Friday 3 April 2015

နစ်မြုပ် ရုရှားငါးဖမ်းသင်္ဘောတွင် မြန်မာ ၄၂ ယောက် ပါ

ယမန်နေ့ ဧပြီလ ၂ ရက် ကြာသပတေးနေ့ အစောပိုင်း ရုရှနိုင်ငံအရှေ့ ဘက်ကမ်းရိုး ပင်လယ်အတွင်း နစ်မြုပ် သွားသော ရုရှငါးဖမ်းသင်္ဘော ပေါ် တွင် မြန်မာ ၄၂ ယောက်ပါဝင်ကြောင်း အေပီသတင်းက ဆိုသည်။ 

သင်္ဘောသား ၁၃၂ ယောက်တွင် ရုရှ ၇၈ ဦး၊ မြန်မာ ၄၂ ဦးနှင့် ကျန်သူများ မှာ လတ်ဗီးယားမှဟု သိရ သည်။ ၆၃ ဦးကို ကယ်တင်ထားပြီး ၅၄ လောင်းကို ဆယ်ယူထားကြောင်း၊ ၁၅ ဦး ပျောက်ဆုံးဆဲဟု သတင်း က ဆိုသော်လည်း မည်သူမည်ဝါဟု မသိရှိရသေးပါ။ သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းကို တရားဝင် မထုတ်ပြန်သေးသော်လည်း အခင်းဖြစ်ရာ Okhotsk ပင်လယ်တွင် မျောနေသော ရေခဲတုံးတတုံးနှင့် တိုက်မိ ဖွယ်ရှိကြောင်း ကနဦး သုံးသပ် နေကြသည်။

ဧရာဝတီ  

No comments:

Post a Comment