Saturday 31 January 2015

လူတိုင်းလျှပ်စစ်မီးရရန် စီမံကိန်းအတွက် ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ သုံးစွဲရမည်ဟု ကမ္ဘာ့ဘဏ်ပြောကြား



ရန်ကုန်မြို့တွင် ဓာတ်အားလိုင်းများ ပြုပြင်နေသော ၀န်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- 7Day)

မြန်မာနိုင်ငံတွင် လူတိုင်းလျှပ်စစ်မီးရရှိရန် အမျိုးသားအ ဆင့် လျှပ်စစ်မီး ရရှိရေးစီမံချက် (NEP) အတွက် စုစုပေါင်း ကုန် ကျစရိတ်အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံသုံးစွဲ သွားရမည်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်မှ အဆိုပါစီမံကိန်းအတွက် ပြောရေးဆိုခွင့်ရှိသူ မစ္စ ရှောင်ပင် ၀မ်ကပြောသည်။

အဆိုပါစီမံကိန်းသည်ယခုနှစ် မှစတင်၍ ၂၀၃၀ အမီပြုလုပ်မည့် ၁၅ နှစ်ကြာ စီမံကိန်းဖြစ်သည်။

အများစုမှာ ဓာတ်အားလိုင်း သွယ်တန်းမှုများအတွက် အသုံး ပြုသွားမည်ဖြစ်ပြီး အိမ်ထောင်စု ပေါင်း ၇ ဒသမ ၂ သန်းကို ကိုယ် စားပြုမည်ဖြစ်ပြီး တစ်အိမ်ထောင် သွယ်တန်းမှုအတွက် ပျမ်းမျှ ကန်ဒေါ်လာ ၈၀၀ သတ်မှတ်ထား ကြောင်း သတင်းရရှိသည်။

စီမံကိန်းကုန်ကျစရိတ်များ အတွက် ကမ္ဘာ့ဘဏ်အဖွဲ့မှ ကန် ဒေါ်လာသန်း ၃၀၀ မှ ၄၀၀အထိ ပေးရန် စီစဉ်ထားပြီး ဓာတ်အား ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရန် စက်ရုံတည်ဆောက်မှုကို ကန် ဒေါ်လာ သန်း ၁၄၀ ပေးအပ်ရန်လုပ် ဆောင်နေသည်။ ကျန်ငွေကြေးများကိုအစိုးရအဖွဲ့၏ ဘတ်ဂျက်များ၊ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့နှင့်အစိုးရ၏လျှပ်စစ်မီးလင်းရေးဌာနအသီး သီးတို့ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပမာဏသည် ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု အတွက်လိုအပ်သော ရင်းနှီးမြှုပ်နှံမှုအပြင် ထပ်မံ လိုအပ်သော ပမာဏဖြစ်သည်။ အခြေခံအ ဆောက်အအုံများ၊ ဓာတ်အားပို့ လွှတ်ရေးလုပ်ငန်းများ၊ သွယ် တန်းရေးနှင့် မီတာရရှိရေးကိစ္စရပ်များ လည်း ပါဝင်မည်ဖြစ်သည်။

၂၀၃၀ တွင် လူတိုင်းလျှပ် စစ်မီးရရှိရန် ၂၀၁၉နောက်ပိုင်းမှ စတင်ကာ နှစ်စဉ်  လျှပ်စစ်မီး တစ်နေရာမှ တစ်နေရာ ချိတ်ဆက်မှု(အသေးစားဓာတ်အားလိုင်းနှင့် အဝေးဓာတ်အား လိုင်းသွယ်တန်း မှုများပြုလုပ် ပေးသည့်) ၅၁၇,၀၀၀ကျော်ပြုလုပ်ရန် လိုအပ်မည်ဖြစ် ကြောင်း သိရသည်။

လျှပ်စစ်မီးစတင်ချိတ်ဆက် သည့်အချိန်တွင် တစ်နှစ်လျှင် ဓာတ်အားချိတ်ဆက်မှု နှစ်သိန်းကျော် လုပ် ဆောင်ရန် လိုအပ်မည် ဖြစ်ကာ နောက်ပိုင်းနှစ်များတွင်  လေးသိန်းကျော် ချိတ်ဆက်နိုင်ရန် လိုအပ် မည်ဖြစ်ကြောင်း မစ္စ ရှောင်ပင်ဝမ်ကပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်မီး ရရှိရေးစိန်ခေါ်မှုသည် အလွန်အ ရေးကြီးပြီး လျှပ်စစ်မီးရရှိနှုန်းမှာ ခန့်မှန်းခြေ ၃၃ ရာခိုင်နှုန်းသာရှိ ကြောင်း ကမ္ဘာ့ဘဏ်ကဆို သည်။၂၀၃၀ တွင် နှစ်စဉ်အိမ် ထောင်စုအများအပြားလျှပ်စစ်မီး ရရှိရန်မှာ ဓာတ်အားချိတ်ဆက်မှု နှစ်ဆကျော်ဆက်သွယ်ရန် လို အပ်မည်ဖြစ်သည်။

‘‘ရပ်ရွာတွေကို ဓာတ်အား လိုင်းပြင်ပမှ ကြိုတင်ဓာတ်အား ပေးရေးတွေကလည်း အရေးကြီး ပါတယ်။ ဓာတ်အားလိုင်းကို စောင့်နေတဲ့အချိန်မှာ ဓာတ်အားတွေ ရရှိဖို့လိုအပ်ပါတယ်’’ဟု မစ္စရှောင်ပင်ဝမ်က ပြော သည်။

ကမ္ဘာ့ဘဏ်က ယခုစီမံ ကိန်းအတွက် အစီအစဉ်အသေး စိတ်ရေးဆွဲမှုကို ၂၀၁၄ နိုဝင်ဘာ က အတည် ပြုခဲ့ပြီး ရပ်ရွာလူထု နှင့် တိုင်ပင်ဆွေးနွေးခြင်းများကို  ယခုလအတွင်း ပြုလုပ်သွားမည် ဖြစ်ပြီး စီမံကိန်းကို ယခုနှစ်ကုန် ၌ စတင်အကောင်အထည်ဖော် သွားမည်ဖြစ်သည်။

အမျိုးသားအဆင့် လျှပ်စစ်မီးရရှိရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်နှင့် အစိုးရအဖွဲ့မှ အမျိုးသားလျှပ်စစ်မီး ရရှိရေးအမှုဆောင်ကော်မတီ၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အပါအ၀င် အစိုးရဘက်မှ သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment