Saturday 14 March 2015

အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင်သည့် လက်ပတ်ဖြူ လှုပ်ရှားမှု စတင်

ဒီမိုကရေစီ ပညာရေး သပိတ်အား ထောက်ခံသည့် ကျောင်းသား များကို လက်ပတ် အနီများ ၀တ်ဆင်၍ အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်း အပေါ် ဆန့်ကျင် ရှုတ်ချသည့် အနေဖြင့် လက်ပတ်ဖြူ လှုပ်ရှားမှုကို ယမန်နေ့မှ စတင်ကာ ရန်ကုန်မြို့ရှိ မြို့နယ် အသီးသီးတွင် ပြုလုပ် ခဲ့သည်။ ကျွန်တော်တို့ ရင်ထဲက ဒီလက်ပတ်နီဝတ်တွေနဲ့ ဖြိုခွင်းခဲ့ တာကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ စတင် လုပ်ဆောင် တာပါ။ ငြိမ်းချမ်းစွာနဲ့ ဆန္ဒ ထုတ်ဖော်တဲ့ သဘောပါ ဟု ဦးဆောင်သူ ကိုဆောင်းခက ပြောသည်။


အဆိုပါ လက်ပတ် အဖြူ လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ ဘတ်စ်ကား မှတ်တိုင်များ၊ သင်္ဘောဆိပ်များ၊ ဘူတာရုံ များတွင် ဖြန့်ဝေကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းလှုပ်ရှားမှုကို ရန်ကုန်မြို့နယ် အတွင်း အဖွဲ့ (၁၀) ဖွဲ့ခွဲကာ တစ်ဖွဲ့လျှင် ငါးယောက်နှုန်းဖြင့် လုပ်ဆောင်လျက် ရှိကြောင်း၊ တစ်နေ့လျှင် လက်ပတ်ဖြူ အရေအတွက် (၂၅၀၀) ခု ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ ဆန္ဒပြတဲ့ နည်းက ဒီလို နည်းနဲ့ ဆန္ဒပြလို့ ရတယ် ဆိုတာကို သိစေချင် ပါတယ်။ ဒါဆိုရင် အကြမ်းဖက် ဖြိုခွင်းခံစရာလည်း မလိုတော့ ဘူးပေါ့ ဟု ကိုဆောင်းခက ပြောသည်။

ယင်းကဲ့သို့ လက်ပတ်အဖြူဝတ် လှုပ်ရှားမှုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသားသပိတ်အား အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းကို ရှုတ်ချသည့် အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လက်ပတ် အဖြူတွင် We are student Respect our Rights စာတန်းပါ ရှိပြီး၊ ယမန်နေ့မှ စတင်ကာ မတ်လ (၂၀) ရက်နေ့ အထိ တစ်ပတ်တာ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment