Saturday 14 March 2015

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်း (၃) ခုအား အချက်အလက်များ ကောက်ယူ

ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် ထားသည့် သရေခတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသည့် ပျူမြို့ဟောင်း သုံးခုရှိ အချက်အလက် များကို ကောက်ယူ လျက်ရှိကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ထံမှ သိရသည်။ ၎င်းပျူသုံးမြို့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့တွင် ကမ္ဘာ့ အမွေအနှစ်ဝင် ခဲ့ခြင်း ဖြစ်သော်လည်း အချက်အလက်များ ပြည့်စုံခြင်း မရှိသည့် အတွက် ထပ်မံ ကောက်ယူခြင်း ဖြစ်သည်။

စာရင်းဝင်သွား ပေမယ့် မပြည့်စုံဘူး။ ပေးထား ကတည်းက ခြွင်းချက်နဲ့ ပေးထားတာ။ ကျွန်တော်တို့ နိုင်ငံက မရှိသေးဘူး ဆိုတော့ ကျွန်တော်တို့ က လိုချင်တယ်။ လိုတဲ့ အချက်အလက်တွေကို တစ်နှစ် အတွင်း လုပ်ပေးရမယ် ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ကောက်ယူလျက် ရှိသည့် အချက်အလက် များကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ အမီပေးပို့သွား ရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ဆိုသည်။

အချက်အလက်ဆိုတဲ့ နေရာမှာ ဥပမာ ဒီဒေသ အတွင်းမှာရှိတဲ့ လူနေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ၊ အလုပ်အကိုင်တွေ စတာတွေကို ကောက်ယူ ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ အမွေအနှစ် စာရင်းပေးတဲ့ အခါမှာ ယဉ်ကျေးမှုနဲ့ ပတ်သက် လာရင် စံနှုန်း ခြောက်ချက်၊ သဘာဝ အမွေအနှစ်နဲ့ ဆိုရင် လေးချက် ရှိပါတယ်။ စံနှုန်း တစ်ခုနဲ့ ကိုက်ညီရင်ကို ရပါတယ်။ ပျူသုံးမြို့ ကတော့ ယဉ်ကျေးမှု စံနှုန်း သုံးချက်နဲ့ ကိုက်ညီခဲ့ ပါတယ်ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရန် ဆောင်ရွက် နေသော ပျူမြို့ ဟောင်းများ အဖြစ် ပဲခူး တိုင်းဒေသကြီး အတွင်း သရေခတ္တရာ၊ မကွေး တိုင်းဒေသကြီး အတွင်း ဗိဿနိုး၊ စစ်ကိုင်း တိုင်းဒေသကြီး အတွင်း ဟန်လင်းမြို့ဟောင်းများတည် ရှိသည်။

Messenger News Journal

No comments:

Post a Comment