Saturday 14 March 2015

ဘိုကိုဟာရမ်၏ သစ္စာခံမှုကို IS လက်ခံ


နိုင်ဂျီရီးယား အစွန်းရောက် စစ်သွေး ကြွအဖွဲ့ ဘိုကိုဟာရမ်၏ သစ္စာခံမှုကို လက်ခံကြောင်း အစ္စလာမ် နိုင်ငံတော် (IS) ၏ ခေါင်းဆောင်က ထုတ်ပြန်ခဲ့သည်။


ဘိုကိုဟာရမ် အဖွဲ့မှာ နိုင်ဂျီရီးယားတွင် ၎င်းတို့ ပေါ်ပေါက်သည့် ခြောက်နှစ်တာ အတွင်း လူထောင်နှင့်ချီ ပြန်ပေးဆွဲခြင်း၊ ရာနှင့်ချီ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီး မကြာမီကမှ IS နှင့် ပေါင်းစည်းလိုကြောင်း၊ အာဖရိကတွင်လည်း တိုက်ခိုက်မှုများ လုပ်ဆောင်လိုကြောင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့ရဲ့ ကာလီဖတ် (အိုင်အက်စ် အကြီးအကဲ) ညီအကိုတော် ဘိုကို ဟာရမ်အဖွဲ့ရဲ့ သစ္စာခံမှုကို လက်ခံ လိုက်ပါတယ်။ ဒါကြောင့် အနောက် အာဖရိကမှ မွတ်ဆလင်တွေနဲ့ ဂျီဟတ်ဒ်ဝါဒီ ညီအစ်ကိုတော် တွေဟာ ဂုဏ်ယူနိုင်ကြပါပြီ””ဟု IS ၏ ပြောခွင့်ရ ပုဂ်္ဂိုလ် အဘူမိုဟမ္မဒ် အယ်အက်ဒန်နီက ထုတ်ပြန်သည့် အသံဖိုင်ထဲတွင် ဖော်ပြထားသည်။

အယ်လ်ခိုင်ဒါကိုပင် ကျော်လွန်သွားပြီး အလွန်အမင်း အစွန်းရောက်သည့် IS တပ်ဖွဲ့သည် အီရတ်နှင့် ဆီးရီးယား ခြေကုပ် ယူထားပြီး လူနည်းစု တိုင်းရင်းသားနှင့် ဘာသာရေး ကွဲပြားသူများကို ရှင်းလင်း သတ်ဖြတ်ခြင်းများ လုပ်နေပြီး ၎င်း၏ အဖွဲ့ဝင်များကလည်း ၎င်းတို့ ဖမ်းထားသည့် အာရပ်နှင့် အနောက် တိုင်းဓား စာခံများကို သတ်ဖြတ် ပြထားသည့် ဗီဒီယိုဖိုင်များ လွှင့်တင်ကာ နာမည်ဆိုးဖြင့် ကျော်ကြားလာနေသည်။          

IS ကိုယ်စားပြု ထုတ်ပြန်သည့် အသံဖိုင်ထဲတွင် ပြောခွင့်ရ ပုဂ်္ဂိုလ် အဒါနီက အီရတ်နှင့် ဆီးရီးယားတွင်   တိုက်ပွဲ မ၀င်နိုင်သည့် ၎င်းတို့ တပ်ဖွဲ့ဝင်များမှာ အာဖရိကသို့ သွားရောက် တိုက်ပွဲဝင်ကြမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Source:Reuters
Messenger News Journal

No comments:

Post a Comment