Saturday 31 January 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအား ဟန့်တားချေဖျက်၍မရကြောင်း သူရဦးရွှေမန်းပြော

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်း ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ဆုံးဖြတ် ထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဟန့်တားချေဖျက်လို့ မရကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၃၀ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးအပြီး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပြည်ထောင်စုလွှတ်တော်သည် မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော ဥပဒေပြု အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒါ ကြောင့် ပြည်ထောင်စုလွှတ်တော် က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ သို့မဟုတ် အဆိုတွေဟာ အခြားအခြားသော တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တွေ ဘယ်သူတွေကမှ သွားပြီးဟန့် တားလို့မရဘူး။ ချေဖျက်လို့ မရဘူး။ ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော် ရဲ့အဆိုဟာ အတည်ဖြစ်ပါ တယ်''ဟု ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်မှ ခြောက်ပွင့်ဆိုင်တွေ့ဆုံရန် အဆိုကို အတည်ပြုထားပြီး ယင်းအဆိုအပေါ် နိုင်ငံတော်သမ္မတက လွှတ်တော်မှ အတည်ပြုထားသည့် ခြောက်ပွင့် ဆိုင် တွေ့ဆုံရေးအဆိုနှင့်ပတ်သက် ပြီး မည်သို့ဆောင်ရွက်စေကြောင်း သိရှိလိုသည်ဟု လွှတ်တော်သို့ ဇန်နဝါရီ ၁ရရက်တွင် သဝဏ်လွှာပြန် လည်ပေးပို့ခဲ့သည်။

ယင်းသို့သမ္မတ၏သဝဏ်လွှာ အပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့်အတိုင်း ခြောက် ပွင့်ဆိုင်တွေ့ဆုံရေးကိုသာ အမြန် ဆုံးအကောင်အထည်ဖော်ပေးရန် ဇန်နဝါရီ ၂၂ရက်တွင် နိုင်ငံတော် သမ္မတထံ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသည်။

''အဆိုထဲမှာပါတဲ့မိမိအနေနဲ့ လဲ ဒီအဆိုအတိုင်းပဲ သွားရမယ်။ မိမိ မဆောင် ရွက်ဘူးဆိုရင် ပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုကို မလိုက်နာတဲ့အတွက် မိမိသည်တစ်ခု ခုသောဥပဒေကို ချိုးဖောက်ရာကျမယ်''ဟု သူရဦးရွှေမန်းက ဆိုသည်။

YM, MP
Democracytoday‬

No comments:

Post a Comment