Sunday 26 April 2015

မိုးမောက် - စိန်လုံကားလမ်းတွင် တရားမ၀င်သစ်များအား တင်ဆောင်ထားသော ပိုင်ရှင်မဲ့သစ်တင်ယာဉ်များအား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့မှ လွယ်ဂျယ်မြို့သို့ ဖရဲသီးများတင်ဆောင်၍ သွားလာလျက်ရှိသော ယာဉ်များအား ဧပြီ ၁၉ ရက်နေ့တွင် မိုးမောက်- စိန်လုံကားလမ်း၌ ပူးပေါင်းအဖွဲ့မှလိုက်လံစစ်ဆေးရာ တရား မ၀င် သစ်များတင်ဆောင်ထားသော ပိုင်ရှင်မဲ့သစ်တင်ယာဉ်များအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့တွင်ပါဝင်သော ခရိုင်သစ်တောရုံးအား ဆက်သွယ်မေးမြန်း ကြည့်ရာ “လမ်းကြောင်းလုံခြုံရေးအခြေအနေအရ တပ်မတော်စစ်ကြောင်းတွေကို အကူအညီတောင်းရပါတယ်၊ ပြီးတော့ သစ်တောအဖွဲ့တွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့လည်းပါတယ်၊ အဲဒီပူးပေါင်းအဖွဲ့နဲ့ မိုးမောက်-စိန်လုံကားလမ်း တစ်လျှောက် လိုက်လံစစ်ဆေးတဲ့အခါမှာ တရားမ၀င်သစ်တင်ယာဉ်(၄)စီးကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့တာပါ” ဟု သစ်တောဦးစီးအရာရှိတစ်ဦးက ပြန်လည်ဖြေကြားသည်။

ယင်းပူးပေါင်းအဖွဲ့မှ မိုးမောက်-စိန်လုံ ကားလမ်းတစ်လျှောက်လိုက်လံစစ်ဆေးရာ လော့ခန်းကျေးရွာ အထွက်တွင် ဖရဲသီးများဖုံးအုပ်၍ တရားမ၀င်သစ်များတင်ဆောင်လာသော(၁၂)ဘီးယာဉ်အားလည်းကောင်း၊ (၈)မိုင်(၄)ဖာလုံတွင် ဒေါင်ဖန်းယာဉ်အားလည်းကောင်း၊ (၇)မိုင်တွင် ပြောင်းဖူးအိတ်မျာဖုံးအုပ်သယ်ဆောင်လာ သော(၁၂)ဘီးယာဉ်အားလည်းကောင်း၊ ယင်းနေရာနှင့်မီတာ ၅၀၀ခန့်အကွာ၌(၁၂)ဘီးယာဉ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်ဟု ပူးပေါင်းအဖွဲ့ထံမှသိရသည်။

“ဖရဲသီးကားတွေကိုတားပြီး စစ်ဆေးတဲ့အသံကြားလို့ တချို့ကားတွေက ဆက်မလာကြတော့ဘူး၊ လမ်းမှာပဲရပ်ထားခဲ့တယ်လို့ သိရတယ်၊ ဒါ့ကြောင့် ၁၉ မိုင်စခန်းက တပ်စိတ်တစ်စိတ်နဲ့လိုက်ရှာတဲ့အခါမှာ နောက်ထပ်(၁၀)ဘီးယာဉ်တစ်စီး သစ်တွေနဲ့ထပ်ပြီးဖမ်းဆီးရမိခဲ့ပါတယ်” ဟု မြို့နယ်သစ်တောရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ သိမ်းဆည်းရမိ ယာဉ် ၅ စီးနှင့် သစ်များအား မိုးမောက်မြို့နယ်သစ်တောဦးစီးဌာနသို့ လုပ်ထုံး လုပ်နည်းနှင့်အညီ အပ်နှံခဲ့ကြောင့်းနှင့် ရှေ့တန်းစစ်ကြောင်းများ၏ အကူအညီဖြင့် တရားမ၀င်သစ်များဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဇော်လင်း(မိုးမောက်)
Cြredit >>> မန်မာပြည်သား

No comments:

Post a Comment