Friday 3 April 2015

အာဖရိကပြိုင်ပွဲ ဝင်ခွင့် ပိတ်ခံထားရခြင်းအပေါ် မော်ရိုကို၏ အယူခံအောင်မြင်

၂၀၁၇ နှင့် ၂၀၁၉ အာဖရိက ဖလားပြိုင်ပွဲ ပိတ်ပင်ခံထားရခြင်းအပေါ် မော်ရိုကိုအသင်းက အယူခံဝင်ခဲ့ရာ အောင်မြင်သွားခဲ့သည်။ ၂၀၁၅ အာဖရိက ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပရန် ပျက်ကွက်ခဲ့သည့် မော်ရိုကိုအသင်းအပေါ် အာဖရိက ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်ချ ထားခြင်းကိုအားကစားခုံရုံးက ပယ်ဖျက် ပေးလိုက်ခြင်းဖြစ်သည်။

မော်ရိုကိုဘောလုံးအဖွဲ့ချုပ်မှ ပေးဆောင်ရမည့် ဒဏ်ငွေကန်ဒေါ်လာ တစ်သန်းမှာလည်း ဒေါ်လာ ငါးသောင်း သို့ လျှော့ချခံခဲ့ရသည်။ သို့ သော်လည်း အာဖရိကဘောလုံးအဖွဲ့ချုပ်က ဆုံးရှုံးမှုများအတွက် မော်ရိုကို ဘောလုံး အဖွဲ့ချုပ်ထံလျော်ကြေး ယူရို ရှစ်သန်း တောင်းဆိုထား သည်။

၂၀၁၅ အာဖရိကဖလားပြိုင်ပွဲကျင်းပရန် နှစ်လသာလိုအပ်ချိန်မှ မော်ရိုကိုနိုင်ငံကလက်ခံကျင်းပ နိုင်ခြင်း မရှိ၍ အီကွေတိုရီယယ်ဂူနီအာ သို့ ပြောင်းရွှေ့ကျင်းပခဲ့ရခြင်းကြောင့် ဆုံးရှုံးမှုများရှိခဲ့သည်ဟု အာဖရိက ဘောလုံး အဖွဲ့ချုပ်က အခိုင်အမာဆိုခဲ့သည်။

မော်ရိုကိုသည် အီဘိုလာခြိမ်းခြောက်မှုကြောင့် အာဖရိကဖလားပြိုင်ပွဲကို အချိန်ရွှေ့ကျင်းပရန် တောင်းဆိုခဲ့ သော်လည်း အာဖရိကဘောလုံး အဖွဲ့ချုပ်က ပယ်ချခဲ့ပြီး အိမ်ရှင်နိုင်ငံပြောင်းကာ သတ်မှတ်ရက်အတိုင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။

အယူခံအောင်မြင်ခဲ့ပြီးနောက် မော်ရိုကိုဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ နွာရက်ဒိုင်းက "အာဖရိကအဖွဲ့ချုပ်နဲ့ အငြင်းပွားနေမှုက အဆုံးသတ်ခဲ့ပါပြီ။ အားကစားခုံရုံးက အကောင်းဆုံး ဆုံးဖြတ်ပေးခဲ့တာပါ။ အခု ဆိုရင်တော့ အလုပ်တွေကိုပုံမှန်အတိုင်း လုပ်လို့ရပြီဖြစ်လို့ လေ့ကျင့်ရေးအစီအစဉ် တွေစဖို့ နည်းပြဇာကီနဲ့ ဆွေးနွေးသွားမှာပါ" ဟု ပြောသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment