Thursday 15 January 2015

အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော

Photo: အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော 
Thursday, January 15, 2015 

အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ဟု ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်း

လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်း ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က စီမံကိန်း လုပ်ကိုင်ခွင့်ရရှိထားသော မြန်မာဝမ်ပေါင်ကုမ္ပဏီက လျော်ကြေးငွေရယူထားခြင်း မရှိသော ဒေသခံများ၏ လယ်ယာမြေများပေါ်တွင် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာမှ ဒေသခံတောင်သူများနှင့် ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုကို လုံခြုံရေးရယူနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှစ်ဖက်ထိပ်တိုက်တွေ့စဉ် ရဲတပ်ဖွဲ့ကပစ်ခတ်မှု ပြုလုပ်ရာ မိုးကြိုးပြင်အလယ်ရွာမှ ဒေါ်ခင်ဝင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ သေဆုံးခဲ့ပြီး ဒေသခံတောင်သူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသား အလုပ်သမားများ ခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယင်းအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ဒီဇင်ဘာ ၃ဝ ရက်မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ မုံရွာမြို့နှင့် ဆားလင်းကြီးမြို့များသို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဆေးရုံအုပ်ကြီးနှင့် မှုခင်းဆရာဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာ၊ ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံ၍ ရှင်းလင်းတင်ပြချက်များနှင့် သက်သေထွက်ဆိုချက်များကို ရယူခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြောင်းသိရပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး မေးမြန်းခဲ့ခြင်း ရှိ၊ မရှိကိုမူ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

လက်ပံတောင်း အဓိကရုဏ်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုအပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ သုံးသပ်ချက်များမှာ လုံခြုံရေးအဖွဲ့များနှင့် ရွာသူ၊ ရွာသားများ နီးကပ်လွန်းသဖြင့် စီမံချက်ပါ အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘဲ ရွာသားများနှင့် လုံခြုံရေးအဖွဲ့များ ထွေးလုံးရစ်ပတ် တိုက်ခိုက်ရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ကွပ်ကဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှု အားနည်းခြင်းကြောင့် လုံခြုံရေးစီမံချက်ပါ လူစုခွဲခြင်း အဆင့်ဆင့်၌ ရေလုံးနှင့်မျက်ရည်ယိုဗုံးကို အသုံးပြုနိုင်ခဲ့ခြင်း မရှိသဖြင့် နှစ်ဖက်စလုံး၌ ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် စီမံချက်ပါ လူ၊ လက်နက်ခဲယမ်း ဖွဲ့စည်းပုံအရ ကိုင်ဆောင်ရန် သတ်မှတ်ထားသည့် အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခြင်းသည် ကမ္ဘာလူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၃)၌ ပြဋ္ဌာန်းထားသည့် လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့် ရှိသည်ဟူသည့် အချက်အရ ၎င်း၏အသက်ရှင်သန်မှု အခွင့်အရေးကို ထိခိုက်စေခဲ့ကြောင်း၊ နှစ်ဖက်သက်သေထွက်ဆို ချက်များ၏ မှန်ကန်ခိုင်မာမှုကို ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း စသည်တို့ကို သုံးသပ်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဆားလင်းကြီးရဲစခန်းတွင် ဖွင့်လှစ်ထားသည့် သေမှုသေခင်းအမှတ်စဉ် (၄/၂ဝ၁၄) အား ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေး စီမံချက်ကို စနစ်တကျ အကောင်အထည်ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများအားဖော်ထုတ်၍ ထိုက်သင့်သလို အရေးယူဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိသည့် ရဲတပ်ဖွဲ့ဝင်တို့အား ဖော်ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ကြေးနီစီမံကိန်းနှင့် စပ်လျဉ်းသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အဘက်ဘက်မှ အပြန်အလှန်သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းချက် ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း နယ်မြေပိုင်းခြားသတ်မှတ်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ရေးဆွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့မှ နှောင့်ယှက်ဟန့်တားမှုများအား သတိပေးတားမြစ်ခြင်း ဆောင်ရွက်ရာတွင် ၎င်းတို့မှလိုက်နာခြင်းမရှိဘဲ ရှေ့ဆက်တိုးလာပါက လုံခြုံရေးရဲတပ်ဖွဲ့မှ (က) အင်အားပြ ခြောက်လှန့်လူစုခွဲခြင်း၊ (ခ) အသံဖြင့်ခြောက်လှန့် လူစုခွဲခြင်း၊ (ဂ) ရေလုံးဖြင့်လူစုခွဲခြင်း၊ (ဃ) မျက်ရည်ယိုဗုံး အသုံးပြုလူစုခွဲခြင်း၊ (င) ရော်ဘာတုတ်၊ ဒိုင်းများအသုံးပြု၍ လူစုခွဲခြင်း၊ (စ) လူစုလူဝေးဖြိုခွဲရေး လက်နက်ခဲယမ်းများ အသုံးပြု၍ လူစုခွဲခြင်း၊ (ဆ) အကြမ်းဖက်နှိမ်နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲခြင်း စသည့်အပိုင်းခုနစ်ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင်၏ တွေ့ရှိချက်များ နှင့်ပတ်သက်၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့်နေ့က အဓိကရုဏ်းဖြစ်စဉ်တွင် အဆင့်(၃)ဖြစ်သည့် ရေလုံးဖြင့် လူစုခွဲခြင်းအတွက် မီးသတ်ယာဉ် တွဲဖက်ထားသော်လည်း ပြန့်ကျဲနေသော လူအုပ်စုများဖြစ်၍ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ မီးသတ်ကားမှာလည်း တစ်စီးသာရှိကြောင်း၊ အဆင့်(၄)ဖြစ်သည့် မျက်ရည်ယိုဗုံး အသုံးပြုခြင်းအတွက် မျက်ရည်ယိုဗုံး ထုတ်ပေးထားခြင်း မရှိသဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လူစုခွဲခြင်း နောက်ဆုံးအဆင့် (၇)တွင် အဓိကကျသူကို တိကျသော ပစ်မိန့်ပေး၍ အကြမ်းဖက်နှိမ်နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲရမည်ဖြစ်သော်လည်း ယခုပစ်ခတ်မှုများသည် အဆင့်အချို့ကို ကျော်လွန်၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ကွပ်ကဲမှုအဖွဲ့သည် လုံခြုံရေးစီမံချက်ပါ ပစ္စည်းပစ္စယ အသုံးအဆောင်များ

