Friday 3 April 2015

ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထား ရှိပေးရေး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပေးမည် ဟု တိုင်း အစိုးရ ၏ ပြောကြားထားမှု နှစ်နှစ်ကြာအထိ အကောင် အထည် မပေါ်သေး၍ လွှတ်တော်တွင် မေးခွန်းထုတ်

ပြည်သူ့ရင်ပြင်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ စီးပွားရေး အဆောက်အအုံများတစ်ခုပြီး တစ်ခုပေါ်ထွန်း လာသော်လည်း အ မျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်တုထား ရှိရေး ကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြ ပေးမည်ဟု ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့၏ ပြောကြားထားမှု နှစ် နှစ်ခန့်ကြာပြီး သော်လည်း ယခုအချိန် ထိဆောင်ရွက်နိုင်ခြင်းမရှိသေး၍ တိုင်းအစိုးရ၏ လျစ်လျူရှုမှုအပေါ် လွှတ်တော် ကိုယ်စားလှယ်ဦးကျော် က မေးခွန်းထုတ်ခဲ့သည်။

ပြည်သူ့ရင်ပြင်တွင် အမြင့် ပေ ၂၀ ရှိ အမျိုးသားခေါင်းဆောင်ကြီးဗိုလ် ချုပ်အောင်ဆန်း၏ရုပ်တုထားရှိရေး အတွက် လွန်ခဲ့သည့်နှစ်နှစ်ခန့် က တည်း ကပြောကြားခဲ့သော်လည်း ယခု အချိန်ထိ ထားရှိနိုင်ခြင်း မရှိသေးသော ကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ် စား လှယ် ဦးကျော်က ဧပြီ ၂ရက်တွင် ကျင်းပသည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့ တွင် မေးမြန်း ခဲ့ခြင်းဖြစ်သည်။

''အထင်ကရနေရာမှာ အမျိုး သားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်းရုပ် တု ကိုထားရှိဖို့အတွက် စတုတ္ထ အကြိမ်လွှတ်တော် ကနေ စပြီး မေး မြန်း ခဲ့တာ၊ တာဝန်ရှိသူတွေကလဲ ပြည် ထောင်စု အစိုးရအဖွဲ့ကို တင်ပြပြီး လုပ်ပေးမယ်လို့ပြောတာ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ဆဋ္ဌမအကြိမ် လွှတ်တော်နဲ့ အဋ္ဌမအကြိမ်လွှတ် တော်တွေမှာလဲထပ်မေးခဲ့ပေမယ့် အလား တူပဲပြန်ဖြေခဲ့ပါတယ်။ ဒီနှစ် ဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့နှစ် ၁၀၀ ပြည့် လဲဖြစ်ပါတယ်။ ဒီမတိုင်ခင် နှစ်နှစ် လောက်ကတည်းက ဗိုလ်ချုပ် ကို လေး စားသော အားဖြင့် အထင်ကရနေရာ မှာ ရုပ်တုလုပ်ဖို့ အတွက် အဆိုတင် သွင်းခဲ့တယ်။ နှစ် ၁၀ဝပြည့်အတွက် နိုင်ငံတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ပေမယ့်လဲ ကျွန်တော်တင် သွင်းခဲ့တာ အခုထိ အကောင်အထည် မပေါ်သေးတာ ဝမ်းနည်းစွာ တွေ့ရ ပါတယ်''ဟု တင်ပြခဲ့သည်။

ထို့ကြောင့် ယင်းနှင့်ပတ်သက် ၍ ပြည်သူ့ရင်ပြင်၌ အမျိုး သား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ၏ ရုပ်တုထား ရှိရေးပြည်ထောင် စုအစိုးရအဖွဲ့၏သဘောထားအ ဘယ်ကြောင့်ကြန့် ကြာနေ သနည်း ၊ ပြည်သူ့ရင်ပြင်တွင် ပုဂ္ဂလိကလုပ် ငန်းရှင်များ၏ စီးပွားရေး အဆောက် အအုံများတစ်ခုပြီးတစ်ခု ပေါ်ထွန်း လာသော်လည်း အမျိုး သားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုထားရှိရေး ကိုမူ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က လျစ်လျူ ရှုထားသနည်း။ သို့မဟုတ်ပါ က ကျန် ရှိသောသက်တမ်းကာလအတွင်း ဆက်လက်ဆောင်ရွက်သွားရန် အစီ အစဉ်ရှိ၊ မရှိ သိရှိလိုကြောင်းမေးခွန်း သုံးခု မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး မြို့တော်ဝန်ဦးလှ မြင့်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့နယ် ပြည်သူ့ရင်ပြင်တွင် အမြင့် ပေ ၂ဝရှိ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်တုထား ရှိရေး နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၁၃-၉၊-၂၀၁၃ ရက်စွဲပါစာ အမှတ်(၁/၂) ပြည်ထောင်စု အစိုးရအဖွဲ့ ၊ နေပြည် တော် သို့တင်ပြထားပါကြောင်း ပြန် လည်ဖြေကြားခဲ့သည်။

SYMZ
‎Democracytoday‬

No comments:

Post a Comment