Saturday 31 January 2015

ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပနိုင်ရေး အစိုးရဝန်ကြီးဌာနများသို့ ဖိတ်စာပို့ထားသော်လည်း တုံ့ပြန် မှုမရသေးဟုဆို


ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် အစိုးရဝန်ကြီးဌာနများသို့ ဖိတ်စာပို့ထားသော်လည်း တုံ့ပြန် မှုမရသေးကြောင်း ရာပြည့်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ (နတ်မောက်)မှ ဥက္ကဋ္ဌ ဦးဝင်းမော်က ဇန်န၀ါရီ ၃၀ ရက်က ပြောကြားလိုက်သည်။

ဦးဝင်းမော်က "ကျွန်တော်တို့က သမ္မတရုံးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနတွေကို ဗိုလ် ချုပ်ရာပြည့်ပွဲတော် ကျင်းပမယ့်အကြောင်းနဲ့ တက်ရောက်ပေးပါရန် ဖိတ်စာပို့ထားပြီးပါပြီ။ ဒီနေ့အချိန် ထိတော့ ဘာမှ အကြောင်းမပြန်သေးပါဘူး။ တရားဝင် မတုံ့ပြန်သေးတော့ အနီးကပ်မှ ကပ်စီစဉ်ရရင်တော့ ခက်ခဲပါတယ်”ဟုဆိုသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပနိုင်ရေး  ရန်ပုံငွေအတွက် ရွှေသံစဉ်ဂီတဖောင်ဒေးရှင်း၊ Action Times ဖောင်ဒေးရှင်းတို့မှ  အနုပညာရှင်များက ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၉ရက်မှ ဒီဇင်ဘာ ၂၃ရက်အထိ ၁၇ရက် ကြာ အဆို၊အက၊ ကဗျာရွတ်ခြင်းနှင့် ပါဖောမန့်များဖြင့် ရွေ့လျား ဖျော်ဖြေရေးပွဲများကို ရန်ကုန်မြို့ အပါအဝင်မြို့နယ်ပေါင်း  ရှစ်ခုတွင် ပြုလုပ်ပြီး အလှူငွေကောက်ခံခဲ့ကြသည်။ ရရှိသော အလှူငွေပေါင်း ကျပ် သိန်း ၁၆၀ကို ဗိုလ်ချုပ်ရာပြည့်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ (နတ်မောက်)သို့ လှူဒါန်းပွဲကို ရန်ကုန်မြို့ စီးတီးစတားဟိုတယ်တွင် ဇန်နဝါရီ ၃၀ ရက်ကကျင်းပပြီး ယင်းအခမ်းအနားတွင် ဦးဝင်းမော်က ပြောကြားခဲ့ခြင်းဖြစ်သည်။

Action Times ဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါ်အိနြေ္ဒနေနွယ်က "ကျွန်မတို့ကအလှူငွေ ရဖို့တင် မကဘဲ လူထုစိတ်ထဲ ဗိုလ်ချုပ်ရာပြည့်ပွဲနဲ့ ပတ်သက်ပြီး အသိပညာတွေ၇စေချင်တယ်၊ တက်တက်ကြွကြွ ပါဝင်စေချင်လို့ လုပ်ဖြစ်တာပါ ”ဟုဆိုသည်။

ဗိုလ်ချုပ်ရာပြည့်ပွဲတော်ကို  ဗိုလ်ချုပ်၏ မွေးရပ်မြေ နတ်မောက်မြို့တွင် ဖေဖော်ဝါရီ ၇ ရက်မှ  ၁၃၇က်အထိ ကဗျာရွတ်ပွဲ၊ ပြခန်းများ၊ ဟောပြောပွဲများဖြင့် စည်ကားစွာကျင်းပမည်ဖြစ်ပြီး တရားပွဲများနှင့် အနုပညာ ရှငိများ၏ ဇာတ်သဘင်များ၊ ပြဇာတ်များလည်း ပါဝင်မည်ဖြစ်သည်။ ပွဲတော်၏ နောက်ဆုံးနေ့ ဗိုလ်ချုပ် မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗိုလ်ချုပ်နေအိမ်၌ အင်္ဂလိပ်မြန်မာ နှစ်ဘာသာပါ ဗိုလ်ချုပ်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင် ဖွင့်လှစ်စိုက်ထူမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment