Sunday 26 April 2015

တောင်ကြီးမြို့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအဖွဲ့ကို ကန့်ကွက် မည်

တောင်ကြီးမြို့တွင် ပြောက်ကျားအင်္ကျီများဝတ်ဆင်၍ နံပါတ်တုတ်များကိုင်ဆောင်ပြီး စကားပြောစက် (ဝေါ်ကီတော် ကီ)များ အသုံးပြုကာ လုံခြုံရေး ဆောင်ရွက်သည်ဆိုသည့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး (Law and Order) အဖွဲ့ကို ပြည်ထဲရေး ဝန်ကြီးဌာနအထိ စာတင်၍ ကန့်ကွက်မည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောသည်။

‘‘တရားမဝင်အဖွဲ့အစည်း ဖြစ်တယ်။ ဒီအဖွဲ့အစည်းကို ဘယ်သူက တာဝန်ခံမလဲ၊ ဘယ် သူက တာဝန်ယူမလဲဆိုတာ သိချင်တယ်။ ဒီလိုအဖွဲ့အစည်း တွေ တရားဝင်အဖွဲ့အစည်းဖြစ် လာရင် ပြည်သူလူထုလုံခြုံရေးကို လည်း ခြိမ်းခြောက်လာ၊ အန္တရာယ်ပေးလာနိုင်တယ်’’ဟု ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး (Law and Order) အဖွဲ့သည် တောင်ကြီးမြို့တွင်း တွင် နံပါတ်တုတ်များကိုင်ဆောင် ကြခြင်း၊ စကားပြောစက်များတပ် ဆင်ထားခြင်း၊ ဘတ်တံဆိပ် နံပါတ်များ တပ်ဆင်ခြင်းနှင့် ပြောက်ကျားအင်္ကျီနှင့် စစ်ဘောင်း ဘီများဆင်တူဝတ်ဆင်ကာ ပွဲလမ်းသဘင်များတွင် လုံခြုံရေး အဖြစ် ရဲတပ်ဖွဲ့ဝင်များနှင့် ပူး ပေါင်းလုပ်ဆောင်နေကြောင်း တောင်ကြီးအခြေစိုက် အရပ် ဘက်လူမှုအဖွဲ့အစည်းများက ပြောသည်။

တောင်ကြီးမြို့ပေါ်ရှိ အရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်း ရင်းသားပါတီများ၊ ဒေသခံများထံ မှ ကန့်ကွက်သည့် လက်မှတ်များ တောင်းဆိုမည်ဖြစ်ပြီး ယင်းလက် မှတ်များပါပူးတွဲတင်၍ အဆိုပါ အဖွဲ့ကို ကန့်ကွက်မည်ဟု ဦးတင်မောင်တိုးက ပြောသည်။

‘‘ဒီလိုအဖွဲ့အစည်းမျိုး တရားဝင်ဖွဲ့ခွင့်ရှိလား၊ ရှိရင် ဘယ်ဌာန လက်အောက်ကနေ ဖွဲ့စည်းသွား မှာလဲဆိုကာ ကျွန်တော်တို့သိချင် တယ်’’ဟု တောင်ကြီးအခြေစိုက် မျိုးဆက်သစ် (ရှမ်းပြည်)အရပ် ဘက်အဖွဲ့အစည်းမှ ကိုမိုးက ဝေဖန်သည်။

တရားဥပဒေစိုးမိုးရေးဟု အမည်ပေးထားသော်လည်း ၎င်း တို့ကိုယ်တိုင်တရားဥပဒေနှင့် မညီညွတ်ဘဲ တရားဝင်အဖွဲ့ အစည်းလည်းမဟုတ်ဟု တောင် ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောသည်။ ယင်းအဖွဲ့ကို ကန့်ကွက်သည့်အနေဖြင့် တစ် ပတ်အတွင်း ပြည်ထဲရေးဝန်ကြီး ဌာန၊ ရှမ်းပြည်နယ်အစိုးရနှင့် ကာလုံဝန်ကြီးတို့ထံ လိပ်မူစာတင် ကာ ကန့်ကွက်မည်ဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။

ယင်းတရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေး အမည်ဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးအဖွဲ့ ကို ၂၀၁၄ စက်တင်ဘာလဆန်း က တောင်ကြီးမြို့တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာရေးနှင့် အများ ပြည်သူလုံခြုံရေးအတွက် ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားရန် ဆရာတော်ကြီးများ၏ ဩဝါဒခံ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ေ အးချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းရွှေ က ဆိုသည်။

သို့သော် ယင်းလုံခြုံရေးအဖွဲ့ အစည်းသည် ရှမ်းပြည်တောင်ပိုင်း မဘသနှင့် လုံးဝသက်ဆိုင် ခြင်းမရှိဟု ရှမ်းတောင်မဘသ ဆရာတော်ကြီးများ၏ လက်မှတ် ဖြင့် ထုတ်ပြန်ကြေညာချက်တစ် စောင်ကို ၂၀၁၄ ဒီဇင်ဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ရှမ်းတောင် မဘသ ဆရာတော်ကြီးများ၏ မူလဆန္ဒအမှန်ဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ကြိုတင်ဖွဲ့စည်းပြီးမှ တင်ပြလာခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

7Day DAILY 

No comments:

Post a Comment