Saturday 14 March 2015

သင်္ကြန်ကာလနီးကပ်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေးများ တက်ရိပ်ပြနေ



သင်္ကြန်ကာလ နီးကပ်လာခြင်းတို့ကြောင့် ပြည် တွင်းစက်သုံးဆီ ဈေးနှုန်းများတစ် လီတာလျှင် ကျပ် ၂ဝ အထိ မြင့်တက် သွားကြောင်း မော်တော်ယာဉ်မောင်း သူများက ပြောသည်။
ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်း နေသော်လည်း ပြည်တွင်းစက်သုံး ဆီဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိ ဘဲ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းမ တည်ငြိမ်မှုနှင့်သင်္ကြန်ကာလနီးကပ် မှုတို့ကို အကြောင်းပြကာ စက်သုံးဆီ ဈေးနှုန်းများ ယခုမတ်လ ဒုတိယအ ပတ်မှစတင်ကာ မြင့်တက်လာကြောင်း ယင်းတို့က ဆိုသည်။

ကျောက်တံတားမြို့နယ်မှ တက္က စီအငှားယာဉ်မောင်း ဦးလှကျော် က''သင်္ကြန်နီးလာရင်တော့ စက်သုံး ဆီဈေးကအမြဲမြင့်တက်နေကြပဲ။ အခုကျတော့ သင်္ကြန်တောင်မရောက် သေးဘူး။ တစ်လီတာကို ကျပ် ၂ဝ မြင့်သွားပြီ။ စက်သုံးဆီဆိုင်တွေက တော့ အကြောင်းအမျိုးမျိုးပြပြီးတော့ ဈေးတက်နေတာပဲ။ ပြန်ကိုမကျတော့ ဘူး''ဟု ဆိုသည်။

မတ် ၁ရက်က အောက်တိန်း (92 Ron) တစ်လီတာလျှင် ၅၈ဝ ကျပ်၊ မတ် ၇ရက်က အောက်တိန်း (92 Ron) တစ်လီတာလျှင် ၆ဝဝ ကျပ်၊ မတ် ၁၂ရက်တွင် အောက်တိန်း (92 Ron)တစ်လီတာလျှင် ၆၂ဝ ကျပ်သို့ အသီးသီးမြင့်တက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်မှ အငှား ယာဉ်မောင်းဦးလင်းမောင်က ''စက် သုံးဆီဈေးနှုန်းကတော့ တက်လာ တယ်။ ဘာကြောင့်တက်တာလဲ မသိ ဘူး။ အရင်တုန်းကလဲ သင်္ကြန်နီးရင် ဒီလိုဈေးတက်တာမျိုးတွေရှိတယ်။ ဆီဈေးတက်တော့ တွက်ခြေမကိုက် ဘူးပေါ့ဗျာ''ဟု ဆိုသည်။

လက်ရှိဈေးကွက်အတွင်း မတ် ၁၂ရက်က အောက်တိန်း(92 Ron) တစ်လီတာလျှင် ၆၂ဝကျပ်၊ အောက် တိန်း(95 Ron) တစ်လီတာလျှင် ၈၇ဝကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် ၆၅ဝကျပ်၊ ဒီဇယ် (Premium) တစ်လီတာလျှင် ၇ဝဝကျပ်ဝန်းကျင် ဖြင့် စက်သုံးဆီအရောင်းဆိုင်အချို့ တွင် ရောင်းချလျက်ကြောင်း သိရ သည်။

ပြည်ပမှစက်သုံးဆီတင်သွင်း လျက်ရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီမှ ဦးစိုးသီဟက ''အဓိကတော့ ဒေါ်လာ ဈေးနှုန်းမြင့်တက်လာလို့ ဈေးတက် တာပါ။ သင်္ကြန်နီးလို့ တက်တာမျိုး တော့ မဟုတ်ပါဘူး''ဟု ဆိုသည်။

ယခုမတ်လဆန်းပိုင်းတွင် ဒေါ် လာဈေးနှုန်းပြောင်းလဲမှုကြောင့် စက် သုံးဆီ လက်ကားဈေးနှုန်းမှာ တစ် ပေပီပါလျှင် ကျပ် ၁၂၃ဝဝဝဖြစ် သော်လည်း ယခုမတ် ၁၂ရက်တွင် တစ်ပီပါလျှင် ကျပ် ၁၂၅ဝဝဝ ဝန်း ကျင်ဖြင့် တစ်ပီပါလျှင်ကျပ် ၃ဝဝဝ နီးပါးမြင့်တက်ခဲ့ကြောင်း သိရသည်။

New Days စက်သုံးဆီအ ရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးက ''ဈေးက အများကြီးတော့ မဟုတ်ဘူး။ နည်းနည်းတော့တက်တယ်။ ဆိုင် တချို့မှာတော့ တစ်လီတာကို ၂ဝ ကျပ်ဝန်းကျင်လောက် အပြောင်း အလဲရှိတယ်''ဟု ဆိုသည်။

AK
Yangon Media Group

No comments:

Post a Comment