Saturday 31 January 2015

အတိတ်၏အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် မန်းစည်ပင်မှ စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိ

Photo: အတိတ်၏အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် မန်းစည်ပင်မှ စီမံကိန်းရေးဆွဲဆောင်ရွက်လျက်ရှိ
Saturday, January 31, 2015

မန္တလေး မြို့တော်ကို အစိမ်းရောင်မြို့တော် (Green City) အဖြစ် တည်ဆောက် ရာတွင် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သည့် မြို့ပြဖွံ့ဖြိုးမှုထိန်းသိမ်းရေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာ၌ အချိုး ကျဆောင်ရွက် နိုင်ရေးအတွက် ရေရှည်စီမံကိန်းရေးဆွဲလုပ်ဆောင် လျက်ရှိ ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဒြပ်ရှိ/ ဒြပ်မဲ့အမွေအနှစ်စသည် ဖြင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ သဘာဝ အမွေအနှစ်အဖြစ် မန္တလေးမြို့တွင် အောင်ပင်လယ်ကန်၊ တက်သေးအင်း (မန္တလေးကန်တော်ကြီး)နှင့် တောင်သမန်အင်းတို့တည်ရှိပြီး လူမှုရေးအစဉ်အလာ အလေ့အထများ၊ ရိုးရာဓလေ့များ၊ ပွဲတော်များ၊ ရိုးရာလက်မှုပညာရပ် များနှင့် ပါးစပ်ရာဇဝင်နှင့်ဖော်ပြ ချက်များ၊ ဘာသာစကားများသည် ဒြပ်မဲ့အမွေအနှစ်အဖြစ် တည်ရှိနေ ဆဲဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အမျိုး သားယဉ်ကျေးမှုဇုန်များတွင် ပါရှိ သည့် ရှေးဟောင်းအဆောက် အ အုံ ဒြပ်ရှိအမွေအနှစ်အဖြစ် ပြည် ကြီး တံခွန်မြို့နယ်တွင် ခြောက်ခု၊ ချမ်း အေးသာစံမြို့နယ်တွင် ခြောက်ခု၊ မဟာအောင်မြေမြို့နယ်တွင် ၁၀ ခု၊ အောင်မြေသာစံမြို့နယ်တွင် ၃၁ ခု၊ ချမ်းမြသာစည်မြို့နယ်တွင် ၁၁ ခုနှင့် အမရပူရမြို့နယ်တွင် ၂၀ စုစုပေါင်း ၈၄ခုတည်ရှိသည်။

''မန္တလေးမြို့တော်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်ဘုရားများ ၏ ဂေါပကအဖွဲ့များ လိုက်နာရန် စည်းကမ်းချက် ၁၂ရပ်၊ အဆောက်အအုံများ၊ ဘုရားပရိဝုဏ်များအ တွင်း ဘုရားနယ်မြေ၊ နယ်နိမိတ်နှင့် သက်ဆိုင် သည့် ဈေးဆိုင်များလိုက် နာရန် စည်ကမ်းချက် ၁၀ ချက်အပြင် ယဉ်ကျေးမှု အမွေအနှစ်အ ဆောက်အအုံများအနီးတွင် အဆောက်အအုံအသစ် တည်
ဆောက် ခြင်း၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ပတ်သက်သော စည်းကမ်း ချက်များသတ်မှတ်ရန် လုပ်ဆောင်လျက်ရှိပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်ဟူ သည် ''အတိတ်၏ အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ်၊ အနာဂတ်အတွက် အင်အားဖြစ်ရာ မန္တလေးမြို့ရှိဒြပ် ရှိယဉ်ကျေးမှု အမွေအနှစ်များက မြို့တော်၏ ဂုဏ်ကို တင့်တယ်ဝင့်ထည်စေပြီး ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များက မြို့တော်သူ၊ မြို့တော်သားများ၏ ဂုဏ်ကို ပြ သဖော်ဆောင် နေခြင်းဖြစ်၍ ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ် များကို ထိန်းသိမ်းစောင့် ရှောက်သင့်ပေသည်။

