Saturday 14 March 2015

ကျောင်းသားသမဂ္ဂအဖွဲ့များက သင်ရိုးညွှန်တမ်းရေးဆွဲလိုမှု၊ ကျောင်းအုပ် ချုပ် ရေး ပါဝင်မှုကို နိုင်ငံရေးပါတီ အချို့ ကန့်ကွက်

ပညာရေးဥပဒေကြမ်းတွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းထူထောင်ခွင့်ကို ထည့်သွင်းပေးရန် လိုအပ်သော် လည်း ကျောင်း အုပ်ချူပ်ရေး၊ ဆရာဆရာမများကို စောင့်ကြည့်ရေး၊ သင်းရိုးညွှန်တမ်းများရေးဆွဲရာတွင် ပါဝင်ရေး စသည့် အချက်များကိုမူ ကန့်ကွက်လိုသည်ဟု အမျိုးသားလွှတ်တော် ကြားနာပွဲတွင် ပါတီ အချို့က ပြောဆိုလိုက်သည်။

“ကျောင်းသားသမဂ္ဂများကို ကျောင်းသူကျောင်းသားများကိုယ်တိုင် လွတ်လပ်စွာဖွဲ့စည်းထူထောင် လှုပ်ရှား ခွင့် ရှိရမည်ဆိုသည့်ပြဋ္ဌာန်းချက်ကို ဗမာပြည်သူ့ပါတီအနေနဲ့ လေးလေးနက်နက် ထောက်ခံအပ်ပါတယ်” ဟု ဗမာပြည်သူ့ပါတီ ဦးအောင်သန်းတင်က  ဆွေးနွေးသည်။

အခြေခံကျောင်းမှစပြီး အဆင့်မြင့် ပညာကျောင်းများအထိ ကျောင်းသားသမဂ္ဂရှိရမည်ဖြစ်ပြီး ကျောင်းသား သမဂ္ဂများက ကျောင်းသားများနဲ့ အာဏာပိုင်တွေအကြား အဆင်ပြေအောင် ဆောင်ရွက်ပေးမှုများသည် နောင် တစ်ချိန်အစိုးရအဖြစ်ဖြင့် နိုင်ငံနှင့် နိုင်ငံသားများအကြား ဆောင်ရွက်နိုင်သည့် လူငယ်များဖြစ်ဖို့ ရည်ရွယ်သည်ဟု ဆွေးနွေးကြသည်။

“ကျောင်းသားသမဂ္ဂများက အုပ်ချုပ်ရေးတွင်ပါဝင်မှု၊ သင်ရိုးညွှန်းတမ်းရေးဆွဲမှု၊ ဆရာဆရာမများ ခန့်အပ် တာဝန်ပေးမှု၊ အရည်အချင်း စိစစ်အကဲဖြတ်မှု လုပ်ငန်းများတွင် တာဝန်ယူစေမှု တင်ပြချက်များသည် ဆီလျော်သင့်မြတ်မှု မရှိပါဘူး” ဟု တိုင်းရင်းသား စည်လုံးညီညွှတ်ရေးပါတီမှ ဦးသိန်းထွန်းက ဆွေးနွေး သည်။

ထို့အပြင် နိုင်ငံရေးသို့ ပါတီများအနေဖြင့် ပညာရေးဥပဒေကြမ်းတွင် ပါဝင်သည့် ဆရာ၊ ဆရာများအနေဖြင့် နှစ်သက်သည့်ပါတီသို့ ၀င်ရောက်ခွင့်ရှိရေးဆိုသည့်အချက်ကိုလည်း ကန့်ကွက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံနှင့် ကိုက်ညီမှုမရှိသည့်အပြင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေနှင့်လည်း မကိုက်ညီဟု ဆွေးနွေးကြသည်။

ထို့အပြင် ကျောင်းဆရာ ဆရာမများအနေဖြင့် မိမိကြိုတ်နှစ်သက်သည့် မြို့နယ်နေရာဒေသများ လွတ်လပ် စွာ လျှောက်ထားခွင့်ရှိသည်ဆိုသည့် အချက်အား လျှောက်ထားခွင့်ကို ထောက်ခံသော်လည်း ၀န်းထမ်းများ က မြို့ပေါ်များတွင်သာ တာဝန်ထမ်းဆောင်လိုပြီး တောဒေသများသို့ သွားရောက်တာဝန် မထမ်းဆောင်ချင်သူများ ဖြစ်သည့်အတွက် သေချာထည့်သွင်းရန် လိုအပ်သည်ဟု ဆွေးနွေးကြသည်။

မိခင်ဘာသာစကားထည့်သွင်းရန် ပြဋ္ဌာန်းချက်နှင့် ပတ်သက်ပြီး မိခင်ဘာသာစကားအစား တိုင်းရင်းသား ဘာသာစကားအဖြစ် ပြောင်လဲထည့်သွင်းရန် အကြံပြုဆွေးနွေးကြသည်။ အမျိုးသားပညာရေးဥပဒေကြမ်း ပြင် ဆင်ရန် အမျိုးသားလွှတ်တော်တွင် ကြားနာပွဲတွင် နိုင်ငံရေးပါတီ ၁၁ ခု၏ ဆွေးနွေးအကြံပြုချက်များကို ကြား နာခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment