Friday 3 April 2015

စစ်လေယာဉ်ဗုံးကျ၍ လူသေဆုံးမှု တရုတ်ကို မြန်မာအစိုးရ တောင်းပန်

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သော နိုင်ငံ ခြားရေးပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီတို့ ဧပြီ ၂ ရက်တွင် လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − ဆင်ဟွာ)
တရုတ်နိုင်ငံပိုင်နက်အတွင်းသို့ စစ်လေယာဉ်မှဗုံးကျခဲ့ပြီး လူငါးဦး သေဆုံးခဲ့ရခြင်းအပေါ် မြန်မာအစိုးရက တောင်းပန်ပြီး တာဝန်ရှိ ကြောင်း လက်ခံလိုက်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ကြား သည်။

‘‘မြန်မာအစိုးရနဲ့ တပ်မတော်ကိုယ်စား ကျွန်တော် တရုတ်အစိုး ရကို တရားဝင် တောင်းပန်ပါတယ်။ သေဆုံး၊ ဒဏ်ရာရခဲ့သူတွေရဲ့ မိသားစုဝင်တွေကိုလည်း အလွန်ဝမ်းနည်းကြေကွဲရတဲ့အကြောင်း ပြော ကြားလိုပါတယ်’’ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

မြန်မာအစိုးရတပ်ဖွဲ့များနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA) ခေါ် ဖုန်ကြားရှင် ၏ ကိုးကန့်အဖွဲ့ကြားတိုက်ပွဲများ ဖြစ်ပွားစဉ် မတ်လ ၁၃ ရက်က မြန်မာတိုက်လေယာဉ်ဗုံးကျ၍ တရုတ် နိုင်ငံသားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။ ဗုံးကြဲမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာသမ္မတ ဦးသိန်းစိန်၏ အထူးသံကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တရုတ်နိုင်ငံသို့ သွား ရောက်ခဲ့ခြင်း ဖြစ်သည်။ 

ယင်းဖြစ်ရပ်ကို ပူးတွဲစုံစမ်း စစ်ဆေးရန်အတွက် ဆုံးဖြတ်ချက် ကို လက်ခံပါကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။

‘‘သေဆုံးသူတွေနဲ့ ဒဏ်ရာရ သူတွေအတွက် နစ်နာကြေးပေးဖို့ နဲ့ သင့်လျော်တဲ့ အစီအစဉ်တွေ လုပ်ဖို့အတွက် တရုတ်နိုင်ငံနဲ့ ဆက်သွယ်ဆောင်ရွက်သွားလိုပါ တယ်’’ဟု ၎င်းကပြောသည်။ 

‘‘ဖြစ်ပျက်ခဲ့တဲ့အပေါ် တာ ၀န်ရှိသူတွေကို ဖော်ထုတ်ပြီး ဥပ ဒေအရ အရေးယူအပြစ်ပေးမှာ ဖြစ်ပါတယ်။ နောက်နောင်အ လားတူဖြစ်ရပ်မျိုး မဖြစ်အောင် လည်း ကြပ်ကြပ်မတ်မတ်စီမံ သွားပါမယ်’’

တရုတ်နိုင်ငံ အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်သော သေဆုံးမှုများကြောင့် တရုတ် အစိုးရကို ဒေါသထွက်စေခဲ့ပြီး ယင်းကဲ့သို့ ထပ်မံဖြစ်ပျက်လာပါက ပြတ်ပြတ်သားသားတုံ့ပြန်သွား မည်ဟု သတိ ပေးချက် ထွက်ပေါ် စေခဲ့သည်။ အစိုးရတပ်နှင့် ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်ခဲ့၍ တရုတ် နိုင်ငံတွင်းသို့ ဒုက္ခသည်ပေါင်း ထောင်နှင့်ချီ၍ ထွက်ပြေးခဲ့သည်။

အဆိုပါဗုံးကျမှုကို လေ့လာ ကြည့်ရှုရန် ဖွဲ့စည်းခဲ့သော ပူး ပေါင်းအဖွဲ့က မည်သို့ဖြစ်ပျက်ခဲ့ သည်ကို ရှင်းလင်း သေချာစွာ ဖော်ပြခဲ့သည်ဟု မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီကပြောကြားခဲ့ ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက ပြောကြား သည်။

စုံစမ်းစစ်ဆေးမှု၏ ရလဒ် များကို ဦးဝဏ္ဏမောင်လွင်က လက်ခံခဲ့ပြီး တောင်းပန်စကား ပြော ကြားကာ လျော်ကြေးပေးရန် ကမ်းလှမ်းခဲ့သည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ စုံစမ်းစစ်ဆေးမှုတွင် မြန်မာလေယာဉ်မှ ဗုံးများကြောင့် တရုတ်နိုင်ငံသားများ သေဆုံးခဲ့သည်ဟု ဖော်ပြထားကြောင်း သိရသည်။

‘‘တာဝန်ရှိတဲ့ သူတွေကို ဥပဒေနဲ့ အညီ အပြစ်ပေးဖို့ မြန်မာဘက်က လုပ်ဆောင်ပါလိမ့်မယ်။ အဲဒီလို အဖြစ်အပျက်မျိုးထပ်မံ ဖြစ်ပေါ်ခြင်း ရှောင်ရှားရန် ထိန်းချုပ်မှုတွေ ခိုင်မာအောင်လည်း လုပ်ဆောင် သွားပါလိမ့်မယ်’’ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် မိုင် ပေါင်း ၁၂၅၀ ရှည်လျားသော နယ်စပ်တစ်လျှောက် တည်ငြိမ်မှု ရှိစေရန် တရုတ်နိုင်ငံနှင့် ပူးတွဲလုပ်ဆောင်သွားလိမ့်မည်ဟု ထုတ်ပြန်ချက်က ဖော်ပြသည်။ တရုတ် - မြန်မာ နယ်စပ် ဒေသအများစုမှာ ဝေးလံပြီး သွား ရောက်ရန် ခက်ခဲသည်။

MNDAA မှာ (ကိုးကန့်) တရုတ်တိုင်းရင်းသားဖုန်ကြားရှင် ဦးဆောင်သောအဖွဲ့ဖြစ်ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ အကြွင်းအကျန်များဖြင့် ဖွဲ့စည်းထားသည်။ ဗမာပြည် ကွန်မြူနစ်ပါတီမှာ ၁၉၈၉ ပြိုကွဲသွားအချိန်အထိ မြန်မာအစိုးရကို တိုက်ပွဲဝင်ခဲ့သောအဖွဲ့ဖြစ်သည်။ 

ယင်းအုပ်စုမှာ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီခဲ့ပြီး ယင်းမှ ၂၀၀၉ အထိ ကြာ မြင့်ခဲ့သည်။ ထို့နောက်ပိုင်းအစိုးရ တပ်ဖွဲ့များက ၎င်းတို့၏ ဒေသကို လွှဲပြောင်းတာဝန်ယူခဲ့ပြီး အဆိုပါ ပဋိပက္ခအတွင်း ဒုက္ခသည်ထောင် ပေါင်းများစွာ တရုတ်နိုင်ငံ ယူနန် ပြည်နယ်သို့ ရောက်ရှိသွားစေခဲ့သည်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကျယ်ပြန့်သော ဆက်ဆံရေးပူးပေါင်းမှုဖွံ့ဖြိုးစေရန်နှင့် နယ်စပ် တည် ငြိမ်ရေး ထိန်းသိမ်းထားနိုင်ရေးဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးက သဘောတူညီခဲ့ကြသည်။

—Ref: ဆင်ဟွာ၊ ရိုက်တာ
7Day Daily

No comments:

Post a Comment