Saturday 31 January 2015

စောလူးမင်းကျောက်စာတွင် ရေးထိုးထားသော ဘာသာစကား များကို အတည်ပြုနိုင်ခြင်း မရှိသေးဟုဆို


စောလူးမင်းကျောက်စာတွင် ရေးထိုးထားသော ဘာသာစကားများကို ပညာရှင်များ လေ့လာရာ၌ ကွဲလွဲ ချက်များ ဖြစ်ပေါ် နေသောကြောင့် ယခုအချိန်ထိရေး ထိုးထားသည့် ဘာသာစကားကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လက်ရှိ၌ စောလူးမင်းကျောက် စာကို ပျူ၊ မွန်၊ ပါဠိ၊ သက္ကတ အနည်းဆုံး ဘာသာစကားလေးမျိုးဖြင့် ပညာရှင်အဖွဲ့များမှ အတည်ပြုထားပြီး ကျန်ရှိသည့် ဘာသာစကားကို လေ့လာရာတွင် ပညာရှင်များမှာ ကွဲလွဲချက်များ ရှိနေသည့်အတွက် ဘာသာစကား အတည်ပြုနိုင်ရန် အချိန်တော်တော် ယူရဦးမည်ဖြစ် ကြောင်းနှင့် ယခုလေ့လာနေသော ဘာသာစကားကို အတည်ပြုနိုင်ပါ က အနည်းဆုံးငါးမျိုး၊ အများဆုံး ခြောက်မျိုးဖြင့် အတည်ပြု သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ယင်းကျောက်စာကို လေ့လာပြုစုနေ သည့်ရှေးဟောင်း သမိုင်းသုတေသနပညာ ရှင်ဦးဝင်းမောင်(တမ္ပဝတီ)က ဆို သည်။

''ပညာရှင်တွေရဲ့ လေ့လာတွေ့ ရှိချက်က နှစ်မျိုးကွဲနေတယ်။ ဒါ ကြောင့် အခုချိန်ထိ ဒီကျောက်စာကို ဘာသာစကားဘယ်နှမျိုးနဲ့ ရေးထိုး ထားတယ်ဆိုတာကို အတည်မပြု နိုင်သေးဘူး။ နောက်ထပ်လဲ အချိန်က ကြာဦးမယ်။ အမြန်ဆုံး အတည်ပြု နိုင်ဖို့ဆိုတာ လိုသေးတယ်။ အတည် ပြုပြီးရင်တော့ အများပြည်သူလဲ လေ့လာသိရှိနိုင်ဖို့ စာအုပ်ထုတ်ဝေ ဖို့တော့ရှိတယ်'' ဟု ယင်းက ဆက် လက်ပြောသည်။

အဆိုပါ ကျောက်စာတွင် ရေးထိုးထားသည့် ဘာသာစကားများနှင့်ပတ်သက်ပြီး ယဉ်ကျေးမှုဝန် ကြီးဌာန လက်အောက်ရှိ ရှေးဟောင်း သုတေသနမှ ဝင်ရောက် စွက်ဖက် ခြင်းမရှိသော်လည်း ကျန်ရှိသည့် ဘာသာ စကားကို လေ့လာသုံးသပ်ရာ တွင်အကူအညီများ ပေးအပ်သွား မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက် ပြီး မြစ်သားမြို့ ကျောက်စာထိန်း သိမ်းရေးကော်မတီမှ အတွင်းရေးမှူး ဒေါ်ရွှေရည်ဦး (စာရေးဆရာမ)က ''အခုဆိုရင် ပြင်ပပညာရှင်တွေ၊ သု တေသီတွေ၊ ပညာရှင်တွေရော ရှေး /သုဘက်ကပါ လေ့လာမှုတွေ လုပ် နေပါတယ်။ ကျန်တဲ့ဘာသာစကား အတည်ပြုပြီးဖို့ပဲ ရှိတော့တယ်။ ရှေး /သုဘက်ကလဲ မှတ်တမ်းတင်ထား မယ်လို့ ပြောပါတယ်''ဟု ပြောသည်။

စောလူးမင်း ကျောက်စာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၄ရက်တွင် မန္တလေးတိုင်းဒေသကြီး မြစ်သား မြို့နယ် ပေတောကျောင်းတိုက်ဝင်း အတွင်း၌တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခု အခါလာရောက်လေ့လာကြည့်ရှုသော ပညာရှင် များနှင့် ပြည်သူများ အဆင်ပြေစေရန်နှင့် ယင်းကျောင်း တိုက်အတွင်း၌ပင် ကျောက်စာ တိုက်ဖြင့် ပြသထားကြောင်း သိရသည်။

TGH
Democracytoday

No comments:

Post a Comment