Thursday 15 January 2015

အွန်လိုင်းမှ ဗီဇာလျှောက်ထားနိုင်သည့်စနစ်ကို ၂၀၁၅ ဇန်နဝါရီတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံ တိုးမြှင့်ခွင့်ပြု ****** E-visa စနစ်လျှောက်ထားနိုင်သည့်နိုင်ငံ ၁၀ဝအထိ ရှိလာ

Photo: အွန်လိုင်းမှ ဗီဇာလျှောက်ထားနိုင်သည့်စနစ်ကို ၂၀၁၅ ဇန်နဝါရီတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံ တိုးမြှင့်ခွင့်ပြု
***************************************************

E-visa စနစ်လျှောက်ထားနိုင်သည့်နိုင်ငံ ၁၀ဝအထိ ရှိလာ

Thursday, January 15, 2015

မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ဗီဇာလျှောက်နိုင်မည့်(E-visa)စနစ်ကို ၂၀၁၅ ဇန်နဝါရီလမှ စတင်ကာ နိုင်ငံပေါင်း ၃၂နိုင်ငံကို တိုးမြှင့်ခွင့်ပြုပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

E-visa စနစ်ကို ပထမအကြိမ် အဖြစ် နိုင်ငံပေါင်း ၄၃နိုင်ငံကို စတင် ခွင့်ပြုပေး ခဲ့ပြီး ထပ်မံကာ ဒုတိယအ ကြိမ် ၂၄နိုင်ငံ၊ တတိယအကြိမ် တစ် နိုင်ငံ စုစုပေါင်း ၆၈နိုင်ငံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေး ခဲ့ပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂ရက်တွင် စတုတ္ထအကြိမ်အဖြစ် ၃၂နိုင်ငံကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လဝက ရုံးမှ သိရသည်။

''ကမ္ဘာလှည့်ခရီးသွားတွေ ပိုမို အဆင်ပြေပြေနဲ့ ဝင်ရောက်နိုင်ဖို့အတွက် ထပ်ပြီးနိုင်ငံတွေ တိုးမြှင့်ပေး တာဖြစ်သလို ခရီးသွားလုပ်ငန်းအေဂျင်စီတွေ ကလဲ တောင်းဆိုလာတဲ့အ တွက် ထပ်မံခွင့်ပြုပေးခဲ့တာပါ'' ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လဝကရုံးမှ အဆင့်မြင့်အရာရှိတစ်ဦး က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

E-visa စနစ်ကို စတင်ခွင့်ပြု ချိန် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁ရက် မှစ၍ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာကုန်အ ထိ E-visa ဖြင့် လျှောက်ထားသူ သုံး သောင်းလေးထောင်ကျော် ရှိခဲ့ကြောင်း နှင့် ၂၀၁၄ခုနှစ်အတွင်း ခွင့်ပြုထား ခဲ့သည့် နိုင်ငံ ၆၈နိုင်ငံတွင်လည်း နိုင်ငံပေါင်း ၃ဝခန့်သာ ကမ္ဘာလှည့် ခရီးသွားဝင်ကြောင်း၊ သို့သော် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ကျန် လုပ်ငန်းရှင်များမှ တောင်းဆိုပါက ထပ် မံခွင့်ပြုပေးမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ရက်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်း ဦးက ပြောကြားထားသည့်အတိုင်း ယခုထပ်မံခွင့်ပြုပေးခြင်းဖြစ်သည်။

E-visa ဖြင့်ဝင်ခွင့်ကို ရန်ကုန် လေဆိပ်အပြင် နိုဝင်ဘာ ၉ရက်၌ မန္တလေးနှင့် နေပြည်တော်လေဆိပ် များတွင်လည်း ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း၊ နယ်စပ်ဂိတ်များ၌လည်း လုပ်ဆောင်သွားရန်ရှိကြောင်း လူဝင် မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ဝင် ရောက်မည့် ပြည်ပနိုင်ငံသားများအ တွက် ပြည်ဝင်ဗီဇာ ခြောက်မျိုးဖြစ် သော ကမ္ဘာလှည့်ဗီဇာ (Tourist visa)၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ် သန်းဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ် ကြိမ်ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးကို ခွင့်ပြုထားပြီး ယင်းခြောက်မျိုးမှTourist visaကို E-visa စနစ်ဖြင့် အသုံး ပြုရန်သတ်မှတ်ကာ ခွင့်ပြုပေးလျက် ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဗီဇာစနစ် အရ မြန်မာနိုင်ငံသို့ လာရောက်လို သူများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်လာသည့်နည်း၊ အပြည် ပြည်ဆိုင်ရာရေဆိပ်မှ ဝင်လာသည့် နည်းနှင့် နယ်စပ်ဒေသ ဝင်/ထွက် ပေါက်များမှ ဝင်လာသည့်နည်း စသည့် နည်းလမ်းသုံးမျိုးဖြင့် ဝင်ရောက်လျက် ရှိနေပြီး အပြည်ပြည် ဆိုင်ရာလေဆိပ် မှဝင်ရောက်မည့် ပြည်ပနိုင်ငံသားများ တွင် အွန်လိုင်းမှ ဗီဇာလျှောက်ထား နိုင်မည့် နည်းစနစ်ကို တိုးမြှင့်ဆောင် ရွက်ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ဗီဇာလျှောက် ထားခွင့်ကို မြန်မာနိုင်ငံတွင် သံရုံးစိုက် ထားသည့်နိုင်ငံများနှင့် ကမ္ဘာလှည့် ခရီးသည်လာရောက်မှု အများဆုံးဖြစ် သည့် နိုင်ငံများကို ခွင့်ပြုပေးထားပြီး လုပ်ငန်းစနစ်ကျွမ်းကျင်ရန် ငွေပေးချေ မှုစနစ် လျင်မြန်ချောမွေ့စေရန်တို့ကို လည်း ခရီးသွားလုပ်ငန်း တိုးတက်မှု များအပေါ်မှုတည်ကာ ဆက်လက်တိုး ချဲ့ စီမံဆောင်ရွက်သွား မည်ဖြစ် ကြောင်းလည်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

ZCH
Democracytoday
မြန်မာနိုင်ငံသို့ အွန်လိုင်းမှ ဗီဇာလျှောက်နိုင်မည့်(E-visa)စနစ်ကို ၂၀၁၅ ဇန်နဝါရီလမှ စတင်ကာ နိုင်ငံ ပေါင်း ၃၂နိုင်ငံကို တိုးမြှင့်ခွင့်ပြုပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

E-visa စနစ်ကို ပထမအကြိမ် အဖြစ် နိုင်ငံပေါင်း ၄၃နိုင်ငံကို စတင် ခွင့်ပြုပေး ခဲ့ပြီး ထပ်မံကာ ဒုတိယအ ကြိမ် ၂၄နိုင်ငံ၊ တတိယအကြိမ် တစ်နိုင်ငံ စုစုပေါင်း ၆၈နိုင်ငံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ခွင့်ပြုပေး ခဲ့ပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂ရက်တွင် စတုတ္ထအကြိမ်အဖြစ် ၃၂နိုင်ငံကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ် ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လဝက ရုံးမှ သိရသည်။

''ကမ္ဘာလှည့်ခရီးသွားတွေ ပိုမို အဆင်ပြေပြေနဲ့ ဝင်ရောက်နိုင်ဖို့အတွက် ထပ်ပြီးနိုင်ငံတွေ တိုးမြှင့်ပေး တာဖြစ် သလို ခရီးသွားလုပ်ငန်းအေဂျင်စီတွေ ကလဲ တောင်းဆိုလာတဲ့အ တွက် ထပ်မံခွင့်ပြုပေးခဲ့တာပါ'' ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လဝကရုံးမှ အဆင့်မြင့်အရာရှိတစ်ဦး က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

