Thursday 15 January 2015

ဒေါ်ခင်ဝင်းသေဆုံးမှုကိုစစ်ဆေးရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ ဖွဲ့စည်းပေး ထားသော ဖြစ်ရပ်မှန်စုံစမ်းရေးကော်မတီ၏ အစီရင်ခံစာ ပြင်ပသို့ ထုတ်ပြန်ရန်မရှိဟုဆို

မုံရွာ၊ ဇန်နဝါရီ ၁၄-လက်ပံတောင်း ပဋိပက္ခတွင် ဦးခေါင်း သေနတ်ထိ မှန်သေဆုးံခဲ့သော ဒေါ်ခင်ဝင်း သေ ဆုံးမှုကို စစ်ဆေးရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ဖွဲ့စည်းပေးထားသော ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးရေး ကော်မတီသည် ဌာနတွင်းဖွဲ့စည်းထားသော ကော်မတီဖြစ်သောကြောင့် စစ်ဆေးမှုများအား ပြင်ပသို့ ထုတ်ပြန် ရန်မရှိဟု ၎င်းကော်မတီမှတိုင်းဒေသ ကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူဇော် ကပြောသည်။

''ဒါကဌာနတွင်း ဖွဲ့စည်းတဲ့ စုံ စမ်းစစ်ဆေးရေးကော်မရှင်ဖြစ်တဲ့ အတွက် ကျွန်တော်တို့ကလဲ ဝန်ထမ်း တွေဖြစ်တယ်၊ ဝန်ထမ်းတွေဖြစ်လို့ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံလျှို့ဝှက် အက် ဥပဒေကို လိုက်နာရတာ ဖြစ်တဲ့အ တွက် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်လို ထုတ်ပြန်ချက်ထုတ်ပြန်မှာ မဟုတ်ဘူး၊ ဒါနဲ့ပတ်သက် လို့ လုပ်စရာရှိတာကို လုပ်ထုံးလုပ်နည်းနဲ့အညီ စည်းမျဉ်းစည်းကမ်းနဲ့ ဆောင်ရွက်နေပါတယ်၊ ဘယ်အဆင့် ရောက်နေတယ်၊ ဘယ်သူတွေကိုစစ် နေတယ် ပြောပိုင်ခွင့်မရှိပါဘူး၊ လို့ အဲလိုပဲ အသိပေးလို ပါတယ်''ဟု ဦး ကျော်သူဇော်က ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းတွင် ဒီမိုကရေစီတူဒေးသ တင်းစာ၏ ဆက်သွယ်မှုအား ပြန် လည်ဖြေကြားခဲ့သည်။

၎င်းကော်မတီသည် အရပ်သား များအား စစ်ဆေးလျှင်လည်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် စာပို့အကြောင်းကြားပြီး စစ်ဆေးနေ ကြောင်း စစ်ဆေးချက်အစီရင်ခံစာဌာနတွင်း အကြီးအကဲထံသို့သာ တင် ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံတောင်သူဒေါ်ခင်ဝင်း သေဆုးံခဲ့သော လက်ပံတောင်းပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးနှင့် တွေ့ ဆုံခဲ့သူ ပြည်သူ့လွှတ်တော် အမတ်ဒေါ်ခင်စန်းလှိုင်က ''ကျွန်မ
ဝန်ကြီးချုပ်နဲ့တွေ့တော့ တိုင်းအတွင်း ရေးမှူး ဦးစိုးစိုးဇော်ကိုယ်တိုင် ဒီစုံစမ်း မှုကို နှစ်ပတ်အကြာမှာ ပြီးမယ်ပြော တယ်၊ ဟိုနေ့က ဖုန်းဆက်မေးတော့ စစ်ဆေးဆဲလို့ ပြောတယ်၊ ဒါတွေက ဆင်သေကို ဆိတ် သားရေနဲ့ဖုံးစရာမလိုဘူး၊ ကိုယ့်ဘက်က တွေ့ရှိချက်တွေ ကိုချပြရမယ်၊ ဒီလိုရှည်ကြာနေလို့လဲ ပြသနာ တွေ တစ်ခုပြီးတစ်ခုဖြစ်နေ တာ၊ ဒါနဲ့ပတ်သက်ပြီး လာမယ့် ၁၉ ရက်လွှတ်တော်မှာ အရေးကြီးအဆို တစ်ခု တင်သွင်းမယ်၊ ဒါကြောင့် ၁၇ရက်မှာ အဲဒီဖြစ်စဉ် က တွေ့ရှိချက်ကို တိုင်းအစိုးရထံမှာ ကျွန်မမေးသွား မှာပါ''ဟုပြောသည်။

KTS
‎Democracytoday‬

No comments:

Post a Comment