Saturday 31 January 2015

ဝန်ကြီးဌာနများ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းဖောက်ဖျက်မှု ပိုများလာ

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းဖောက်ဖျက်မှု ပိုများလာကြောင်း ဇန်န၀ါရီ ၃၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ပူး ပေါင်းကော်မတီ အစီရင်ခံစာအရသိရသည်။

‘‘ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်တဲ့စည်းမျဉ်းအတိုင်း လိုက်လုပ်ဆောင်တဲ့အခါမှာ ၀န်ကြီးဌာနတွေ ကို ပွင့်ပွင့်လင်းလင်း တင်ပြရလို့ရှိရင် လိုက်နာမှုမရှိဘဲ နဲ့ ဒီလိုပဲ တိုင်းဒေသကြီး၊ အစိုးရ တွေကလည်း လိုက်နာမှုမရှိ ဘဏ္ဍာရေးဖောက်ဖျက်မှုတွေများ လာတယ်’’ဟု ပြည်ထောင်စုလွှတ် တော်၊ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး မောင်တိုးကပြောသည်။

ဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန် ဖြစ်သော်လည်း ဘဏ္ဍာနှစ်ကုန်ပြီးနောက်တွင်မှ လုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ခြင်း၊  ဘဏ္ဍာနှစ်အစတွင် မိုးတွင်း ကာလနှင့် ကြုံတွေ့ကာ ပွင့်လင်းရာသီရောက်မှသာ လုပ်ငန်းများစတင်ဆောင်ရွက်ရခြင်းများကြောင့် အချိန်မလုံလောက်ဘဲ မလိုလားအပ်သော ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ ကျော်လွန် ဆောင်ရွက်ရခြင်းစသည်တို့ ဖြစ် ပေါ်လျက်ရှိသည်။

အထက်ပါအကြောင်းအရာ များကို ၂၀၁၃-၁၄ ဘဏ္ဍာ နှစ် ဒုတိယ ခြောက်လ နိုင်ငံတော် ၏ စာရင်းများကို စစ်ဆေးတွေ့ရှိ ချက်များ၊ စာရင်းစစ် ကန့်ကွက်ချက် များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအပေါ် စိစစ်တင်ပြ ခြင်းအစီရင်ခံစာ၌ ပါရှိသည်။

နှစ်စဉ်စာရင်းစစ်ချုပ်ရုံးမှ ၀န်ကြီးဌာနများကို စစ်ဆေးရာ တွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ညီညွတ်မှု မရှိသည့် ဆောင်ရွက်ချက်များအများအပြားတွေ့ရှိရသော်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနများက  ထိ ရောက် သော အရေးယူမှုများဆောင်ရွက်မှုမရှိဟု ပါရှိ သည်။

ဝန်ကြီးဌာနများတွင် စာရင်း စစ်ကန့်ကွက်ချက်များ လျော့နည်းစေရန် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့တွင် ဖွဲ့စည်းထားသောဝန်ကြီးဌာနများဆိုင်ရာ ကော်မတီများမှ သက်ဆိုင်ရာဝန်ကြီးဌာန များအား ခေါ်ယူမေး မြန်းခြင်း၊စောင့်ကြည့်ခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင်ပြည်သူ့ဘဏ္ဍာငွေများ  လေလွင့်ပြုန်းတီးမှုမရှိစေ ရန် ပြည်သူ့ ဘဏ္ဍာငွေဆိုင်ရာ ဥပဒေ(Public Finace Act) အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်း ယင်း အစီရင်ခံစာတွင် ပါရှိသည်။

7Day DAILY

No comments:

Post a Comment