Saturday 14 March 2015

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများ အာဆီယံနိုင်ငံများထဲတွင် ဖွံ့ဖြိုးတိုးတက်မှုအနှေးဆုံးဖြစ်နေ

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများ အာဆီယံနိုင်ငံများထဲတွင် လှုပ်ရှားမှုနဲ့ ဖွံ့ဖြိုးမှုတိုးတက်မှု အပိုင်းများမှာ နှေးကွေးနေဆဲဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်း က မတ်လ ၁၄ရက်က ရန်ကုန်မြို့ Park Royalဟိုတယ်တွင် ပြုလုပ်ခဲ့သည့် လန်ဒန်မြို့ အခြေစိုက် ကေအမ် ဒတ်(စ)တာ ပုဂ္ဂလိကအာမခံကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲ ဖွင့်လှစ်ခြင်းဆိုင်ရာ အခမ်းအနား တွင် ပြောဆိုခဲ့သည်။

“ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီ့နိုင်ငံရဲ့ အာမခံစနစ်ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ မူတည်နေပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒါဟာတစ်ကမ္ဘာလုံးရဲ့ တစ်ခုတည်းသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်တဲ့ စနစ်ဖြစ်နေလို့ပါပဲ၊ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ဒီပုဂ္ဂလိကလုပ်ငန်းတွေ ပျက်ဆီးရှုံးမှုတွေ ရှိလာရင် အာမခံစနစ်ကပဲ ဒီဆုံးရှုံး ပျက်ဆီးမှုတွေကို အကာအကွယ် ပေးနိုင်တာဖြစ်လို့ပါ၊ ရိုးရိုးသားသားပြောရရင် အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ပုဂ္ဂလိကအာမခံလုပ်ငန်းတွေဟာ လှုပ်ရှား မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေမှာ နှေးကွေးနေဆဲဖြစ်ပါတယ် ”ဟု ဒု-ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအာမခံလုပ်ငန်းများကို အစိုးရသစ်လက်ထက်တွင် စတင်လုပ်ကိုင်ခွင့် ပြုလုပ် ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းပေါင်း ၁၂ခုအထိ လုပ်ကိုင်လျက် ရှိသည်။ ပြည်ပပုဂ္ဂလိကလုပ်ငန်းများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ ပူးပေါင်းပြီး ကိုယ်စားလှယ်ရုံးခွဲ များလည်း ဖွင့်လှစ်နေပြီဖြစ်ပါသည်။

Mizzima - News in Burmese

No comments:

Post a Comment