Saturday 14 March 2015

နဂါးဝင်စားသည်ဟု ဆိုသော ကလေးငယ် နှစ်ဦးအား မန်းပရဟိတ အဖွဲ့မှ အခမဲ့ ဆေးဝါး ကုသပေးမည်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အနောက်ဘက်ရှိ အလယ်ဘို ကျေးရွာတွင် နေထိုင်သော နဂါးဝင်စားသည်ဟု နာမည်ကြီး နေသည့်  ကလေးငယ် မောင်နှမ နှစ်ဦးအား မန်းပရဟိတ အဖွဲ့မှ အခမဲ့ဆေးဝါး ကုသပေးမည် ဖြစ်ကြောင်း ပန်းပျိုးသူများ အဖွဲ့ထံမှ သိရသည်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အနောက်ဘက်ရှိ အလယ်ဘို ကျေးရွာတွင် နေထိုင်သော မအိအိဖြိုး၊ (၁၅)နှစ်နှင့် မောင်ရှိုင်းဝဏ္ဏ၊ (၁၁) နှစ်တို့သည် အရေပြား ဆိုင်ရာ ရောဂါဟု ခန့်မှန်းရသော ရောဂါ ဖြစ်ပွားနေခြင်းအား အဆိုပါ ဒေသမှ ဒေသခံ များက နဂါးဝင်စားသည်ဟု ပြောဆိုနေကြ ရာ ပန်းပျိုးသူများ အဖွဲ့မှ မန္တလေးတွင် ဆေးဝါး ကုသပေးရန် အတွက် ခေါ်ဆောင်လာ ခဲ့ကြောင်း ပန်းပျိုးသူများ အဖွဲ့မှ  ကိုလူပျော် ထံမှ သိရသည်။

အွန်လိုင်းက တစ်ဆင့် တွေ့ခဲ့ရတာပါ ပဲ။ ဒီကလေးတွေကို အဲဒါနဲ့ သွားခေါ် ဖြစ်တာ။ ကလေးတွေက အပူဒဏ်ကို သိပ်မခံနိုင်ဘူး ဖြစ်နေတာ။ မန္တလေး မှာက အဲဒါပဲ နည်းနည်း ခက်မယ် ထင်တယ်။ ကျန်တာတော့ အဆင်ပြေ ပါတယ်။ ဆရာဝန်ကြီးတွေ စစ်ဆေးချက်ကတော့ ထွက်မလာသေးဘူး။ ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ ကတော့ ကုလို့ရတဲ့ အထိ ကုပေးမှာ။ ပိုက်ဆံ ဘယ်လောက် ကုန်ကုန်ပါ ဟု ကိုလူပျော်က ဆက်ပြောသည်။

အဆိုပါ မောင်နှမ နှစ်ဦးတွင် မွေးချင်း ခြောက်ယောက် ရှိပြီး ကျန်မောင်နှမ လေးယောက်မှာမူ ကျန်းမာရေး ကောင်းမွန်ပြီး သာမန်ပုံစံ အနေ အထားမျိုးပင် ဖြစ်ကြောင်း၊ ၎င်းတို့ မောင်နှမနှစ်ဦး ၌သာ တစ်ကိုယ်လုံး အရေပြားရောဂါ ပုံစံမျိုးများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ ကူညီခွင့် ရမယ် ဆိုတော့ ပျော်တာပေါ့။ သာမန်မဟုတ်တဲ့ ထူးခြားတဲ့ သူတို့တွေကို ကူညီခွင့်ရတာ ဆိုတော့ ပိုပျော်တာပေါ့။ ကျန်းမာရေးတင် မဟုတ်ပါဘူး။ သူတို့လေးတွေ ဆက်ပြီး အသက်မွေး ၀မ်းကျောင်းလုပ်ဖို့ အတွက်ပါ ကူညီပေးဖို့ စဉ်းစားထား တာတွေ ရှိပါတယ် ဟု ပန်းပျိုးသူများ အဖွဲ့မှ ကိုလူပျော်က ပြောသည်။ ယခုလ (၁၃) ရက်နေ့ နံနက် (၄း၀၀) နာရီခန့်တွင် အဆိုပါ ကလေးငယ် နှစ်ဦးအား မန္တလေး ပြည်သူ့ ဆေးရုံကြီး အတွင်းရှိ ကလေးဆေးရုံတွင် တင်ကာ ကုသ သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment