Sunday 26 April 2015

အနိမ့်ဆုံးလုပ်ခလစာကို အမြန်ဆုံးသတ်မှတ် ပေးရန် သူရဦးရွှေမန်း တိုက် တွန်း

မြန်မာနိုင်ငံတွင် ဖြစ် ပေါ်နေသည့် အလုပ်သမား ဆန္ဒပြမှုများ မှာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် နှင့် သက်ဆိုင်နေသဖြင့် အနိမ့်ဆုံး လုပ်ခ လစာကို အမြန်ဆုံးသတ်မှတ်ပေးရန် လို အပ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာ ယက သူရဦးရွှေမန်းက တိုက်တွန်းပြောကြား လိုက်သည်။

ယခုလက်ရှိတွင် ဒီမိုကရေစီစနစ် ဖြင့်အုပ်ချုပ်နေပြီး ဒီမိုကရေစီဆိုတာ ပြည် သူအုပ်ချုပ်ရေးဖြစ်ပြီး ပြည်သူတွေကို အုပ် ချုပ်ရာတွင် ပြည်သူတွေလိုလားချက်ကို ဖော် ဆောင်တဲ့ ဥပဒေနှင့်အညီ အုပ်ချုပ်ရမှာ ဖြစ်ပြီး လွှတ်တော်တွေဆိုတာက ပြည်သူ ကိုယ်စားလှယ်နာမည်တွေနဲ့ ဖွဲ့စည်းထား ပြီးတော့ ပြည်သူ့သဘောထား လိုအင်တွေ ကို ဥပဒေပြဋ္ဌာန်းလိုက်တာ လွှတ်တော်ထဲ မှာရှိတဲ့ ပြည်သူ့ကိုယ်စားလှယ်များက လုပ် ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် ပြဋ္ဌာန်း ထားတာတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်း က တာဝန်ယူ ဆောင်ရွက်ပေးသွားရမှာဖြစ် ကြောင်း ယင်းက ဆက်ပြောသည်။

''အလုပ်သမားများရဲ့ အခြေခံ လစာ နည်းပါးမှုကြောင့် စားဝတ်နေရေး အ လွန်ခက်ခဲပါတယ်။ သူတို့မိသားစုတွေရဲ့ စား ဝတ်နေရေး ဘယ်လိုမှ မပြေလည်နိုင်ပါဘူး။ ဒါကို လစာတိုးပေးဖို့ ဆန္ဒပြတော့ ရိုက်နှက် ပြီး ဖမ်း ဆီး ခံရတဲ့သူတွေတောင် ရှိတယ်''ဟု ထိုပွဲသို့တက်ရောက်လာသူ အလုပ်သမား တစ်ဦးမှပြောသည်။

ပုဂ္ဂလိကပိုင် ကုန်ထုတ်စက်မှုလုပ် ငန်းကဏ္ဍများတွင် အလုပ်သမားများမှာ တစ်ရက်လျှင် ၇ဝဝ ကျပ်မှ ၁၃ဝဝ ကျပ်အ ထိသာ အများဆုံးရရှိကြောင်းနှင့် လုပ်ခ သီး သန့်ငွေမှာ ကျပ်တစ်သောင်းခွဲမှ သုံးသောင်း အကြားသာရှိကြောင်း အလုပ်သမားကိုယ် စားလှယ်အချို့က ပြောသည်။

''အလုပ်ရှင်တွေနဲ့ ဆွေးနွေးမှု တွေအပြီး မေလကုန်မှာ အကြမ်းဖျင်းထုတ် ပြန်ဖို့ရှိပါတယ်။ ရက်ပေါင်း ၆ဝ အတွင်း ဝေဖန်မှုတွေ ပြုလုပ်နိုင်တယ်''ဟု လစာသတ် မှတ်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမော် ထွန်းက ပြောသည်။

Yangon Media Group 

No comments:

Post a Comment