များအတွက် နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ကို မမျှော်လင့်ကြောင်း ဗကသ ကျောင်းသူ မပိုပိုက ဧပြီ ၂၄ ရက် နံနက်ပိုင်း ကမာရွတ်မြို့နယ်တရားရုံးတွင် တတိယရုံး ချိန်း ဧည့်တွေ့ချိန်၌ ပြောကြားလိုက်သည်။

လှည်းတန်းဈေးရှေ့မှ စိုက်ပျိုး ရေးမှတ်တိုင်အထိ မတ် ၁ဝ ရက်က လက် ပံတန်းသပိတ်အား ဖြိုခွင်းခဲ့သည့်အတွက် လမ်းလျှောက်ဆန္ဒပြရာတွင် ဦးဆောင်ပါ ဝင်ခဲ့သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၅ဝ၅(ခ)၊ ၁၈ အပါအဝင် ပုဒ်မလေးခုဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

''နိုင်ငံတော်သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့်ကို ကျွန်မတို့အားလုံး မမျှော် လင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖမ်းဆီး ခံကျောင်းသားတွေက ပြစ်မှုကျူးလွန်သူတွေ မဟုတ်ဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ကို မမျှော် လင့်ပါဘူး''ဟု ဗကသကျောင်းသူ မပိုပိုက ပြောသည်။

သပိတ်စစ်ကြောင်းအသီးသီး တွင် ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ဝန်းရံထားသူ ပြည်သူများအား တရားစွဲဆို ထားသည့် ပုဒ်မများတွင် ၅ဝ၅(ခ) ပါဝင် နေသည့်အတွက် အာမခံမရကြောင်း ဖမ်း ဆီးခံကျောင်းသားများဘက်မှ လိုက်လံဆောင် ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

''အခုကတော့ ရုံးချိန်းပဲ ချိန်းနေ ဦးမှာပဲ။ ကိုကျော်ကိုကို၊ ကိုဂျိမ်းတို့က ရုံး ရှေ့ကို ရောက်မလာသေးလို့ ရုံးချိန်းပဲ ပြန် ပြန်ချိန်းနေဦးမှာပဲ။ အာမခံမပေးချင်လို့ ၅ဝ၅(ခ)ကို ထည့်ထားတယ်လို့ပဲမြင်တယ်'' ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

မပိုပိုနှင့် ဝန်းရံသူ ကိုဝင်းကျော် မှူးတို့အား မေ ၅ ရက်သို့ စွဲဆိုထားသော ပုဒ်မများအားစစ်ဆေးရန် ကမာရွတ်မြို့နယ် တရားရုံးမှ ပြန်လည်ချိန်းဆိုထားသည်။

Yangon Media Group

No comments:

Post a Comment