Sunday 26 April 2015

ကျောင်းသားသပိတ်လှုပ်ရှားမှု ဓာတ်ပုံပြပွဲပြုလုပ်

ကျောင်းသားသပိတ်လှုပ်ရှားမှုဓာတ်ပုံပြပွဲသို့ လာရောက်ကြည့်ရှုနေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း) 
အမျိုးသားပညာရေးဥပ ဒေကို သပိတ်မှောက်ခဲ့ကြသည့် ကျောင်းသားသပိတ်အတွင်းမှ လှုပ်ရှားမှုများအား ဓာတ်ပုံသတင်း ထောက်ငါးဦးက ဓာတ်ပုံများစုစည်းကာ ဓာတ်ပုံပြပွဲသုံးရက် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သပိတ်မှောက်ကျောင်းသား များသပိတ်စစ်ကြောင်းများစတင် သည်မှစ၍ ဖြိုခွင်းကာဖမ်းဆီးခံခဲ့ရသည်အထိလှုပ်ရှားမှုများကို ရိုက်ကူးခဲ့သည့် ဓာတ်ပုံသတင်း ထောက်ငါးဦး၏ ဓာတ်ပုံ ၃၇ ပုံ စုစည်းကာ ရန်ကုန်မြို့ ThinkArt Galleyတွင် ဧပြီ ၂၅မှ ၂၇ရက်အထိ သုံးရက်ကြာ နံနက် ၁၀နာရီမှ ညနေ ၅ နာရီအထိပြပွဲကျင်းပမည်ဖြစ်သည်။

ပြပွဲတွင် ဓာတ်ပုံသတင်းထောက် ကိုဂျေပိုင်၊ကိုစိုင်းဇော်၊ ကိုဟိန်းထက်၊ကိုတေဇာလှိုင်၊ ကိုလမင်းထွန်းတို့၏ ကျောင်းသားသပိတ်အတွင်းလှုပ်ရှားမှုဓာတ်ပုံစုစုပေါင်း ၃၇ပုံစုစည်းပြသခြင်းဖြစ်သည်။ သတင်းစာမျက်နှာများတွင် ပါဝင်ခဲ့သော ပုံများပါဝင်သကဲ့သို့ ပုံအနည်းငယ် မှာ သတင်းစာမျက်နှာပေါ် မရောက်ခဲ့သည့် ပုံများလည်းပါဝင်ကြောင်း ပြပွဲကိုစီစဉ်သူ ဓာတ်ပုံဆရာ ကိုဂျေ ပိုင်ကပြောသည်။

‘‘ကျွန်တော်တို့ ပုံလေးတွေကိုစုပြီး ကြည့်မိတော့ ဇာတ်လမ်း တစ်ပုဒ်လိုခံစားရတယ်။တစ်နိုင်ငံ လုံးကိုလှုပ်ခတ်သွားခဲ့တဲ့ လှုပ်ရှား မှုဖြစ်ခဲ့တာကြောင့် ကျွန်တော်တို့ အတွက်ရော အားလုံးအတွက်ပါ မှတ်တိုင်လေးတစ်ခုအဖြစ်ဒီပြပွဲ လေးလုပ်ဖြစ်တာပါ’’ဟု ၎င်းကပြောကြားသည်။

‘‘ပြပွဲက ဓာတ်ပုံလေးတွေက ဓာတ်ပုံအယူအဆရော ခံစားမှု တွေပါ အားကောင်းတဲ့ဓာတ်ပုံလေးတွေပါ။ တစ်ပုံနဲ့တစ်ပုံလည်းဖော်ပြလိုတဲ့အဓိပ္ပာယ်မတူဘဲ စိတ်ဝင် စားစရာကောင်းပါတယ်’’ဟု ပြပွဲလာရောက်ကြည့်ရှုသူဓာတ်ပုံဆရာတစ်ဦးက ပြောသည်။

7Day DAILY 

No comments:

Post a Comment