Saturday 14 March 2015



















ကချင်ပြည်နယ်၊ မိုးကောင်းမြို့အတွင်းရှိ သံဂဟေလုပ်ငန်းရှင်များအား မတ်လ ၁၀ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံသွားကြောင်း ဒေသခံလုပ်ငန်းရှင် တစ်ဦးထံမှ သိရှိရသည်။

“သူတို့ဆိုင်ကို တစ်နေ့က ဆင့်ခေါ်စာလာပေးသွားတယ်လို့ကြားတယ်၊ ဆက်ကြေးငွေပဲနေမှာပါ၊ ဒီမှာက KIA အဖွဲ့တွေက အမာခံကနေတစ်ဆင့် ဆင့်ခေါ်စာပို့ခိုင်းတဲ့အလေ့အထတွေရှိတယ်”ဟု ဒေသခံပြည် သူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် မိုးကောင်းမြို့ပေါ်ရှိ ဒေသခံလုပ်ငန်းရှင်များနှင့် အဝေးပြေးကားဂိတ်များမှလည်း ဆက်ကြေးငွေများ အတင်းအကြပ်ကောက် ခံ လျက်ရှိကြောင်း ပရိဘောဂလုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။

“ဆင့်ခေါ်စာလာပို့တယ်လို့သိရတယ်၊ ထုံစံအတိုင်း ဆက်ကြေးပဲပေါ့ဗျာ၊ တစ်နှစ်စာ ၅၀၀၀၀ ပေးရမယ် ပြောတယ်၊ ဒီလိုပါပဲ နောက်လည်း ထပ်တောင်းတာပါပဲ၊ သူဌေးတော့ သွားပေးတယ်”ဟု သံဂဟေ အလုပ် သမားတစ်ဦးက ပြောသည်။

KIA အဖွဲ့အနေဖြင့် မိုးကောင်းမြို့ပေါ်ရှိ သံဂဟေလုပ်ငန်းရှင်များထံမှ တစ်ဦးလျှင် ၅၀၀၀၀ နှုန်း ဖြင့် ကောက်ခံလျက်ရှိပြီး အဝေးပြေးကားဂိတ် များမှလည်း ဆက်ကြေးငွေများ ကောက်ခံ ထားသောကြောင့် ဒေသခံ တိုင်းရင်းသားလုပ်ငန်းရှင်များမှာ စီးပွားရေးအကြပ်အတည်းများ ဖြစ်ပေါ်လျက်ရှိကြောင်း မိုးကောင်း မြို့ခံ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦး ကပြောကြား သွားသည်။

ဇော်မှိုင်း
Credit >>> Kachin Daily News

No comments:

Post a Comment