AXE
Democracytoday
မန္တလေး မြို့တော်ကို အစိမ်းရောင်မြို့တော် (Green City) အဖြစ် တည်ဆောက် ရာတွင် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သည့် မြို့ပြဖွံ့ဖြိုးမှုထိန်းသိမ်းရေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာ၌ အချိုး ကျဆောင်ရွက် နိုင်ရေးအတွက် ရေရှည်စီမံကိန်းရေးဆွဲလုပ်ဆောင် လျက်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဒြပ်ရှိ/ ဒြပ်မဲ့အမွေအနှစ်စသည် ဖြင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ သဘာဝအမွေအနှစ်အဖြစ် မန္တလေး မြို့တွင် အောင်ပင်လယ်ကန်၊ တက်သေးအင်း (မန္တလေးကန်တော်ကြီး)နှင့် တောင်သမန်အင်းတို့တည်ရှိပြီး လူမှုရေးအစဉ်အလာ အလေ့အထများ၊ ရိုးရာဓလေ့များ၊ ပွဲတော်များ၊ ရိုးရာလက်မှုပညာရပ် များနှင့် ပါးစပ် ရာဇဝင်နှင့် ဖော်ပြ ချက်များ၊ ဘာသာစကားများသည် ဒြပ်မဲ့အမွေအနှစ်အဖြစ် တည်ရှိနေ ဆဲဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အမျိုး သားယဉ်ကျေးမှုဇုန်များတွင် ပါရှိ သည့် ရှေးဟောင်းအဆောက် အ အုံ ဒြပ်ရှိအမွေအနှစ်အဖြစ် ပြည် ကြီး တံခွန်မြို့နယ်တွင် ခြောက်ခု၊ ချမ်း အေးသာစံမြို့နယ်တွင် ခြောက်ခု၊ မဟာအောင်မြေမြို့နယ်တွင် ၁၀ ခု၊ အောင်မြေသာစံမြို့နယ်တွင် ၃၁ ခု၊ ချမ်းမြသာစည်မြို့နယ်တွင် ၁၁ ခုနှင့် အမရပူရမြို့နယ်တွင် ၂၀ စုစုပေါင်း ၈၄ခုတည်ရှိသည်။

''မန္တလေးမြို့တော်အတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်ဘုရားများ၏ ဂေါပကအဖွဲ့များ လိုက်နာရန် စည်းကမ်း ချက် ၁၂ရပ်၊ အဆောက်အအုံများ၊ ဘုရားပရိဝုဏ်များအ တွင်း ဘုရားနယ်မြေ၊ နယ်နိမိတ်နှင့် သက်ဆိုင် သည့် ဈေးဆိုင်များလိုက် နာရန် စည်ကမ်းချက် ၁၀ ချက်အပြင် ယဉ်ကျေးမှု အမွေအနှစ်အဆောက် အအုံများအနီးတွင် အဆောက်အအုံအသစ် တည်ဆောက်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း များနှင့် ပတ် သက်သော စည်းကမ်းချက်များသတ်မှတ်ရန် လုပ်ဆောင်လျက်ရှိပါတယ်''ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယဉ်ကျေးမှုအမွေအနှစ်ဟူ သည် ''အတိတ်၏ အမွေ၊ ပစ္စုပ္ပန်၏အထိမ်းအမှတ်၊ အနာဂတ်အတွက် အင်အား ဖြစ်ရာ မန္တလေးမြို့ရှိဒြပ် ရှိယဉ်ကျေးမှု အမွေအနှစ်များက မြို့တော်၏ ဂုဏ်ကို တင့်တယ်ဝင့်ထည်စေပြီး ဒြပ်မဲ့ ယဉ်ကျေးမှုအမွေ အနှစ်များက မြို့တော်သူ၊ မြို့တော်သားများ၏ ဂုဏ်ကို ပြသဖော်ဆောင် နေခြင်း ဖြစ်၍ ရှေးဟောင်းယဉ်ကျေး မှုအမွေအနှစ် များကို ထိန်းသိမ်းစောင့် ရှောက်သင့်ပေသည်။

AXE
Democracytoday‬

No comments:

Post a Comment