E-visa စနစ်ကို စတင်ခွင့်ပြု ချိန် ၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁ရက် မှစ၍ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာကုန်အ ထိ E-visa ဖြင့် လျှောက်ထားသူ သုံး သောင်းလေးထောင်ကျော် ရှိခဲ့ကြောင်း နှင့် ၂၀၁၄ခုနှစ်အတွင်း ခွင့်ပြုထား ခဲ့သည့် နိုင်ငံ ၆၈နိုင်ငံတွင်လည်း နိုင်ငံပေါင်း ၃ဝခန့်သာ ကမ္ဘာလှည့် ခရီးသွားဝင်ကြောင်း၊ သို့သော် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် ကျန် လုပ်ငန်းရှင်များမှ တောင်းဆိုပါက ထပ်မံ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂ရက်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွန်း ဦးက ပြောကြားထားသည့် အတိုင်း ယခုထပ်မံခွင့်ပြုပေးခြင်းဖြစ်သည်။

E-visa ဖြင့်ဝင်ခွင့်ကို ရန်ကုန်လေဆိပ်အပြင် နိုဝင်ဘာ ၉ရက်၌ မန္တလေးနှင့် နေပြည်တော်လေဆိပ် များ တွင် လည်း ခွင့်ပြုပေးထားပြီးဖြစ် ကြောင်း၊ နယ်စပ်ဂိတ်များ၌လည်း လုပ်ဆောင်သွားရန်ရှိကြောင်း လူဝင် မှုကြီးကြပ်ရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသို့ဝင် ရောက်မည့် ပြည်ပနိုင်ငံသားများအ တွက် ပြည်ဝင်ဗီဇာ ခြောက်မျိုးဖြစ် သော ကမ္ဘာလှည့်ဗီဇာ (Tourist visa)၊ လုပ်ငန်းဗီဇာ၊ ပြည်ဝင်ဗီဇာ၊ ဖြတ် သန်းဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ် ကြိမ်ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးကို ခွင့်ပြုထားပြီး ယင်းခြောက်မျိုးမှTourist visaကို E-visa စနစ်ဖြင့် အသုံး ပြုရန်သတ်မှတ်ကာ ခွင့်ပြုပေးလျက် ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဗီဇာစနစ် အရ မြန်မာနိုင်ငံသို့ လာရောက်လို သူများသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်လာသည့်နည်း၊ အပြည် ပြည်ဆိုင်ရာရေဆိပ်မှ ဝင်လာသည့် နည်းနှင့် နယ်စပ်ဒေသ ဝင်/ထွက် ပေါက်များမှ ဝင်လာသည့်နည်း စသည့် နည်းလမ်းသုံးမျိုးဖြင့် ဝင်ရောက်လျက် ရှိနေပြီး အပြည်ပြည် ဆိုင်ရာလေဆိပ် မှဝင်ရောက်မည့် ပြည်ပနိုင်ငံသားများ တွင် အွန်လိုင်းမှ ဗီဇာလျှောက်ထား နိုင်မည့် နည်းစနစ်ကို တိုးမြှင့်ဆောင် ရွက်ခြင်းဖြစ်သည်။

ယခုအခါ အဆိုပါ ဗီဇာလျှောက် ထားခွင့်ကို မြန်မာနိုင်ငံတွင် သံရုံးစိုက် ထားသည့်နိုင်ငံများနှင့် ကမ္ဘာလှည့် ခရီးသည်လာရောက်မှု အများဆုံးဖြစ် သည့် နိုင်ငံများကို ခွင့်ပြုပေးထားပြီး လုပ်ငန်းစနစ်ကျွမ်းကျင်ရန် ငွေပေးချေ မှုစနစ် လျင်မြန်ချောမွေ့စေရန်တို့ကို လည်း ခရီးသွားလုပ်ငန်း တိုးတက်မှု များအပေါ်မှုတည် ကာ ဆက်လက်တိုး ချဲ့ စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

ZCH
‎Democracytoday‬

No comments:

Post a Comment