Friday 3 April 2015

အောက်လွှတ်တော်အမတ် နန်စီ ဦးဆောင်သောအဖွဲ့ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေး

သမ္မတဦးသိန်းစိန်နှင့် ကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ (ဓာတ်ပုံ −သမ္မတရုံး)
အမေရိကန်အောက် လွှတ်တော်အမတ် နန်စီပလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ ကုန်သွယ်ရေးနှင့် မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲအရေးတို့ကို ဦးစားပေးဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်သည်။

‘‘တွေ့ဆုံမှုတွေအားလုံးမှာ ငြိမ်းချမ်းရေးဆီဦးတည်သည့် တိုးတက်မှု၊ လွတ်လပ်တရားမျှတပြီး အချိန်မီတဲ့ ရွေးကောက်ပွဲတွေ၊ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြု ပြင်ပြောင်းလဲမှု၊ ဘာသာရေးနဲ့ တိုင်းရင်းသားလူနည်းစုတွေအ ပေါ် လေးစားမှုရှိရေး၊ လူ့အခွင့်အရေးစတာတွေအပါအ၀င် မြန် မာနိုင်ငံနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမားရဲ့ ဦးစားပေးအရာ တွေကို ကျွန်မတို့ အထူးအသား ပေးခဲ့ပါတယ်’’ဟု ဒီမိုကရက်တစ် ခေါင်းဆောင် နန်စီပလိုစီ၏ရုံးက သတင်းထုတ်ပြန်သည်။

အိုဘားမားအစိုးရနှင့် ကုန် သွယ်ရေးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်နေသကဲ့သို့ အမေရိကန် အမျိုးသား လုံခြုံရေးနှင့် ပတ်သက်၍လည်း မဟာဗျူဟာကျ အခန်းကဏ္ဍတွင် ရှိနေသည့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ကိုရီးယားနှင့် ဂျပန် ငါးနိုင်ငံခရီး စဉ်ကို အမေရိကန် ကွန်ဂရက်ရှိ လူနည်းစုခေါင်းဆောင် နန်စီ ပလိုစီဦးဆောင်သော အဖွဲ့ထွက် ခွာလျက်ရှိရာ ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ သည်။ သမ္မတဦးသိန်းစိန် ဦး ဆောင်သည့် အစိုးရအဖွဲ့၊ ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစု ကြည်၊ လူမှုအဖွဲ့အစည်းအချို့တို့ နှင့် တွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်အတွင်း မြန်မာဘက်က နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲ နေမှုများ အကြောင်း ရှင်းပြခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်၌ အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာ ချုပ် နောက်ဆုံးမူကြမ်းကို လက် မှတ်ရေးထိုးခဲ့သည့် နောက်တစ် ရက်ဖြစ်နေသည်။ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးဆီ ဦးတည် သည့် အစိုးရ၏ ဆောင်ရွက်မှုကို အားပေးခဲ့သကဲ့သို့ နောက်ဆုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ဆီ လှမ်းချီသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အမေရိကန် ပြည်ထောင်စု၏ ထောက်ခံမှုအကြောင်းကို ထပ်တလဲလဲပြော ကြားခဲ့သည်ဟု သတင်းထုတ်ပြန် သည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံစဉ်အတွင်း ၂၀၁၂ က သမ္မတအိုဘားမား၏ မြန်မာခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် ပေးခဲ့သည့် ဆောင်ရွက်ရန် ကတိ ၁၁ ချက်ကို အလေးပေးပြောကြားခဲ့ ကြသည်ဟု ဆိုသည်။ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းတို့ နှင့် တွေ့ဆုံစဉ် နှစ်ကြိမ်စလုံးတွင် ကိုယ်စားလှယ်အဖွဲ့က ယခုနှစ် လွှတ်တော် ရွေးကောက်ပွဲများ လွတ်လပ်တရားမျှတပြီး အချိန်မီ ဖြစ်ရေးလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အမျိုးသမီးများ၏ အခွင့်အရေး၊ အလုပ်သမားများ၏ အခွင့်အရေးတို့အတွက် လိုအပ်ချက်ကို အာရုံစိုက်ဖော်ပြခဲ့သလို ငြိမ်းချမ်းစွာစုရုံးခဲ့မိသည့်အတွက် ထောင်သွင်း အကျဉ်းချခံထားရသော ဆန္ဒပြသူများကို ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ် ပေးရေးအတွက် အမေရိကန်ပြည် ထောင်စု၏ တောင်းဆိုမှုကိုလည်း ထပ်တ လဲလဲပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း လာမည့်ရွေး ကောက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးကြ ရာ၌ အပစ်အခတ်ရပ် စဲရေးလုပ်ငန်းစဉ်ကို ရွေးကောက် ပွဲများအချိန်ဆွဲရန် ဆင်ခြေဆင် လက်တစ်ခုအဖြစ် အသုံးမချရေး၊ မြန်မာပြည်သူလူထု အစိတ်အ ပိုင်းအားလုံး၏ ကျယ်ပြန့်သော ပါဝင်ပတ်သက်မှုကို လိုအပ်ခြင်း၊ ပါတီအားလုံးတန်းတူတရားမျှတ မှုရှိသောအခြေအနေတွင် ယှဉ် ပြိုင်နိုင်ရေး၏ အရေးပါခြင်းအစရှိ သည်တို့နှင့် ပတ်သက်၍ စိုးရိမ်ပူ ပန်မှုများ ဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ကိုယ်စားလှယ်အဖွဲ့သည် အရပ်ဘက်အဖွဲ့အစည်းမှ ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။ လိုအပ်နေ သော ပြုပြင်ပြောင်းလဲမှုများ၊ လွတ်လပ်စွာဖော်ပြခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုရုံးခွင့်၊ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်ရေးအတွက် အားထုတ်မှုနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးကြသည်ကို နားထောင်ရ၍ ၀မ်းမြောက် ကြောင်းဖော်ပြသည်။

7Day Daily

No comments:

Post a Comment