Thursday 15 January 2015

ပါရီ မဂ္ဂဇင်းတိုက် အကြမ်းဖက်မှု မှတ်တမ်းဗွီဒီယို ထွက်ပေါ်

Photo: ပါရီ မဂ္ဂဇင်းတိုက် အကြမ်းဖက်မှု မှတ်တမ်းဗွီဒီယို ထွက်ပေါ်
Thursday, January 15, 2015

ပြင်သစ်နိုင်ငံ ပါရီမြို့က ချာလီ ဟပ်ဘဒို မဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦးက ၀င်ပစ်ခဲ့တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုတခု ဇန်န၀ါရီ ၁၃ ရက်နေ့က ထွက်ပေါ်လာပါတယ်။

ဇန်န၀ါရီလ ၇ ရက်နေ့ အဖြစ်အပျက် မှတ်တမ်း ဗွီဒီယိုကို မဂ္ဂဇင်းတိုက်အနီး အဆောက်အဦ ခေါင်မိုးပေါ်ကနေ ရိုက်ကူးထားတာ ဖြစ်ပြီး မဂ္ဂဇင်းတိုက်ထဲမှာ လူ ၁၂ ဦးကို သေနတ်နဲ့ ပစ်ပြီးနောက် သေနတ်သမား ၂ ဦးကို ရိုက်ကူးထားတာပါ။

ချာရစ်ဖ်နဲ့ ဆက်တို့ ညီအစ်ကို ၂ ဦးထဲက တဦးက တမန်တော် မိုဟာမက်အတွက် လက်စားချေနိုင်ပြီးလို့ ကြွေးကြော်နေပုံ၊ အဲဒီနောက် သူတို့ သေနတ်တွေကို ရပ်ထားတဲ့ကားပေါ် ပြန်တင်ပြီးနောက် လမ်းကျဉ်းလေးအတိုင်း မောင်းထွက်သွားခဲ့ပုံတွေကို ဖော်ပြထားပါတယ်။

ဒါ့အပြင် လမ်းမှာ ရဲကားတစီးနဲ့ တွေ့တဲ့အခါ သေနတ်သမား ၂ ဦးက ကားထဲက ထွက်ပြီး ရဲကားကို သေနတ်နဲ့ ပစ်ခတ်ပုံ၊ အဲဒီနောက် နောက်ပြန်လှည့် မောင်းထွက်သွားတဲ့ မြင်ကွင်း၊ မီတာ ၂၀၀ လောက်အကွာမှာ ရပ်လိုက်ပြီး ရဲကားတစီးနဲ့ ထိပ်တိုက်တွေ့နေပုံ၊ သေနတ်သမား ၂ ဦးထဲက ၁ ဦးက ကားပြတင်းပေါက်ကနေ ရဲကို ပစ်ခတ်နေပုံ၊ ရဲကားက နေရာမှာပဲ ရပ်တန့်နေပုံ အဲဒီနောက် ကားကို ဘယ်ချိုးပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ရိုက်ကူးထားပါတယ်။

ရဲကားက သေနတ်ကျည်ဆန် အချက်ပေါင်းများစွာ ထိမှန်ခဲ့ပုံရပြီး အတွင်းက ရဲအရာရှိကိုတော့ သေနတ်ကျည်ဆန် မထိပါဘူး။ ဒါပေမယ့် ဒဏ်ရာရပြီး လမ်းပေါ် လဲနေတဲ့ ရဲအရာရှိ အာမက် မာရာဘတ်ကို သေနတ်သမားတွေက အသေပစ်သတ်ခဲ့ပုံတွေတော့ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာတဲ့ တခြား ဗွီဒီယိုတခုမှာ တွေ့ရပါတယ်။

ဒါကြောင့် အခု ဗွီဒီယိုမှာ ပါတဲ့ ရဲနဲ့ သေနတ်သမားတွေ အပြန်အလှန် တိုက်ခိုက်နေပုံဟာ ရဲအရာရှိ အာမက် မာရာဘက်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း အဖြစ်အပျက်လား၊ မတိုင်ခင် အဖြစ်အပျက်လားဆိုတာကိုတော့ မသိရပါဘူး။

သေနတ်သမား ညီအစ်ကို ၂ ဦးကတော့ ပါရီကနေ ၃၅ ကီလိုမီတာ ဝေးတဲ့ မြို့က ပုံနှိပ်တိုက်မှာ ရဲတွေက ၀င်စီးတိုက်ခိုက်ခဲ့တဲ့အတွက် ဇန်န၀ါရီ ၉ ရက်နေ့က သေဆုံးခဲ့ပါတယ်။ 

