Saturday 31 January 2015

2NE1က CLဟာ ကိုရီးယားနိုင်ငံရဲ့ အမိုက်ဆုံး အနုပညာရှင်လို့ အမေရိကန် ရက်ပ်ပါပရိုဂျူဆာ Bobby Brackin က ဖွင့်ဟ


အမေရိကန် ပရိုဂျူဆာတစ်ဦးဖြစ်တဲ့ Bobby Brackin နဲ့ မကြာခင်က ပြုလုပ်တဲ့ Vice မဂ္ဂဇင်းရဲ့ အင်တာ ဗျူးတစ်ခုမှာ သူက 2NE1က CL အကြောင်း ပြောသွားသလို သူမဟာ နောက်ထပ် ရော့ခ်အဖွဲ့ Florence and the Machine နဲ့ အလုပ် တွဲလုပ်ဦးမှာ ဖြစ်တဲ့အကြောင်း ကိုပြောပြသွားပါတယ်။

"ကျွန်တော် အခု CLနဲ့ သူငယ်ချင်းဖြစ်နေပါပြီ။ သူမဟာ ကိုရီးယားနိုင်ငံရဲ့ အမိုက်ဆုံးအနုပညာရှင်ပါပဲ။ အရင်ကတည်းကလည်း သူမနဲ့ အလုပ်တွေ တွဲလုပ်ခဲ့ဖူးတယ်။ သူမက တော်တော်လေးကို ဖန်တီးနိုင်စွမ်း ကောင်းတယ်။ တော်လည်း တော်တယ်"လို့ သူက ဆိုပါတယ်။

အင်တာဗျူးထဲမှာ သူထပ်မံ ဖွင့်ဟသွားတဲ့ Florence and the Machine ဆိုတဲ့ အဖွဲ့ဟာ နာမည်ကြီး ရော့ခ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၅၃ကြိမ်မြောက် ကျင်းပပြုလုပ် တဲ့ ဂရမ်မီဆုပေးပွဲမှာ Rookie of the Year ဆု လျာထားခြင်းခံခဲ့ရတဲ့ အဖွဲ့ပါ။ သူတို့အဖွဲ့နဲ့ CL သီချင်းအတူ လုပ်မယ်ဆိုတဲ့ သတင်းဟာ တကယ့်ကို ထူးခြားလှတဲ့သတင်းပါ။ ဒါ့အပြင် CL ဟာ သူမရဲ့ တစ်ကိုယ်တော်အခွေအတွက်လည်း အချိန်ပေး ဖန်တီး နေတယ်လို့ သိရပြီး အခွေထဲမှာ ပရိသတ်တွေ ထူးခြား အံ့အားသင့်စေမယ့်အရာတွေ ယူဆောင်လာနိုင် ဖွယ် ရှိနေပါတယ်။

Ref:kpopstarz.com
Trend Myanmar

No comments:

Post a Comment