Saturday 31 January 2015

တရားမဝင်လမ်းကြောင်းမှ ထွက်ပြေးသည့် နိုင်ငံခြားသား များကို နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့်ပြုမည်မဟုတ်

မန္တလေးတိုင်းဒေသကြီးအတွင်း ဗီဇာသက် တမ်း ကျော်လွန်နေထိုင်သော်လည်း ငွေကြေးပေးဆောင်မှု မရှိဘဲ တရားမ ဝင်လမ်းကြောင်းမှ ထွက်ပြေးသွား သည့် နိုင်ငံခြားသားများကို နောက် တစ်ကြိမ် ပြန်လည် ဝင်ရောက်ခွင့်ပြု တော့မည်မဟုတ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင် ရေး ဦးစီးဌာနမှ သိရသည်။

တရားဝင် စီးပွားရေးလာရောက် လုပ်ကိုင်သည့် နိုင်ငံခြားသားများ ဗီဇာသက်တမ်းကျော်လွန်နေထိုင် ခြင်းမရှိစေရန်အတွက် ဆောင်ရွက် သွားမည်ဖြစ်ရာ နိုင်ငံခြားသား အ များစုသည် စီးပွားရေးဗီဇာဖြင့် လာ ရောက်နေထိုင်ကြခြင်းဖြစ်ပြီး ဗီဇာ သက်တမ်းကျော်လွန်ကာ နေထိုင်မှု များရှိလာသည်ကို စစ်ဆေး တွေ့ရှိနေ ရကြောင်း၊ ဗီဇာသက်တမ်းကျော် လွန်သည့်ရက်ကို ငွေကြေးပေးဆောင် သည့် နိုင်ငံခြားသား များလည်းရှိပြီး ဗီဇာသက်တမ်း ကျော်လွန်နေထိုင်မှု များ မဖြစ်ပွားစေရန် ဟိုတယ် များ၊ အေဂျင်စီများနှင့် ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံ တင်ရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသောင်းဇော်က ပြောကြားသည်။

''စီးပွားရေးကိစ္စနဲ့ ဒီကိုလာ ရောက်ကြတဲ့ နိုင်ငံခြားသားတွေ Over Stay မဖြစ်စေဖို့အတွက် သူတို့ အများ ဆုံး လုပ်ကိုင်ကြတဲ့ သတ္တု လုပ် ငန်းတွေ၊ ရွှေတူးဖော်ရေးလုပ် ငန်းတွေ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ပြီးတော့ ဗီဇာစည်းကမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေး မှုတွေလုပ်ဆောင်လျက် ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက် စီးပွားရေး ဗီဇာသက်တမ်းက ရက် ပေါင်း ၇ဝပဲ ပေးထားတာဖြစ်ပြီး Over Stay တွေကို များများဖော် ထုတ်နိုင်မှ နိုင်ငံတော်အတွက် နိုင်ငံ ခြားဝင်ငွေများများရရှိမှာ ဖြစ်ပါ တယ်'' ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားသားများနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက မှတ်တမ်းတင်ထား ပြီး Immigration Over Stay Section မှတစ်ဆင့် ဗီဇာသက်တမ်း ကုန်ဆုံးမည့်နေ့ရက်ကို သက်ဆိုင် သူများ ထံသို့ သက်တမ်းမကုန်ဆုံးမီ တစ်ပတ်အလိုတွင် အလိုအလျောက် အသိပေး အကြောင်း ကြားသွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်အတွင်း က မန္တလေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်မှတစ်ဆင့် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားအရေအတွက်မှာ ကိုးသောင်းကျော်ရှိရာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အများဆုံးဖြစ်ပြီး ခွင့် ပြုချက်မရှိဘဲ အိမ်ငှားရမ်းနေထိုင်သည့် နိုင်ငံခြားသားများကို ဖော်ထုတ်အရေး ယူနိုင်ရန်အတွက် စစ်ဆေးမှုများ စ တင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

KSA
‎Democracytoday‬

No comments:

Post a Comment