Friday 3 April 2015

စာရေးဆရာထင်လင်းဦး အမှု (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

စာရေးဆရာထင်လင်းဦးအား ရုံးထုတ်စစ်ဆေးနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
ချောင်းဦးမြို့နယ် ဟော ပြောပွဲတစ်ခုတွင် ဘာသာသာ သနာစော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံရ သော စာရေးဆရာထင်လင်းဦး အား ချောင်းဦးမြို့နယ် တရားရုံး၌ ဧပြီ ၂ ရက်က (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

‘‘ဒီနေ့ စွပ်စွဲခံရသူ စာရေး ဆရာထင်လင်းဦးကို အပြီးသတ် စစ်ဆေးပြီးပါပြီ။ စာရေးဆရာ ထင်လင်းဦး အနေနဲ့လည်း ထုချေ ထွက်ဆိုတာပါ။ နောက်ထပ်ရုံး ချိန်းကိုတော့ ဧပြီ ၈ ရက် ထပ်မံ ချိန်းဆိုထားပါတယ်’’ဟု ချောင်း ဦးမြို့နယ် တရားသူကြီး ဦးလင်း မင်းထွန်းက ပြောကြားသည်။ စာရေးဆရာ ထင်လင်းဦး ကို ဧပြီ ၂ ရက် နံနက် ၁၀ နာရီခွဲ ခန့်မှ မွန်းလွဲ ၁ နာရီခွဲအထိ ချောင်းဦးမြို့နယ်တရားရုံးတွင် စစ်ဆေး ခဲ့ခြင်းဖြစ်သည်။ 

‘‘ဒီဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖိတ်ကြားတာမဟုတ်သလို အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ် စားပြု ဟောပြောခဲ့တာလည်း မဟုတ်ပါဘူး။ စာရေးဆရာတစ် ယောက်အနေနဲ့ ကိုယ်ပိုင် အယူအဆတွေ ဟောပြောခဲ့တာပါ။ ငယ်ငယ်ကတည်းက ဗုဒ္ဓစာပေတွေကိုလေ့လာခဲ့ပြီး မဟာဗုဒ္ဓဝင်၊ ဇိနတ္ထပကာသနီကျမ်း၊ အရှင်ဇနကာဘိဝံသရေးသားတဲ့ အနာဂတ် သာသနာရေးကျမ်းတွေကို အခြေပြုပြီး ထုတ်နုတ်ကိုးကား ဟောပြောခဲ့တာပါ’’ဟု စာရေးဆရာထင်လင်းဦးက အဆိုပါ ဟောပြောပွဲနှင့် ပတ်သက်၍ တရားရုံးတော်သို့ ထွက်ဆိုခဲ့သည်။

စာရေးဆရာ ထင်လင်းဦး အား သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)၊ အခြားသူများ ကိုးကွယ် ယုံကြည် ရာဘာသာကို ပုတ်ခတ်ပြောဆိုမှု ပုဒ်မ ၂၉၈ တို့ ဖြင့် ချောင်းဦးမြို့နယ် တရားရုံးမှ မတ်လ ၁၇ ရက်တွင် စွဲချက်တင် ခဲ့ခြင်းဖြစ်သည်။ ချောင်းဦးမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးမှူးဦးဦးထွန်းခိုင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ချောင်းဦးမြို့နယ် တရားရုံး တွင် ၂၀၁၄ ဒီဇင်ဘာ ၁၇ ရက်က တရားသူကြီး ဦးဆန်းတင့် ခုံရုံး တွင် ပြစ်မှုကြီးအမှတ် ၃၄၆/ ၂၀၁၄ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ယခုနှစ် မတ်လ ၂၄ ရက်တွင် ချောင်းဦးမြို့နယ် တရားသူကြီး ဦးလင်းမင်းထွန်းခုံရုံး၌ ပြောင်းလဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

လာမည့် ဧပြီ ၈ ရက်တွင် စာရေးဆရာ ထင်လင်းဦးဘက်မှ သက်သေများအဖြစ် မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ် မြဝတီ ကျောင်းတိုက်ဆရာတော် ဦးအရိ ယဝံသ၊ သန်လျင်မြို့မှ ဦးတင် မောင်ဦး၊ မုံရွာမြို့နယ် မုံရွေးကျေး ရွာမှ ဦးဇော်ဘုန်းမြင့်တို့ လိုက်ပါ စစ်ဆေးခံမည် ဖြစ်ကြောင်း ချောင်းဦးမြို့နယ် တရားရုံးမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment