Saturday 31 January 2015

ဘူးသီးတောင်ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးထားသူသုံးဦးကို ပုဒ်မ နှစ်ခု ဖြင့် တရားစွဲဆိုထား၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရပါက ဥပဒေနှင့် အညီ ဆက်လက်တရားစွဲမည်

၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ရက်က ဘူးသီးတောင်မြို့နယ် ထွေ/ အုပ်ရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့် ဖမ်း ဆီးထားသူ ဘင်္ဂါလီသုံးဦးကို ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုထားရာ အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရပါက ပေါက်ကွဲ စေတတ်သော အရာဝတ္ထုများအက် ဥပဒေဖြင့် ဆက်လက်တရားစွဲဆို သွားမည်ဖြစ်ကြောင်း ခရိုင်ဥပဒေရုံး မှ သိရသည်။

ဘူးသီးတောင်မြို့ ဗုံးပေါက်ကွဲ မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူး လွန်သူ အာမောက်ဒူလာ၊ နုရ်ရာ လောင်(ခ)အောင်နိုင် နှင့် ရာမာလီ သုံးဦးတို့ကို ဖမ်းဆီးကာ နိုဝင်ဘာ ၁၄ ရက်က လက်နက်ဥပဒေပုဒ်မ-၁၉(စ) အရ ဘူးသီးတောင်မြို့နယ် တရားရုံး တွင် တရားစွဲဆိုခဲ့ပြီး မြို့နယ်တရားရုံး က ပြစ်မှုကြီးအမှု အမှတ်-၂၆၇/ ၂၀၁၄ အရ လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဗုံးဖောက်ခွဲသူများမှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသုံး GRAMMEN ဖုန်း ဆင်းမ်ကတ်အသုံးပြု၍ ဖောက်ခွဲခဲ့ ခြင်းဖြစ် သည့် အတွက် တရားမဝင် ဆက်သွယ်ရေးဆင်းမ်ကတ် အသုံးပြု မှုဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ အရ နိုဝင်ဘာ ၁၉ ရက်က ဆက်လက်တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးမှ ပြစ်မှုကြီးအမှုအမှတ်- ၂၉၉/၂၀၁၄ အရ လက်ခံစစ်ဆေးနေ ကြောင်း ခရိုင်ဥပဒေအရာရှိ ဦးမြင့် သန်းက ပြောကြားသည်။

ပေါက်ကွဲစေတတ်သော အရာ ဝတ္ထုများအက်ဥပဒေဖြင့် ဆက်လက် တရားစွဲဆိုရန် အစိုးရအဖွဲ့၏ခွင့်ပြု ချက်ကို တောင်းခံထားပြီး ခွင့်ပြုချက် ရရှိပါက ပေါက်ကွဲဥပဒေပုဒ်မ ၃/၅ ဖြင့်လည်း ဆက်လက်တရားစွဲဆို သွားမည်ဖြစ်သည်။

NT
‎Democracytoday‬

No comments:

Post a Comment