Saturday 31 January 2015

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေချိန်တွင် အစိုးရ အရာရှိများ မိမိကိုယ်မိမိ သတ်သေမှုများဖြစ်ပေါ်နေမှုကို တရုတ်စုံစမ်း


အစိုးရအရာရှိတချို့သည် အဂတိလိုက်စားမှုဖြိုခွင်းမှုမှ လွတ်မြောက်စေရန် မိမိကိုယ်မိမိသေကြောင်း ကြံစည်မှုများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ်လာ ပြီးနောက် အရာရှိများကြား ပုံမှန် မဟုတ်သော သေဆုံးမှုများ နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရုတ်အာဏာရကွန်မြူနစ်ပါတီက အမိန့်ပေးခဲ့ကြောင်း ဇန်နဝါရီ ၂၉ရက်က အစိုးရဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်ဟု CNA သတင်းများ အရ သိရသည်။

အရေးပေါ်သတိပေးစာတွင် ၂ဝ၁၂ခုနှစ်ကတည်းက ပုံမှန်မဟုတ် သော အခြေအနေဖြင့် သေဆုံးသွား သော ပါတီအဖွဲ့ဝင်များနှင့် ပတ်သက် ၍ အသေးစိတ်စုံစမ်းရန် အရာရှိ များကို တိုက်တွန်းထားကြောင်း အစိုးရနှင့် ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက် များတွင် ဖော်ပြထားသည်။ တချို့ သော အရာရှိများသည် ရာဇဝတ် မှုများမှ လွတ်မြောက်ရန်နှင့် ၄င်းတို့ တရားမဝင် ရယူထားသော ပစ္စည်းများသိမ်းဆည်းခံရမှုများမှ ကာကွယ် ရန် မိမိကိုယ်မိမိ သတ်သေမှုများ ပြု လုပ်တတ်ကြသည်။

ထိုသို့ ပုံမှန်မ ဟုတ်သည့် သတ်သေမှုများကို စုံစမ်းရန် အရေးပေါ်သတိပေးစာကို ပြည်နယ်ကိုးခုရှိ ဝက်ဘ် ဆိုက်များတွင် ဖော်ပြခဲ့ပြီး ၂ဝ၁၂ခုနှစ်ကတည်းက ပုံမှန်မဟုတ်သော အခြေအနေဖြင့် သေဆုံး သွားသူများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ပါတီပေါင်း၅ဝနှင့် အစိုးရအရာရှိတို့က လူသိရှင်ကြား ကြေ ညာ ခဲ့သည်။

ကွန်မြူနစ်ပါတီသည် သေဆုံးသွားသော အစိုးရအရာရှိများ မိမိကိုယ်မိမိ သတ်သေခြင်းရှိ မရှိ စုံစမ်းစစ် ဆေးမည်ဖြစ်သည်။ တရုတ် သမ္မတရှီ၏ အဂတိလိုက်စားမှု တိုက် ဖျက်ရေးလုပ်ငန်းစဉ်တွင် ရာထူးအ ဆင့်မြင့်မားသော အရာရှိဟောင်း များ၏ အဂတိလိုက်စားမှုများကို ဖော်ထုတ်နိုင်ခဲ့သည်။

မိမိကိုယ်မိမိ သတ်သေသော အရာရှိများသည် ၄င်းတို့ဂုဏ်သိက္ခာကြောင့်နှင့် ၄င်း တို့မိသားစု၏ အကျိုး ကျေးဇူးအတွက် ကြောင့် ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။

Ref: CNA
Democracytoday

No comments:

Post a Comment