Thursday 15 January 2015

အော်ဂဲနစ် အစားအစာများနှင့် ကျန်းမာရေး စာအုပ်သစ် မိတ်ဆက်

ဒေါက်တာ ခင်မောင်လွင် (FAME) ရေးသားသော အော်ဂဲနစ်နှင့် အစားအစာများ နှင့် ကျန်းမာရေး စာအုပ်သစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် ယခုလ (၅) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းစာအုပ်တွင် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်များ အကြောင်း သာမက အော်ဂဲနစ် အစားအစာများနှင့် ပတ်သက်သော ဗဟုသုတများကို ကိုယ်တိုင် အတွေ့အကြုံများအား အခြေခံပြီး ရေးသားထားကြောင်း၊ အော်ဂဲနစ် စိုက်ပျိုးရေး စနစ်၏ အကျိုး ကျေးဇူးများ သိရှိနိုင်ပြီး၊ စိုက်ပျိုးရေး ခြံများ တည်ထောင်လို သူများနှင့် စားသုံးလိုသူများ အတွက် အလွယ်တကူ ဖတ်ရူနိုင်မည် ဖြစ်ကြောင်း၊ ဓာတု ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဓာတ်ကြွင်းများ ကင်းစင်ပြီး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသော အစားအစာများ အကြောင်း ဗဟုသုတ ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာအုပ်ကို အင်းဝ စာအုပ်တိုက်မှ တစ်နိုင်ငံလုံးသို့ ဇန်န၀ါရီလ (၆) ရက်နေ့မှ စတင် ဖြန့်ချိခဲ့ ကြောင်း သိရသည်။

The Messenger News Journal 

No comments:

Post a Comment