Saturday 14 March 2015

မလိုအပ်ဘဲ ၀န်ထမ်းများ ခန့်ထားခြင်းကြောင့် လုပ်အား စွမ်းရည်များ အလဟသ ဖြစ်နေ


ဝန်ကြီးဌာန များတွင်  ဖွဲ့စည်းပုံများ ဖောင်းပွနေသည့် အပြင်၊ မလိုအပ်ဘဲ ၀န်ထမ်း ခန့်ထားမှု များကြောင့် ၀န်ထမ်း အများစု၏ စိတ်ဓာတ်ကို ကျဆင်း စေပြီး လုပ်အား စွမ်းရည် ကိုလည်း အလဟသ ဖြစ်စေကြောင်း မင်းကင်း မဲဆန္ဒနယ်မှ ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောဆို သည်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ ရငွေသုံးငွေ များနှင့် ပတ်သက်၍ ဒေါ်ခင်မွှေးလွင်က ၀င်ရောက် ဆွေးနွေးရာတွင် အထက်ပါ အတိုင်း ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လုပ်ငန်း လိုအပ်ချက် အရ မဟုတ်ဘဲ ရာထူး နေရာများ ဖန်တီး ခန့်ထားမှု၊ လိုအပ်တဲ့ အရည်အချင်းနဲ့ ကိုက်ညီမှု မရှိဘဲ အကြောင်း အမျိုးမျိုးနဲ့ ခန့်ထားမှု များကြောင့် ၀န်ထမ်း အများစုရဲ့ စိတ်ဓာတ်ကို ကျဆင်းစေမှုဟာ လုပ်အား စွမ်းရည် အဟောသိကံ ဖြစ်စေပါတယ် ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင် ကပြောသည်။

လက်ရှိ အစိုးရ အုပ်ချုပ်ရေးကဏ္ဍတွင် ပေါင်းစပ် ရမည့် ၀န်ကြီးဌာနများ၊ လျှော့ချသင့်သည့် အထက်အောက် ကွဲပြားနေသော ၀န်ကြီးဌာနများ ရှိနေ ခြင်းကြောင့် အုပ်ချုပ်ရေး ယန္တာရား ဖွဲ့စည်းပုံ ဖောင်းပွနေရခြင်း ဖြစ်ကြောင်း ၎င်းက ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် နိုင်ငံ့ဝန်ထမ်း အားလုံး၏ လစာမှာ (၂၉၀၁ ဒသမ ၇၆၃) ကျပ်ဘီလီယံ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စရင်း ပူးပေါင်း ကော်မတီ ထံမှ သိရသည်။

ထို့ပြင် အစိုးရ၏ ပင်မ လစာနှုန်းထားတွင် အနိမ့်ဆုံး အဆင့် ၀န်ထမ်း၏ လစာနှင့် အမြင့်ဆုံး အဆင့် ၀န်ထမ်း၏ လစာများ ကွာခြားမှု နှုန်းထားများ နည်းနေလျှင် အထူး ကျွမ်းကျင်သည့် ၀န်ထမ်း များအား လစာနှုန်း နိမ့်ကျစွာပေး ထားပြီး ကျွမ်းကျင်မှု မရှိသော ၀န်ထမ်း များကို လစာပိုပေး ထားသည့် သဘော ဖြစ်နေကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေ စာရင်း ပူးပေါင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက ပြောသည်။

Messenger News Journal

No comments:

Post a Comment