Friday 3 April 2015

တိကရစ်မြို့ သိမ်းတိုက်ပွဲ အီရတ် တပ်ဖွဲ့များ အောင်ပွဲခံ

အီရတ်နိုင်ငံ တိကရစ်မြို့ကို ထိန်းချုပ်ထားသော IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ကာ အောင်ပွဲ အကြီးအကျယ်ခံ နိုင်ခဲ့ပြီ ဖြစ်ကြောင်း အီရတ် အစိုးရက ကြေညာ ထားသည်။ အီရတ် အစိုးရတပ် များသည် တိကရစ်မြို့တွင်းရှိ နောက်ဆုံး လက်ကျန် IS အဖွဲ့ဝင်များကို အပြီးသတ် တိုက်ပွဲ ဆင်နွဲနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟိုင်ဒါအယ်လ်-အဘာဒီသည် မြို့တွင်းတွင် အီရတ် နိုင်ငံတော် အလံကို လွှင့်ထူ လိုက်ပြီ ဖြစ်သည်။အီရတ် အစိုးရသည် တိကရစ်မြို့ကို သိမ်းပိုက်နိုင်ရေး အတွက် တစ်လကြာ ကြိုးပမ်းခဲ့ရသည်။ တိကရစ်မြို့ သိမ်းပိုက် နိုင်ရေး အီရတ် တပ်ဖွဲ့ဝင် များ၏ ထိုးစစ်ဆင်မှုသည် ခေတ္တခန့် ရပ်ဆိုင်းသွားခဲ့ သော်လည်း လွန်ခဲ့သော အပတ်တွင်မူ အမေရိကန် ဦးဆောင်သော မဟာမိတ်များ၏ လေကြောင်းမှ ထိုးစစ်ကြောင့် တိုက်စစ်ကို ပြန်လည် စတင်နိုင် ခဲ့သည်။

အီရတ် ဒုတိယမြို့ မိုဆယ်အား IS လက်ထဲမှ ပြန်သိမ်းပိုက်နိုင်ရေး အတွက် တိကရစ်မြို့ အောင်ပွဲသည် အဓိက အခန်းကဏ္ဍမှ ပါဝင် နေကြောင်း ဗုဒ္ဓဟူးနေ့တွင် ၀န်ကြီးချုပ် အဘာဒီ၊ စစ်တပ်နှင့် ရဲအရာရှိကြီးများ၊ ရှီယိုက်ပြည်သူ့စစ် ခေါင်းဆောင်များနှင့် ဆာလာဟက်ဒင် ခရိုင် အုပ်ချုပ်ရေးမှူးတို့ မြို့တွင်း လမ်းလျှောက် နေပုံကို နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည်။
တိကရစ်မြို့သည် ကွယ်လွန်သူ အာဏာ ရှင်ဟောင်းဆက်ဒမ် ဟူစိန်၏ မွေးရပ် ဖြစ်သည်။ မြို့တော် ဘဂ္ဂဒတ်မှ (၁၄၀) ကီလိုမီတာ(မိုင် ၉၀) အကွာတွင် တည်ရှိသည်။ ၄င်းမြို့အား IS က ယမန်နှစ် ဇွန်တွင် သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။  တိကရစ်မြို့သိမ်း တိုက်ပွဲကို မတ် (၂) တွင် စတင်ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး တပ်သား (၃၀၀၀၀) ပါဝင် တိုက်ပွဲဝင်ခဲ့သည်။ အမေရိကန် ဦးဆောင်သော မဟာမိတ်များက လေကြောင်းမှ ထိုးစစ် မပြုလုပ်မီ အထိ IS သည် ထိုးစစ်ဆင်မှုကို ခုခံကာကွယ်နိုင်ခဲ့သည်။
Source:BBC

No comments:

Post a Comment