ဒီဗွီဘီ
ပြင်သစ်နိုင်ငံ ပါရီမြို့က ချာလီ ဟပ်ဘဒို မဂ္ဂဇင်းတိုက်ကို သေနတ်သမား ၂ ဦးက ၀င်ပစ်ခဲ့တဲ့ အဖြစ်အပျက် ကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုတခု ဇန်န၀ါရီ ၁၃ ရက်နေ့က ထွက်ပေါ်လာပါတယ်။

ဇန်န၀ါရီလ ၇ ရက်နေ့ အဖြစ်အပျက် မှတ်တမ်း ဗွီဒီယိုကို မဂ္ဂဇင်းတိုက်အနီး အဆောက်အဦ ခေါင်မိုးပေါ် ကနေ ရိုက်ကူးထားတာ ဖြစ်ပြီး မဂ္ဂဇင်းတိုက်ထဲမှာ လူ ၁၂ ဦးကို သေနတ်နဲ့ ပစ်ပြီးနောက် သေနတ်သမား ၂ ဦးကို ရိုက်ကူးထားတာပါ။

ချာရစ်ဖ်နဲ့ ဆက်တို့ ညီအစ်ကို ၂ ဦးထဲက တဦးက တမန်တော် မိုဟာမက်အတွက် လက်စားချေနိုင်ပြီးလို့ ကြွေးကြော်နေပုံ၊ အဲဒီနောက် သူတို့ သေနတ်တွေကို ရပ်ထားတဲ့ကားပေါ် ပြန်တင်ပြီးနောက် လမ်းကျဉ်းလေးအတိုင်း မောင်းထွက်သွားခဲ့ပုံတွေကို ဖော်ပြထားပါတယ်။

ဒါ့အပြင် လမ်းမှာ ရဲကားတစီးနဲ့ တွေ့တဲ့အခါ သေနတ်သမား ၂ ဦးက ကားထဲက ထွက်ပြီး ရဲကားကို သေနတ် နဲ့ ပစ်ခတ်ပုံ၊ အဲဒီနောက် နောက်ပြန်လှည့် မောင်းထွက်သွားတဲ့ မြင်ကွင်း၊ မီတာ ၂၀၀ လောက် အကွာမှာ ရပ်လိုက်ပြီး ရဲကားတစီးနဲ့ ထိပ်တိုက်တွေ့နေပုံ၊ သေနတ်သမား ၂ ဦးထဲက ၁ ဦးက ကားပြတင်း ပေါက်ကနေ ရဲကို ပစ်ခတ်နေပုံ၊ ရဲကားက နေရာမှာပဲ ရပ်တန့်နေပုံ အဲဒီနောက် ကားကို ဘယ်ချိုးပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားတဲ့အထိ ရိုက်ကူးထားပါတယ်။

ရဲကားက သေနတ်ကျည်ဆန် အချက်ပေါင်းများစွာ ထိမှန်ခဲ့ပုံရပြီး အတွင်းက ရဲအရာရှိကိုတော့ သေနတ် ကျည်ဆန် မထိပါဘူး။ ဒါပေမယ့် ဒဏ်ရာရပြီး လမ်းပေါ် လဲနေတဲ့ ရဲအရာရှိ အာမက် မာရာဘတ်ကို သေနတ် သမားတွေက အသေပစ်သတ်ခဲ့ပုံတွေတော့ လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာတဲ့ တခြား ဗွီဒီယိုတခုမှာ တွေ့ရပါတယ်။

ဒါကြောင့် အခု ဗွီဒီယိုမှာ ပါတဲ့ ရဲနဲ့ သေနတ်သမားတွေ အပြန်အလှန် တိုက်ခိုက်နေပုံဟာ ရဲအရာရှိ အာမက် မာရာဘက်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း အဖြစ်အပျက်လား၊ မတိုင်ခင် အဖြစ်အပျက်လား ဆိုတာကိုတော့ မသိရပါဘူး။

သေနတ်သမား ညီအစ်ကို ၂ ဦးကတော့ ပါရီကနေ ၃၅ ကီလိုမီတာ ဝေးတဲ့ မြို့က ပုံနှိပ်တိုက်မှာ ရဲတွေက ၀င်စီးတိုက်ခိုက်ခဲ့တဲ့အတွက် ဇန်န၀ါရီ ၉ ရက်နေ့က သေဆုံးခဲ့ပါတယ်။ 

ဒီဗွီဘီ

No comments:

Post a Comment