ပြည့်စုံစွာပါရှိအောင် စီမံမှုမရှိခြင်း၊ လူစုခွဲရာ၌ သတ်မှတ်ထားသည့် အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့မှု မရှိခြင်းကို တွေ့ရကြောင်းနှင့် လူစုခွဲရာတွင်အဆင့်လိုက်၊ အကွာအဝေးအလိုက် သုံးစွဲရမည့် လက်နက်များကို စီမံချက်ပါ အပိုင်းလိုက်သုံးစွဲခဲ့သည့် အခြေအနေမျိုးမရှိဘဲ တစ်ပြိုင်နက်တည်း အရေးပေါ်သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွာသူရွာသားများအား စစ်ဆေးမေးမြန်းရာတွင် ဒေါ်ခင်ဝင်းသည် ကျည်ဆန်ထိမှန်ခံရသည့်အချိန်က မတ်တတ်ရပ် အနေအထားဖြစ်ပြီး ထိုင်လျက်အနေအထား မဟုတ်ကြောင်း၊ ဒေါ်ခင်ဝင်းရှိရာနေရာ တည့်တည့်ဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိပြီး အချို့မှာရပ်လျက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ ထို့နောက် ပြန်ထိုင်ပြီး နောက်တစ်ဖွဲ့မှ ထလျက်ပစ်ကြောင်း ထွက်ဆိုခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ရွာသူရွာသားများသည် တုတ်၊ ဓား၊ လေးခွ၊ တံစဉ်း၊ ဂျင်ဂလိများ ကိုင်ဆောင်ပြီး ဂျင်ဂလိ၊ လေးခွများဖြင့် ပစ်ခတ်ကြောင်း၊ ဓားဖြင့်ဒိုင်းကိုခေါက်ကြောင်း၊ ဓားဝှေ့ယမ်းလျက် တိုးဝင်လာသဖြင့် သတိပေးခြောက်လှန့်ရန် အမိန့်ပေးခဲ့ပြီး သေနတ်များကို မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြကြောင်း ထွက်ဆိုခဲ့ကြသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လက်ပံတောင်းတောင် အဓိကရုဏ်း စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group 

ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ခြံစည်းရိုး တိုးမြှင့်ခတ်ခြင်းကို တားဆီးနေသည့် ဒေသခံများအား တွေ့ရစဉ်
ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ခြံစည်းရိုးတိုးမြှင့်ခတ်ခြင်းကို တားဆီးနေ သည့် ဒေသခံများအား တွေ့ရစဉ်
အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်း ကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ဟု ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်း

လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် နှိမ်နင်းရေး လက်နက် များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်း ဖြစ်စဉ်တွင် ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က စီမံကိန်း လုပ်ကိုင်ခွင့်ရရှိထားသော မြန်မာဝမ်ပေါင်ကုမ္ပဏီက လျော် ကြေးငွေရယူထားခြင်းမရှိသော ဒေသခံများ၏ လယ်ယာမြေများပေါ်တွင် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာမှ ဒေသခံတောင်သူများနှင့် ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုကို လုံခြုံရေးရယူနေ သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှစ်ဖက်ထိပ်တိုက်တွေ့စဉ် ရဲတပ်ဖွဲ့ကပစ်ခတ်မှု ပြုလုပ်ရာ မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍ သေဆုံးခဲ့ပြီး ဒေသခံတောင်သူများ၊ ရဲတပ်ဖွဲ့ဝင် များနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသား အလုပ်သမားများ ခိုက်ဒဏ်ရာများ ရရှိခဲ့ သည်ဟု သိရသည်။

ယင်းအဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ ဒီဇင်ဘာ ၃ဝ ရက်မှ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ မုံရွာမြို့နှင့် ဆားလင်းကြီးမြို့များသို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဆေးရုံအုပ်ကြီးနှင့် မှုခင်းဆရာဝန်ကြီးများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာ၊ ဒေသခံရွာသူရွာသားများနှင့် တွေ့ဆုံ၍ ရှင်းလင်းတင်ပြချက် များနှင့် သက်သေထွက်ဆိုချက်များကို ရယူခဲ့ကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြောင်း သိရပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး မေးမြန်းခဲ့ခြင်း ရှိ၊ မရှိကိုမူ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

လက်ပံတောင်း အဓိကရုဏ်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုအပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော် မရှင်၏ သုံးသပ်ချက်များမှာ လုံခြုံရေးအဖွဲ့များနှင့် ရွာသူ၊ ရွာသားများ နီးကပ်လွန်းသဖြင့် စီမံချက်ပါ အဆင့် အလိုက် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘဲ ရွာသားများနှင့် လုံခြုံရေးအဖွဲ့များ ထွေးလုံးရစ်ပတ် တိုက်ခိုက်ရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ကွပ်ကဲမှုအဖွဲ့၏ စီမံဆောင်ရွက်မှု အားနည်းခြင်းကြောင့် လုံခြုံရေးစီမံချက်ပါ လူစုခွဲခြင်း အဆင့်ဆင့်၌ ရေလုံးနှင့်မျက်ရည်ယိုဗုံးကို အသုံးပြုနိုင်ခဲ့ခြင်း မရှိသဖြင့် နှစ်ဖက်စလုံး၌ ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် စီမံချက်ပါ လူ၊ လက်နက် ခဲယမ်း ဖွဲ့စည်းပုံအရ ကိုင်ဆောင်ရန် သတ်မှတ်ထားသည့် အကြမ်းဖက် နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခြင်း သည် ကမ္ဘာလူ့အခွင့် အရေး ကြေညာစာတမ်း အပိုဒ်(၃)၌ ပြဋ္ဌာန်းထားသည့် လူတိုင်းတွင် အသက်ရှင် သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့် ရှိသည်ဟူသည့် အချက်အရ ၎င်း၏အသက်ရှင်သန်မှု အခွင့်အရေးကို ထိခိုက်စေ ခဲ့ကြောင်း၊ နှစ်ဖက်သက်သေထွက်ဆို ချက်များ၏ မှန်ကန်ခိုင်မာမှုကို ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်သင့်ကြောင်း စသည်တို့ကို သုံးသပ်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဆားလင်းကြီး ရဲစခန်းတွင် ဖွင့်လှစ်ထားသည့် သေမှုသေခင်းအမှတ်စဉ် (၄/၂ဝ၁၄) အား ဥပ​​ဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေး စီမံချက်ကို စနစ်တကျ အကောင်အထည်ဖော်ရန် အားနည်းခဲ့သည့် ကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများအားဖော်ထုတ်၍ ထိုက်သင့် သလို အရေးယူဆောင်ရွက်သင့်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့်လုံခြုံရေးစီမံချက်ပါ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိသည့် ရဲတပ်ဖွဲ့ဝင်တို့အား ဖော်ထုတ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်းသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အဘက် ဘက်မှ အပြန်အလှန်သုံးသပ်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများ ထပ်မံမဖြစ်ပေါ်အောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းချက် ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း နယ်မြေပိုင်းခြားသတ်မှတ်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်း ခြံစည်းရိုးတိုးချဲ့ကာရံစဉ် ဆောင်ရွက်မည့် လုံခြုံရေးစီမံချက်ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ရေးဆွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့မှ နှောင့်ယှက်ဟန့်တားမှုများအား သတိပေးတားမြစ်ခြင်း ဆောင်ရွက်ရာတွင် ၎င်းတို့မှလိုက်နာခြင်းမရှိဘဲ ရှေ့ဆက်တိုးလာပါက လုံခြုံရေးရဲတပ်ဖွဲ့မှ (က) အင်အားပြ ခြောက်လှန့်လူစုခွဲခြင်း၊ (ခ) အသံဖြင့်ခြောက်လှန့် လူစုခွဲခြင်း၊ (ဂ) ရေလုံးဖြင့် လူစုခွဲခြင်း၊ (ဃ) မျက်ရည်ယိုဗုံး အသုံးပြုလူစုခွဲခြင်း၊ (င) ရော်ဘာတုတ်၊ ဒိုင်းများအသုံးပြု၍ လူစုခွဲခြင်း၊ (စ) လူစုလူဝေးဖြိုခွဲရေး လက်နက်ခဲယမ်းများ အသုံးပြု၍ လူစုခွဲခြင်း၊ (ဆ) အကြမ်းဖက် နှိမ်နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲခြင်း စသည့်အပိုင်းခုနစ်ပိုင်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင်၏ တွေ့ရှိချက်များ နှင့်ပတ် သက်၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူသေဆုံးမှု ဖြစ်ပွားခဲ့သည့်နေ့က အဓိကရုဏ်းဖြစ်စဉ်တွင် အဆင့်(၃)ဖြစ်သည့် ရေလုံးဖြင့် လူစုခွဲခြင်း အတွက် မီးသတ်ယာဉ် တွဲဖက်ထားသော်လည်း ပြန့်ကျဲနေသော လူအုပ်စုများဖြစ်၍ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ မီးသတ်ကားမှာလည်း တစ်စီးသာရှိကြောင်း၊ အဆင့်(၄)ဖြစ်သည့် မျက်ရည်ယိုဗုံး အသုံးပြုခြင်း အတွက် မျက်ရည်ယိုဗုံး ထုတ်ပေးထားခြင်း မရှိသဖြင့် ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် လူစုခွဲခြင်း နောက်ဆုံးအဆင့် (၇)တွင် အဓိကကျသူကို တိကျသော ပစ်မိန့်ပေး၍ အကြမ်းဖက်နှိမ် နင်းရေး လက်နက်ခဲယမ်းများဖြင့် လူစုခွဲရမည်ဖြစ်သော်လည်း ယခုပစ်ခတ်မှုများသည် အဆင့်အချို့ကို ကျော်လွန်၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိခဲ့ကြောင်း၊ ကွပ်ကဲမှုအဖွဲ့သည် လုံခြုံရေးစီမံချက်ပါ ပစ္စည်းပစ္စယ အသုံးအဆောင်များ

ပြည့်စုံစွာပါရှိအောင် စီမံမှုမရှိခြင်း၊ လူစုခွဲရာ၌ သတ်မှတ်ထားသည့် အဆင့်အလိုက် ဆောင်ရွက်နိုင်ခဲ့မှု မရှိခြင်းကို တွေ့ရကြောင်းနှင့် လူစုခွဲရာတွင်အဆင့်လိုက်၊ အကွာအဝေးအလိုက် သုံးစွဲရမည့် လက်နက်များ ကို စီမံချက်ပါ အပိုင်းလိုက်သုံးစွဲခဲ့သည့် အခြေအနေမျိုးမရှိဘဲ တစ်ပြိုင်နက်တည်း အရေးပေါ်သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွာသူရွာသားများအား စစ်ဆေးမေးမြန်းရာတွင် ဒေါ်ခင်ဝင်းသည် ကျည်ဆန်ထိမှန်ခံရသည့်အချိန်က မတ် တတ်ရပ် အနေအထားဖြစ်ပြီး ထိုင်လျက်အနေအထား မဟုတ်ကြောင်း၊ ဒေါ်ခင်ဝင်းရှိရာနေရာ တည့်တည့် ဘက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရှိပြီး အချို့မှာရပ်လျက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း၊ ထို့နောက် ပြန် ထိုင်ပြီး နောက်တစ်ဖွဲ့မှ ထလျက်ပစ်ကြောင်း ထွက်ဆိုခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း ရွာသူရွာသား များသည် တုတ်၊ ဓား၊ လေးခွ၊ တံစဉ်း၊ ဂျင်ဂလိများ ကိုင်ဆောင်ပြီး ဂျင်ဂလိ၊ လေးခွများဖြင့် ပစ်ခတ် ကြောင်း၊ ဓားဖြင့်ဒိုင်းကိုခေါက်ကြောင်း၊ ဓားဝှေ့ယမ်းလျက် တိုးဝင်လာသဖြင့် သတိပေး ခြောက်လှန့် ရန် အမိန့် ပေးခဲ့ပြီး သေနတ်များကို မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြကြောင်း ထွက်ဆိုခဲ့ကြသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လက်ပံတောင်းတောင် အဓိကရုဏ်း စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group 

No comments:

Post a Comment