Saturday 31 January 2015

သလင်းကျောက်တစ်တန် ၁၅ ဒေါ်လာခန့်ဖြင့် တရုတ်သို့ တန် ၂၀,၀၀၀ တင်ပို့ရန် ကုမ္ပဏီတစ်ခုကို ခွင့်ပြု
Saturday, January 31, 2015

သလင်းကျောက်တန်ချိန် နှစ်သောင်းကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ငွေကမ္ဘာကျော်ကုမ္ပဏီ အား အစိုးရက ဇန်နဝါရီ ၁၆ ရက် တွင် ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။

ကုမ္ပဏီက တင်ပြမှုတွင် သလင်းကျောက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ခန့် (၁၄ ဒသမ ၇၅ ဒေါ်လာ)ဖြင့် အမေရိကန်ဒေါ် လာ ၂၉၅,၀၀၀ ဖိုးကို တင်ပို့ခွင့်ပြုပေးခဲ့ခြင်းဖြစ် သည်။ သလင်းကျောက်သည် အပြစ်အနာအဆာ ကင်းပါက တစ်ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ ကျော် တန်ဖိုးရှိ ကြောင်း မူဆယ်မြို့မှ လုပ်ငန်းရှင် အချို့က ပြောသည်။

တရုတ်နိုင်ငံသို့ သလင်း ကျောက်တင်ပို့ရန် ယင်းကုမ္ပဏီ ကို ၂၀၁၄ က ပို့ကုန်လိုင်စင်ချ ထားပေးပြီး သက်တမ်းကာလ အတွင်း မပို့နိုင်သဖြင့် ၂၀၁၅ ဖေဖော်ဝါရီ ၁၄ရက်အထိ လိုင်စင်ကို သက်တမ်းတိုးပေးထားသည်။ ကုမ္ပဏီက လိုင်စင်လျှောက်ရာ တွင် ဝန်ကြီးဌာနသို့ တင်ပြသော နှုန်းထားမှာ သလင်းကျောက်တစ် တန်လျှင်အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၅ ဒေါ်လာဖြင့် ဖော်ပြ ထားသည်။

လက်ရှိ တရုတ်-မြန်မာနယ် စပ်တွင် သလင်းကျောက်ဈေး ကွက်သည် ကျောက်စိမ်းကဲ့သို့ ခိုင်မာသည့် ဈေးကွက် မရှိသေး သော်လည်း မကြာခဏအရောင်း အဝယ်ဖြစ်လေ့ရှိကြောင်း မူဆယ် မြို့မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ဈေးကွက်ရယ်လို့တော့ မည်မည်ရရမရှိပါဘူး။ ဒါပေမဲ့ အရောင်းအဝယ်တော့ရှိတယ်’’ ဟု ကြယ်ခေါင်မြို့နေကျောက် ကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ထုတ်ယူသော သလင်းကျောက်မှာ ယခင်က တရားဝင်တင်ပို့ခဲ့ခြင်း မရှိပေ။ ထုတ်လုပ်မှုမှာလည်း တရားမဝင်လုပ်ကိုင်နေရသဖြင့် မိုင်းခွဲထုတ်လုပ်မှုကြောင့် အရည်အသွေးညံ့ဖျင်းပြီး ဈေးနှုန်းမရရှိကြောင်း ကုန်သည်များက ပြောသည်။

သလင်းကျောက်ကို တရုတ် နိုင်ငံမှ ဝယ်ယူခြင်းသည် တန်ဖိုး မြင့်အိမ်အလှဆင်ပစ္စည်းများ၊ မီး အလှဆင်ပစ္စည်းများပြုလုပ်ရန် ဝယ်ယူခြင်းဖြစ်သည်။ သလင်း ကျောက်ကို ပြည်တွင်းတွင် ဘုရား စိန်ဖူးတော်များ ပြုလုပ်လေ့ရှိ သည်။ သလင်းကျောက်ဖြင့်ပြု လုပ်ထားသော ဘုရားစိန်ဖူးတော် တစ်ခုလျှင် ပြည်တွင်းဈေးကွက် တွင် ကျပ်သိန်း ၃၀ မှ သိန်း ၄၀ ကြားဈေးရှိကြောင်း သတင်းရရှိ သည်။ သလင်းကျောက်ကို မြန်မာ နိုင်ငံတွင် ဧရာဝတီအနောက်ခြမ်း မြဝတီနှင့် ကရင်ပြည်နယ်တို့မှ ထွက်ရှိသည်။

7Day DAILY

No comments:

Post a Comment