Saturday 31 January 2015

မိုးပျံပူဖောင်းဖြင့် ပစိဖိတ်သမုဒ္ဒရာကိုကျော်ဖြတ်သူများ စံချိန်ချိုးရန် ရည်ရွယ်


Albuquerque မှ ထရွိုင်ဘရက်ဒ်လီနှင့် ရုရှားမှ လီယိုနစ်တုယာအေးဗ် တို့သည် ဓာတ်ငွေ့ဖြည့် မိုးပျံ ပူဖောင်း စီး၍ ပစိဖိတ်သမုဒ္ဒရာ ကို ကျော်ဖြတ်ကြသည်။ သူတို့သည် Eaglesဟုသာ အမည်ပေးထား သည့် မိုးပျံပူဖောင်းနှစ်လုံးဖြင့် ပစိဖိတ်သမုဒ္ဒ ရာကို ဖြတ်ကျော်ကြခြင်းဖြစ်သည်။

ထိုသူနှစ်ယောက်တို့သည် ဇန်နဝါရီ ၂၉ရက်၌ မိုင်ပေါင်း ၅၂၆၀ ကျော် ခရီးပေါက်ခဲ့ပြီးဖြစ်သည်။ သူတို့သည် ပစိဖိတ်သမုဒ္ဒရာကို ဓာတ်ငွေ့ဖြည့် မိုးပျံပူဖောင်းဖြင့် ဖြတ်ကျော်ရာတွင် စံချိန်ချိုးရန် ရည်ရွယ်ထားသည်။

ပစိဖိတ်သမုဒ္ဒရာကို ဓတ်ငွေ့ဖြည့် မိုးပျံပူဖောင်းဖြင့် ၁၉၈၁ခုနှစ်၌ ဖြတ်ကျော် ခဲ့သူတို့မှာ မိုင်ပေါင်း ၅၂၀၉ မိုင်ခရီးပေါက်ခဲ့သည်။ ယခု Eagles တို့သည် မိုင်ပေါင်း ၅၂၆ဝကျော်လွန်နေပြီဖြစ်သည်။

အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ် ကျော်သည့်အချိန်၌ လက်ရှိစံချိန် တင်ထားသူများမှာ ၁၃ရနာရီ၊ ၅မိနစ်၊ ၅ဝစက္ကန့်ဖြစ်သည်။ ယင်းမှာ ၁၉၇၈ခုနှစ်၌ ပထမဆုံးအတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ခြင်းဖြစ် သည်။ ယခု Eagles က ၁၃၈နာရီ နှင့် ၄၅ မိနစ်ဆိုလျှင် ၁၉၇၈ခုနှစ် စံချိန်ချိုးပြီ။ ယခု Eagles မိုးပျံပူ ဖောင်းစီးသူ များသည် ၁၂၅နာရီကြာ ပြီဟု သူတို့၏ real-time tracking site အရ သိရသည်။

Eagles မိုးပျံပူဖောင်းနှစ်လုံး တို့သည် သဲ ၅တန်နီးပါး(၉၃၆ဝပေါင်) အလေးချိန်ဖြင့် စတင်ပျံတက်သည်။

ထိုမိုးပျံပူဖောင်းနှစ်လုံးတို့သည် အလေးချိန်မလျော့ဘဲ ပျံသန်းနေသည်ဟု သိရသည်။

Bust teed
Democracytoday

No comments:

Post a Comment