Thursday 15 January 2015

ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်နေ ဟုဆို

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ သင့်တင့်သောဈေးနှုန်းသို့ ထပ်မံလျှော့ချနိုင် ရေးအတွက် စက်သုံးဆီ တင်သွင်း သည့် ကုမ္ပဏီများနှင့် ညှိနှိုင်းမှုများ ဆောင် ရွက်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်း ချသူများအသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဆိုသည်။

ဇန်နဝါရီလ ၁၃ ရက် က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်ကမ္ဘာ့ စက်သုံးဆီဈေးနှုန်း ကျဆင်းနေ သော် လည်း ပြည်တွင်းစက်သုံးဆီဈေးကွက် အတွင်း လက်လီများသိသိသာသာ ကျဆင်းမှုရှိနေသော်လည်း လက်ကား ဈေးကွက်အတွင်း ကျဆင်းမှုအနည်း ငယ်သာရှိနေခြင်းကြောင့် သင့်တင့် သောဈေးနှုန်းသို့ လျှော့ချနိုင်ရေးအတွက် အသင်းအနေဖြင့် ညှိနှိုင်းဆောင် ရွက်နေခြင်း ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြင့်က ပြောကြားသည်။

ဒေါက်တာဝင်းမြင့်က''အသင်း အနေနဲ့လက်ကားဈေးနဲ့လက်လီ ဈေးနှုန်းကွာဟမှုရှိနေတဲ့ ညှိနှိုင်းပေး နိုင်အောင် စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီနဲ့ ဆွေးနွေးထားပါတယ်။ စက်သုံးဆီ တစ်လီတာကို ၈၉၀ လောက်ဖြစ်မှာ၊ ကမ္ဘာ့ရေနံတစ်စည် ကိုဒေါ်လာ ၂၀/၃၀ လောက်ကျ သွားတဲ့အတွက် အရင် တစ်ခါညှိနှိုင်း တုန်းက တစ်ရက် တစ်လီတာ ကို ကျပ် ၃ဝလောက် ဈေးချပေးလိုက် တဲ့အတွက် တစ်ပတ်၊ ၁၀ ရက်အ တွင်းမှာ တစ်လီတာကို ကျပ် ၂၀ဝ၊ တစ်ဂါလန်ကို ကျပ် ၁၀ဝ၀၊ တစ်ပီပါ ကို ကျပ်ငါး သောင်း လောက်ဈေး ကျ သွားတယ်''ဟုဆိုသည်။

လက်ရှိ စက်သုံးဆီ လက်ကား ဈေးကွက်အတွင်း တစ်လီတာလျှင် ကျပ် ၅၅ဝဖြစ်သော်လည်း လက်လီ ဈေးကွက်အတွင်း ကျပ်၇၁၀ ဝန်းကျင် ဖြင့် ရောင်းချနေသည့်အတွက် တစ် လီတာလျှင် ကျပ် ၆၅၀ ဝန်းကျင်ဈေး နှုန်းလျှော့ချနိုင်ရန် ညှိနှိုင်းထားကြောင်း သိရသည်။

''လက်ရှိ ပြည်တွင်း ဈေးကွက် မှာက လက်ကားဈေးနှုန်းက ကမ္ဘာ့ ဈေးနှုန်းမကွာဘူး။ ဈေးကွာလဲ ၄/၅ ရက်ပဲ။ လက်လီဈေးမှာကတစ်လ စာလောက် သွင်းထားတာဖြစ်တဲ့အ တွက် ဈေးနှုန်း က တစ်ပတ်အတွင်း ဈေး နှုန်းပြောင်းတယ်ဆိုတာနည်းတယ်'' ဟု ဒေါက်တာဝင်းမြင့်က ဆိုသည်။

ပြည်တွင်းသို့စက်သုံး ဆီတင် သွင်းရာတွင် ပေါက်ဈေးအတိုင်း တင်သွင်းခဲ့ရသော်လည်း တင်သွင်းချိန် တစ်လနီးပါးကွာဟမှုရှိသောကြောင့် ကမ္ဘာ့ စက်သုံးဆီဈေးနှုန်းဆက်တိုက် ကျဆင်း နေချိန် တွင် ပြည်တွင်းစက် သုံးဆီတင်သွင်းသူများအနေဖြင့် အရှုံး ခံရောင်းချပေးနေရကြောင်း သိရသည်။

ဒေါက်တာဝင်းမြင့်က ''ရန်ကုန် မှာ စက်သုံးဆီအရောင်းဆိုင်တွေ နည်း သေးတဲ့အတွက် ဆိုင်တွေက ပုံမှန် ရောင်းနေရတော့ ဈေးသိပ်မချချင်ဘူး။ စက်သုံးဆီဆိုင်တွေ များလာမယ် ဆိုရင်တော့ ယှဉ်ပြိုင်မှု ပိုများ လာမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းက သူ့အလို လိုကျဆင်းသွားနိုင်တယ်။ လက်ရှိ စက်သုံးဆီတစ်ဆိုင်နဲ့ တစ်ဆိုင်အကွာ အဝေးက သတ်မှတ်ချက်တွေကို လျှော့ ချပေးဖို့လို တယ်။ သူများနိုင်ငံတွေမှာ မျက်နှာချင်း ဆိုင်တောင် ဖွင့်ထားကြ တယ်'' ဟုဆိုသည်။

လက်ရှိပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရန်သတ် မှတ်ချက်များကို လျှော့ပေးနိုင်ရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ သို့ စက်သုံးဆီအသင်းအနေဖြင့် တင်ပြ ထားကြောင်း သိရသည်။  

AKS
Democracytoday 

No comments:

Post a Comment