Thursday 15 January 2015

နယ်စပ်မှ RSO များ ဝင်ရောက်မည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်

Photo: နယ်စပ်မှ RSO များ ဝင်ရောက်မည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်
Thursday, January 15, 2015 

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၅ နှင့် ၄ဝကြားမှ RSO သောင်းကျန်း သူများ ဝင်ရောက်မည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင် တောနယ်စပ်လုံခြုံရေးကို တိုးမြှင့် ထားကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်တစ်လျှောက်တွင် RSO သောင်း ကျန်းသူများ မြှုပ်ထားသည့် ဗုံးများကို နှစ်ဖက်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် များက တွေ့ရှိနေပြီး ယင်း သို့ဗုံးများမကြာခဏ တွေ့ရှိနေခြင်းက နယ်စပ်ခြံစည်းရိုးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း နယ်စပ်ခြံစည်း ရိုးလုပ်ငန်း လုပ်ကိုင်နေသည့် အရာ ရှိတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နယ်စပ်မှ မောင် တောနယ်စပ်ဒေသသို့ RSO သောင်းကျန်းသူများ ဝင်ရောက်မည်ဆိုသည့် သတင်းကြောင့် နယ်စပ်တစ်လျှောက် လုံခြုံရေးကို နယ်ခြားစောင့်ရဲအပြင် တပ်မတော်ကပါ တာဝန်ယူထားသည်။

နယ်စပ်ဒေသတစ်လျှောက်တွင် သောင်းကျန်းသူများ ဝင်ရောက်မည့် သတင်းများပေါ်ထွက်နေပြီး လုံခြုံ ရေးကိုတိုးမြှင့်ထားသော်လည်း မြို့ ပေါ်အခြေအနေနှင့် ကျေးလက်ဒေသများသို့ သွားလာနေသည့် အခြေအ နေများမှာ ပုံမှန်အတိုင်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

NT
Democracytoday
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၅ နှင့် ၄ဝကြားမှ RSO သောင်းကျန်းသူများ ဝင်ရောက်မည့် သတင်းများ ထွက်ပေါ်နေသည့်အတွက် မောင် တောနယ်စပ်လုံခြုံရေးကို တိုးမြှင့် ထားကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်တစ်လျှောက်တွင် RSO သောင်းကျန်းသူများ မြှုပ်ထားသည့် ဗုံးများကို နှစ်ဖက်နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိနေပြီး ယင်း သို့ဗုံးများမကြာခဏ တွေ့ရှိနေခြင်းက နယ်စပ်ခြံစည်းရိုးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း နယ်စပ်ခြံစည်း ရိုးလုပ်ငန်း လုပ်ကိုင်နေသည့် အရာ ရှိတစ်ဦးက ပြောသည်။

ယခုကဲ့သို့ နယ်စပ်မှ မောင် တောနယ်စပ်ဒေသသို့ RSO သောင်းကျန်းသူများ ဝင်ရောက်မည်ဆိုသည့် သတင်း ကြောင့် နယ်စပ်တစ်လျှောက် လုံခြုံရေးကို နယ်ခြားစောင့်ရဲအပြင် တပ်မတော်ကပါ တာဝန်ယူ ထားသည်။

နယ်စပ်ဒေသတစ်လျှောက်တွင် သောင်းကျန်းသူများ ဝင်ရောက်မည့် သတင်းများပေါ်ထွက်နေပြီး လုံခြုံရေး ကို တိုးမြှင့်ထားသော်လည်း မြို့ပေါ်အခြေအနေနှင့် ကျေးလက်ဒေသများသို့ သွားလာနေသည့် အခြေအနေ များမှာ ပုံမှန်အတိုင်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

NT
Democracytoday‬

No comments:

Post a Comment