Saturday 31 January 2015

ခေါင်းလျှော်ဖို့ အဆင်မပြေ၊ အချိန်မရှိတော့တဲ့အခါ သင့်ရဲ့ဆံပင်ကို ပြင်ဆင်သွားနိုင်မယ့် နည်းလမ်း (၅) သွယ်


ခေါင်းမလျှော်ရသေးလို့ ဆံပင်တွေက ညစ်ပတ်နေတယ်လို့ ခံစားနေရပါသလား။ ဒီလိုအချိန်မျိုး အပြင် ထွက်ဖို့ပါ ကြုံလာရတဲ့အခါ ဆံပင်ကို ဘယ်လိုပြင်ဆင်ရမလဲဆိုပြီး ခေါင်းမစားရလေအောင် အကြံ ကောင်း လေးတွေ ပေးချင်ပါတယ်။



၁။ဘေဘီပေါင်ဒါကို dry shampoo အဖြစ်သုံးပါ။
တစ်ခါတစ်လေ မနက်အစောကြီး အပြင်သွားဖို့ အခြေအနေဖြစ်လာတယ်။ ညဉ့်နက်နေပြီမို့ ခေါင်းလျှော် ဖို့လည်း အဆင်မပြေတော့ဘူးဆိုရင် ဘေဘီပေါင်ဒါကို ခေါင်းကိုနည်းနည်းဖြူးလိုက်ပြီး ညအိပ်ယာဝင် လိုက်ပါ။ ဒီပေါင်ဒါမုန့်တွေက သင့်ဆံပင်ပေါ်က အညစ်အကြေးနဲ့ အဆီတွေကို စုပ်ယူသွားမယ့်အပြင် သင့် ဆံပင်ကိုလည်း မွေးပျံ့တဲ့ရနံ့လေးတွေ ပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် နိုးတဲ့အခါ သင့်ဆံပင်ဟာ အပြင်ထွက်ဖို့ အတွက် အဆင်သင့်ဖြစ်နေတာကို သင်မြင်ရပါလိမ့်မယ်။

၂။ဆံပင်ကို ခပ်ပွပွဖြစ်သွားအောင် နည်းနည်းခြစ်ထုတ်လိုက်ပြီး ဆံထုံးထုံးလိုက်ပါ။
ဆံထုံး ထုံးခိုင်းလို့ ဘယ်လိုကြီးဖြစ်သွားလိမ့်မလဲလို့ မတွေစပါနဲ့။ ပထမဆုံး ဆံပင်ကို ပိုနီတေး ခပ်မြင့်မြင့် မစည်းခင် အရင်ဆုံး ဆံပင်သား ပွသွားအောင် ဘီးနဲ့ ခြစ်ထုတ်လိုက်ပါ။ ပြီးတော့မှ ပိုနီတေး ခပ်မြင့်မြင့် စည်းပြီး ဆံထုံးကို ခပ်ပွပွလေး ထုံးလိုက်ပါ။ ပုံမှာပြထားသလိုပေါ့။

Trend Myanmar

No comments:

Post a Comment