Friday 3 April 2015

အထွေထွေ ကာရိုက်တာ စုံချင်တဲ့ စံရတီမိုးမြင့်

ပရိသတ် လက်ခံမှု ရရှိထားသော သရုပ်ဆောင် တစ်ဦး ဖြစ်သည့် စံရတီမိုးမြင့်က သရုပ်ဆောင်မှု အပေါ်တွင် လုပ်နေကျမဟုတ်သည့် ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်ကြောင်း ပြောသည်။  ညီမကတော့ ကိုယ့်ကိုယ် ကိုယ်ကာ ရိုက်တာ မစုံသေးဘူးလို့ ခံစားရတယ်။ 
သရုပ်ဆောင်ဖူးခဲ့တဲ့ ကာရိုက်တာ တွေထဲမှာတော့ ကျေနပ်ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်ကြီးတွေ ကတော့ သူ့အကြိုက် နဲ့ သူကြိုက်ကြတာ တွေရှိပါတယ်။ ပရိသတ်ကြီး တွေက ဒရာမာ ကြိုက်တယ်။ အချစ်ဖန်စီကား ကြိုက် တယ်။

ဟာသ ကြိုက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ ဒါပေမဲ့လည်း ညီမကတော့ ပရိသတ်ကြီးတွေ အတွက် ကာရိုက်တာ ပုံစံချင်း အကြိုက် မတူတဲ့ အတွက်၊ ညီမကတော့ မျှအောင် ရိုက်ပေးတယ်။ ညီမ ကတော့ ကာရိုက်တာ အစုံ ရိုက်ချင်တယ်။ လုပ်နေကျ မဟုတ်တဲ့ ပုံစံမျိုးကို ပိုပြီးတော့ လုပ်ကြည့် ချင်တယ်။ ညီမမှာ အဲဒီလို လုပ်ချင် စိတ်အမြဲရှိပါတယ်။ ညီမ အနေနဲ့ ပရိသတ်ကြီးတွေ အတွက် မတူညီတဲ့ ပုံစံမျိုး ပြောရမယ် ဆိုရင် ကာရိုက်တာကို စုံအောင် ရိုက်ပြီးပရိသတ်ကြီးကို ချပြသွားချင် ပါတယ် ဟု သရုပ်ဆောင် စံရတီမိုးမြင့်က ပြောသည်။ စံရတီမိုးမြင့်သည် ဧပြီလအတွင်း ဇာတ်ကား ရိုက်ကူးရန်ရှိတဲ့ အတွက် သင်္ကြန်တွင် ရန်ကုန်တွင် ရှိမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment