Thursday 15 January 2015

UNA တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်

Photo: UNA တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်
Thursday, January 15, 2015  

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင် တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလ ၁၈ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နိုင်ငံရေး ဆွေးနွေး ပွဲတွေ ကျင်းပနိုင် ရေး နဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးတို့ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

UNA ညီလာခံအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေချိန်မှာ နိုင်ငံရေး မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့အတွက် ဆွေးနွေးမှာဖြစ်တယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"UNA ညီလာခံမှာ အနာဂါတ် မြန်မာနိုင်ငံရေးအတွက်ကို နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သင့်ပြီလို့ ကျနော်တို့ ဆုံးဖြတ်ထားတာရှိတယ်၊ UNA ကလည်း ကိုယ့်ဘာသာကိုယ်လုပ်နေပြီ၊ နိုင်ငံရေးဆွေးနွေးပွဲကဏ္ဍမှာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်မှုအခန်းကဏ္ဍက ယူနေတယ်လို့ အားလုံးမြင်တဲ့ NLD နဲ့ လူမှုအဖွဲ့အစည်းတွေက ၈၈ လိုဟာမျိုးပေါ့ လာပြီးတော့မှ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကို ကျန်ာတို့ကမ်းလှမ်းဖို့ပါ၊ အဲဒီ့မှာ သူတို့ရဲ့ပူးပေါင်းပါဝင်မှု လိုအပ်တယ်၊ ဒါဟာ ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း စည်းလုံးညီညွှတ်ဖို့ လိုအပ်တယ်ဆိုတာကိုမြင်လို့ အဲ့ကိစ္စသွားဆွေးနွေးမှာပါ"

UNA အနေနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေအပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ကို ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ UNA ညီလာခံကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလ ၁၈ ရက်နေ့ နေပြည်တော်မှာတွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးတို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

UNA ညီလာခံအနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေချိန်မှာ နိုင်ငံရေး မိတ်ဖက်အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့အတွက် ဆွေးနွေးမှာဖြစ်တယ်လို့ UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

"UNA ညီလာခံမှာ အနာဂါတ် မြန်မာနိုင်ငံရေးအတွက်ကို နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သင့်ပြီလို့ ကျနော် တို့ ဆုံးဖြတ်ထားတာရှိတယ်၊ UNA ကလည်း ကိုယ့်ဘာသာကိုယ်လုပ်နေပြီ၊ နိုင်ငံရေးဆွေးနွေးပွဲကဏ္ဍမှာ မြန်မာ့နိုင်ငံရေးကို ဦးဆောင်မှုအခန်းကဏ္ဍက ယူနေတယ်လို့ အားလုံးမြင်တဲ့ NLD နဲ့ လူမှုအဖွဲ့အစည်း တွေက ၈၈ လိုဟာမျိုးပေါ့ လာပြီးတော့မှ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ကို ကျန်ာတို့ကမ်းလှမ်းဖို့ပါ၊ အဲဒီ့မှာ သူတို့ရဲ့ပူးပေါင်းပါဝင်မှု လိုအပ်တယ်၊ ဒါဟာ ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း စည်းလုံးညီညွှတ်ဖို့ လိုအပ် တယ်ဆိုတာကိုမြင်လို့ အဲ့ကိစ္စသွားဆွေးနွေးမှာပါ"

UNA အနေနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေအပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံ ရေး အကျဉ်းသားဟောင်းများအဖွဲ့ စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ကို ကြိုးပမ်းသွားမယ် လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ UNA ညီလာခံကို ပထမဆုံးအကြိမ် ကျင်း ပခဲ့ပြီး နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရသာ ဖြေရှင်းသွားဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ကို ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန် အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင်အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese 

No comments:

Post a Comment