Saturday 14 March 2015

ခြောက်ပွင့်ဆိုင် အကြိုအဖြစ်ဒေါက်တာအေးမောင်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် များတွေ့မည်

ဖွဲ့စည်းပုံ အခြေခံ   ဥပဒေပြင်ဆင်ရေး   အတွက်ခြောက်ပွင့်  ဆိုင်တွေ့  ဆုံပွဲ အကြို အဖြစ် အမျိုးသား လွှတ်တော် ကိုယ်စား လှယ်ဒေါက် တာအေးမောင်နှင့် လွှတ်တော်တွင်း တိုင်းရင်းသား ကိုယ်စားလှယ်များ ယနေ့ညနေ ၆ နာရီ တွင်နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ တွင်တွေ့ဆုံ မည်ဖြစ်သည်။

ခြောက်ပွင့် ဆိုင်ဆွေးနွေး ပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံ ရထားရ  သူဒေါက်တာ အေးမောင်က ''ဟုတ်ပါတယ်၊  ကျွန်တော်တို့ ဒီနေ့ ညနေ ၆ နာရီမှာ စည်ပင်ရိပ်သာက အစည်းအဝေးခန်းမ မှာတွေ့ကြ ပါမယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့်ပြော ကြားသည်။

နေပြည်တော်စည်ပင် ဧည့်ရိပ်သာတွင်နိုင်ငံရေးဆွေးနွေးပွဲ များမပြုလုပ် ရန်နေပြည်တော်စည်ပင်က တားမြစ်ထားသော်လည်း ယင်းကိစ္စကို လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညှိနှိုင်းဖြေရှင်းပေးမည်ဟု ပြီးခဲ့သည့် ၂ရက်ကလွှတ်တော်တွင်းနိုင်ငံရေး ပါတီခေါင်းဆောင်များနှင့်တွေ့ ဆုံရာတွင်ပြောကြား ခဲ့သည်ဟုဒေါက် တာအေးမောင် ကပြောသည်။

ဒေါက်တာအေးမောင်က ''ခွင့်ပြုမယ် ထင်ပါတယ်၊ ဖုန်းတော့ဆက်မေးရဦးမယ်’’ ဟုဖြည့်စွက်ပြောသည်။ ပြီးခဲ့သည့် ၁၁ကြိမ်မြောက် လွှတ်တော် အစည်းအဝေး တွင်ပဲခူးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် ၁ဝမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အတွက် သမ္မတ၊ တပ်ချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးပါဝင် သည့်ခြောက်ပွင့် ဆိုင်တွေ့ဆုံ ပွဲပြုလုပ်ရန် အဆိုတင် သွင်းခဲ့ပြီး လွှတ်တော်တွင်း တိုင်းရင်း သား ပါတီများက ရခိုင်တိုင်းရင်းသားဖြစ် သူဒေါက်တာအေးမောင် အားရွေးချယ် ထားခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment