Thursday 15 January 2015

ရုရှား သူလျှိုနှစ်ဦးကို ကလေး ငယ်တစ်ဦးက ပစ်သတ်သည့် ဗီဒီယို အိုင်အက်စ် အဖွဲ့ ထုတ်လွှင့်


ယောက်ကျားလေးငယ်တစ်ဦးက ရုရှားစပိုင်နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ကာ ကွပ်မျက်ပစ်သည့် ဗီဒီယိုကို အိုင်အက်စ် အဖွဲ့ ကထုတ်လွှင့်လိုက် သည်။


ဗီဒီယိုတွင် ဒူးထောက်လျက်သား စပိုင်နှစ်ဦး၏နောက်တွင်သေနတ်ဖြင့် ချိန်ရွယ်နေသည့် အရွယ်မရောက် သေးသည့်ယောက်ျားလေးတစ်ဦးနှင့် အိုင်အက်စ်အဖွဲ့သားတစ်ဦးတို့ ရပ်လျက်ရှိသည်ကိုတွေ့ရသည်။ မီးခိုး ရောင်အင်္ကျီဖြင့် ယင်းစပိုင်နှစ်ဦး လဲကျနေပုံတို့ကိုလည်း ဗီဒီယိုတွင်ရိုက်ကူးပြသထားသည်ကိုတွေ့ ရသည်။

သို့ သော်လည်း အဆိုပါ သူလျှိုနှစ်ဦး သတ်ဖြတ် ခံရသည့် ဒဏ်ရာအနေ အထားနှင့်သွေး ထွက်သည့် ပုံစံများအရ ယင်းကလေးငယ်က ၎င်းတို့ ကို ကွပ်မျက်ပစ် သည့်ပုံပေါက်အောင် တည်းဖြတ် ထုတ်လွှင့်သည့် ဗီဒီယိုဖြစ်သည်ဟုလည်း ခန့် မှန်းချက် များရှိနေသည်။

ဗီဒီယိုသည် ခုနစ်မိနစ်ခွဲခန့် သာကြာသည့် ဗီဒီယိုဖြစ်သည်။ အဆိုပါ အဖမ်းခံထားရသူနှစ်ဦးကို မေးမြန်း နေပုံများနှင့် ၎င်းတို့ နှစ်ဦးက ရုရှားသူလျှို များဖြစ်သည့် ဟုဝန်ခံပုံများလည်း ဗီဒီယိုတွင် ပါရှိသည်။

ဗီဒီယိုတွင် ပါဝင်သည့် အိုင်အက်စ် စစ်သားက “အလာလ်ရှင်မြတ်က ဒီစပိုင်နှစ် ဦးကို အစ္စလာမ်မစ် နိုင်ငံ တော် အတွက် လက်ဆောင်ပေး တာပါ။”ဟု ကင်မရာ ဖက်လှည့် ကာပြော ဆိုခဲ့သည်။

ထိုသို့ စပိုင်နှစ်ဦးကို လူငယ်လေးက ပစ်သတ်ပစ်လိုက်ဖွယ်ရှိသည့် ဗီဒီယိုတွင် ၎င်းလူငယ်အား နောင် တစ်ချိန်မှာ ဘယ်လိုလူမျိုးဖြစ်မလဲ ဟုမေးမြန်း ထားသည်။ “ကျွန်တော်က ကာဖာ(မွတ်စလင် မဟုတ်သူ များ) တွေအတွက် သားသတ်သမား တစ်ဦးဖြစ်လာပါ လိမ့်မယ်။”ဟု ရယ်ပြုံး လျက်ဖြေ ထားခဲ့သည်။

Ref: Mail Online
Mizzima - News in Burmese 

No comments:

Post a Comment