Thursday 15 January 2015

မြန်မာအစိုးရမှ တရုတ်သို့ တရားဝင်သစ်တင်ပို့ခွင့်ပြုထားသည့်ပမာဏမှာ ၃၈ရာခိုင်နှုန်းရှိ၊ ကျန် ၆၂ရာခိုင်နှုန်းမှာ တရားမဝင်ပို့နေခြင်းဖြစ်

Photo: မြန်မာအစိုးရမှ တရုတ်သို့ တရားဝင်သစ်တင်ပို့ခွင့်ပြုထားသည့်ပမာဏမှာ
၃၈ရာခိုင်နှုန်းရှိ၊ ကျန် ၆၂ရာခိုင်နှုန်းမှာ တရားမဝင်ပို့နေခြင်းဖြစ်
Thursday, January 15, 2015

နေပြည်တော်၊ ဇန်နဝါရီ ၁၄- မြန် မာအစိုးရမှ တရုတ်သို့ တရားဝင် သစ်တင်ပို့ခွင့် ပြုထားသည့် ပမာဏ သည် ၃၈ရာခိုင်နှုန်းသာရှိပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် တရားမဝင် တင်ပို့နေခြင်းသာဖြစ်ကြောင်း ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

ဇန်နဝါရီ ၁၄ရက်တွင် နေပြည် တော် (Grand Amara Hotel) တွင် ပြု လုပ်သော မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့၏ သစ်ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ''နိုင်ငံတော်အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုကို လျှော့ ချဆောင်ရွက် နေပေမယ့် တစ်ဖက်ကလည်း တရားမ ဝင်သစ်ခိုးထုတ်မှုတွေက တိုးတက်စွာ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နဲ့ ထိစပ်နေတဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားသွားလာနေ တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်''ဟု ပြောသည်။

တရားမဝင် သစ်ခုတ်လှဲရောင်း ချခြင်းနှင့် တရားမဝင်သစ်ခိုးယူသူတွေထံမှ အခွန်ကောက်ခံခြင်းသည် ယင်းဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏အဓိကငွေရစေသည့် လုပ်ငန်းများ ဖြစ်သော်လည်း နိုင်ငံတော်နှင့်ပြည် တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ထိခိုက်နှောင့်နှေးစေ ပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးမှုကိုပါ အဟန့်အတားဖြစ်စေကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် နယ်စပ်ဒေသ၌ တရား မဝင်ကုန်သွယ်မှု အခြေအနေများနှင့် ပတ်သက်၍ အင်္ဂလန်နိုင်ငံ အခြေ စိုက် နိုင်ငံတကာသဘာဝပတ်ဝန်း ကျင်စုံစမ်းရေးအဖွဲ့(EIA)နှင့်(Global Witness) တို့၏အစီရင် ခံစာတွင်လည်း မြန်မာနိုင်ငံဘက်မှ ပြည်ပနိုင်ငံများသို့ တရားမဝင် သစ်တင်ပို့မှုသည် တရားဝင်တင်ပို့ မှုဖြင့် နှိုင်းယှဉ်ပါက အဆမတန် များပြားနေသည်ကိုလည်း ဖော်ပြ ထားကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖော်ပြချက်များ ကို ဒုတိယဝန်ကြီးက ကိုးကားပြောဆိုခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် လည်း ၂၀၁၁-၂၀၁၂ခုနှစ်မှ ၂၀၁၄ -၂၀၁၅ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင်သစ်မျိုးစုံ စုစုပေါင်း ၁၄၁၂၄၉ ဒသမ ၈၄တန် ဖမ်းဆီး ရမိခဲ့ကြောင်းလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီ ၅ရက် ၌လည်း ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်ရှိ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ တို့တွင် ဇန်နဝါရီ ၂ရက်မှ ၄ရက် အထိ သစ်ခိုးထုတ်မှုများတွင်ပါဝင် သည့် တရုတ်နိုင်ငံသား ၁၀၂ဦးနှင့် မြန်မာနိုင်ငံသား ၂ဝဦးတို့ကို ဖမ်းဆီး ခဲ့ပြီး ယင်းနောက် တရုတ်နိုင်ငံသား ၁ရဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

