Sunday 26 April 2015

သမီးငယ် ကျောင်းသွားကျောင်းပြန်ကို ဖခင်က မောင်းသူမဲ့လေယာဉ်ဖြင့် စောင့်ကြည့်

တင်နက်စီ- အမေရိကန်နိုင်ငံ တင်နက် စီပြည်နယ်မှာ အသက်ရှစ်နှစ်အရွယ်သမီး ငယ်လေးရဲ့ ကျောင်းသွားကျောင်းပြန်ကို ဂရုစိုက်စောင့်ကြည့်လိုတဲ့အတွက် ဖခင်ဖြစ် သူက သမီးငယ်ရဲ့နောက်ကို မောင်းသူမဲ့ လေယာဉ် စေလွှတ်စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။


တင်နက်စီပြည် နယ် Knoxville မြို့မှာ ဗီဒီ ယိုထုတ်လုပ်ရေးကုမ္ပဏီကို ပိုင်ဆိုင်တဲ့ Chris Early ဆို သူဟာ သူ့ရဲ့ သမီးငယ်လေး Katie ကျောင်းသွားကျောင်း ပြန်တာကို ဂရုစိုက် စောင့် ကြည့်လိုတာမို့ မောင်းသူမဲ့ လေယာဉ်ကို စေလွှတ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Early ဟာ သမီးငယ် Katie ကျောင်းကို တစ်ယောက်တည်းလမ်းလျှောက် သွားတာကို စိတ်မချဖြစ်နေရရှာသူပါ။ ဒါ ကြောင့် သမီးငယ်ရဲ့နောက်ကို မောင်းသူမဲ့ လေယာဉ်စေလွှတ်ကာ ဂရုစိုက်စောင့်ကြည့် နေရတာပဲ ဖြစ်ပါတယ်။

အခုလို သမီးငယ်ကို ဂရုစိုက် စောင့်ကြည့်နေတာကို ဖခင်တစ်ယောက် အနေနဲ့ သူမကိုသိစေချင်ပါတယ်လို့ ပြော ဆိုခဲ့ပါတယ်။ ''သူ ဘယ်နေရာရောက် ရောက် ကျွန်တော်အားလုံးသိနိုင်တယ်။ မြင်နိုင်တယ်။ သူမကို အမြဲတမ်းစောင့် ကြည့်ဖို့ မောင်းသူမဲ့လေယာဉ်ကိုစေလွှတ် ရတာပဲဖြစ်တယ်''လို့ Early က ပြောဆိုခဲ့ ပါ တယ်။

Ref : UPI
Yangon Media Group

No comments:

Post a Comment