Saturday 31 January 2015

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန် သဘောတူညီချက် အီတာလျံထိုင်းနှင့် ဂျပန်-ထိုင်းဖက်စပ်ကုမ္ပဏီ လက်မှတ်ရေးထိုး

ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံ ကိန်းအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ သဘောတူညီချက် စာချုပ်ကို အီတာလျံထိုင်း ကုမ္ပဏီနှင့် ဂျပန်-ထိုင်းဖက်စပ် ဖြစ်သော ရိုဂျာနာ ကုမ္ပဏီတို့ မတ်လ၌ လက်မှတ်ရေးထိုးကြ မည်ဖြစ်ကြောင်း ထိုင်းအစိုးရက သောကြာနေ့တွင် ပြောကြား လိုက်သည်။
ဇန်န၀ါရီ ၃၀ ရက်က ဘန်ကောက်တွင် ထိုင်း-မြန်မာအရာရှိများအကြား ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲ အပြီး၌ သတင်းထောက်များအား ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ သည်။

‘‘ကနဦးအဆင့်မှာတော့ အ မေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီ လီယံဝန်းကျင် ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်လိမ့်မယ်’’ဟု ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး လက် ထောက်ဝန်ကြီးက ပြောသည်။

အီတာလျံထိုင်းနှင့် ရိုဂျာနာ တို့သည် စီမံကိန်း၏ ပထမအဆင့်ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးစီးသည့်အခါ အရှေ့တောင်အာရှတွင် အကြီးဆုံး စက်မှုဇုန်ကြီး ဖြစ်လာမည့် ထားဝယ် စီမံကိန်း ၌ ထားဝယ်မှ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ထိုင်းအရှေ့ပိုင်းပင် လယ်ကမ်းခြေပိုင်းအထိ ဆက်သွယ် ထားသည့် အဝေးပြေးလမ်း မလည်း ပါဝင်သည်။

ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းအောင်မြင်မှုသည် နှစ်နိုင်ငံစလုံးကိုသာမက ဒေသကိုပါ အကျိုးဖြစ် ထွန်း စေမည်ဖြစ် ကြောင်း ထိုင်း လက်ထောက်ဝန် ကြီးချုပ်ကပြောကြားခဲ့သည်။

လမ်းဖောက်လုပ်ခြင်းအပြင် တယ်လီကွန်း ကွန်ရက်တစ်ခု၊ အသေးစားဆိပ်ကမ်းတစ်ခုနှင့် ရေပေးဝေရေး ကန်တစ်ခု စသည့် အ ခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများ ငါးနှစ်အတွင်း ပြီးစီး ရန်လည်း ပထမ အဆင့် ရည်ရွယ် ထားကြောင်း ၎င်းကဆိုသည်။

ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းကနဦးအဆင့်တွင် နှစ်လမ်းသွားလမ်း၊ ဆိပ်ကမ်းနှင့် စက်မှုရပ်ကွက်၊ ရေထောက်ပံ့မှု အစီအစဉ်၊ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုအစီအစဉ်၊ မြို့ပြအစီ အစဉ်နှင့် မြေပြင် တယ်လီဖုန်း ဆက်သွယ်ရေးစသည့် လုပ်ငန်း များဖြင့် စတင်လုပ်ဆောင်မှာဖြစ် သည်။

ကနဦးအဆင့်အကောင် အထည်ဖော်မှုအား သီးသန့်စီမံ ကိန်းသုံးခုဖြင့် အကောင်အထည် ဖော်သွားရေး၊ မြန်မာအထူးစီးပွား ရေးဇုန် နည်းပညာများကို စော လျင်စွာ အတည်ပြုပြဋ္ဌာန်းနိုင် ရေး၊ သက်သာခွင့်ဆိုင်ရာ သဘောတူညီချက်များပါ ပြဋ္ဌာန်း ချက်များကိစ္စ၊ အများပြည်သူမှ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရန် လေ့လာ သွားရေးစသည်တို့ကို နှစ်ဘက် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ ကြသည်။

၂၅၀ စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၀၀) ခန့် အကျယ် အ၀န်းနေရာယူမည့်  ထားဝယ်ရေ နက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ အထူး စီးပွားရေးဇုန် စီမံကိန်းများ တည် ဆောက်ရေးကို အီတာလျံထိုင်း ကုမ္ပဏီက ဦးဆုံးတာဝန်ယူခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ လုံလုံလောက်လောက် မရရှိခဲ့၍ ၂၀၁၂ တွင် နုတ်ထွက်ခဲ့ဖူးသည်။

ထို့နောက် ၂၀၁၄ က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်အတွင်း ထား ၀ယ်အထူးစီးပွား ရေးဇုန် စီမံကိန်းကို ပြန်လည် ဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရ သဘောတူညီချက် ပြုလုပ်ခဲ့သည်။

မလက္ကာရေလက်ကြားမှ  ကုန်စည်များ သယ်ယူပို့ဆောင် ခြင်းအပေါ် မှီခိုနေရသော လုပ်ငန်းများအတွက်မူ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေှးုဇုန်က အစားထိုးနိုင်ရန်မျှော်လင့်နေသည်။

-Ref: Reuters
7Day DAILY 

No comments:

Post a Comment