MP
Democracytoday
မြန်မာအစိုးရမှ တရုတ်သို့ တရားဝင် သစ်တင်ပို့ခွင့် ပြုထားသည့် ပမာဏသည် ၃၈ရာခိုင်နှုန်းသာရှိပြီး ကျန် ၆၂ ရာခိုင်နှုန်းသည် တရားမဝင်တင်ပို့နေခြင်းသာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ပြောသည်။

ဇန်နဝါရီ ၁၄ရက်တွင် နေပြည် တော် (Grand Amara Hotel) တွင် ပြု လုပ်သော မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့၏ သစ်ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းစနစ်ဆိုင်ရာ ဆွေးနွေးပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က ''နိုင်ငံတော် အစိုးရအနေနဲ့ သစ်ထုတ်လုပ်မှုကို လျှော့ ချဆောင်ရွက် နေပေမယ့် တစ်ဖက်ကလည်း တရားမ ဝင်သစ်ခိုးထုတ်မှုတွေက တိုးတက်စွာ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံ ယူနန်ပြည် နယ် နဲ့ ထိစပ်နေတဲ့၊ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားသွားလာနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ် အတွင်းမှာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်''ဟု ပြောသည်။

တရားမဝင် သစ်ခုတ်လှဲရောင်း ချခြင်းနှင့် တရားမဝင်သစ်ခိုးယူသူတွေထံမှ အခွန်ကောက်ခံခြင်းသည် ယင်းဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏အဓိကငွေရစေသည့် လုပ်ငန်းများ ဖြစ် သော်လည်း နိုင်ငံတော်နှင့်ပြည် တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်ကို ထိခိုက်နှောင့်နှေးစေ ပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးမှုကိုပါ အဟန့်အတားဖြစ်စေကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက် ပြောဆိုသည်။

ထို့အပြင် နယ်စပ်ဒေသ၌ တရား မဝင်ကုန်သွယ်မှု အခြေအနေများနှင့် ပတ်သက်၍ အင်္ဂလန်နိုင်ငံ အခြေ စိုက် နိုင်ငံတကာသဘာဝပတ်ဝန်း ကျင်စုံစမ်းရေးအဖွဲ့(EIA)နှင့်(Global Witness) တို့၏အစီရင်ခံစာ တွင်လည်း မြန်မာနိုင်ငံဘက်မှ ပြည်ပနိုင်ငံများသို့ တရားမဝင် သစ်တင်ပို့မှုသည် တရားဝင်တင်ပို့ မှုဖြင့် နှိုင်းယှဉ်ပါက အဆမတန် များပြားနေသည်ကိုလည်း ဖော်ပြထားကြောင်းလည်း နိုင်ငံတကာ အဖွဲ့အစည်း များ၏ ဖော်ပြချက်များ ကို ဒုတိယဝန်ကြီးက ကိုးကားပြောဆိုခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် လည်း ၂၀၁၁-၂၀၁၂ခုနှစ်မှ ၂၀၁၄ -၂၀၁၅ခုနှစ် ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တရားမဝင်သစ်မျိုးစုံ စုစုပေါင်း ၁၄၁၂၄၉ ဒသမ ၈၄တန် ဖမ်းဆီးရမိ ခဲ့ကြောင်းလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၁၅ခုနှစ် ဇန်နဝါရီ ၅ရက် ၌လည်း ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်ရှိ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသ တို့တွင် ဇန်နဝါရီ ၂ရက်မှ ၄ရက် အထိ သစ်ခိုးထုတ်မှုများတွင်ပါဝင် သည့် တရုတ်နိုင်ငံသား ၁၀၂ဦးနှင့် မြန်မာနိုင်ငံသား ၂ဝဦးတို့ကို ဖမ်းဆီး ခဲ့ပြီး ယင်းနောက် တရုတ် နိုင်ငံသား ၁ရဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

MP
‪‎Democracytoday‬

No comments:

Post a Comment