Thursday 15 January 2015

ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများတွင် မြန်မာ ပါဝင်နိုင်ဖွယ်ရှိ

Photo: ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများတွင် မြန်မာ ပါဝင်နိုင်ဖွယ်ရှိ
Thursday, January 15, 2015

အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့ (United States Tour Operators Association) က ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ကြောင်း သုံးသပ်လိုက်သည်။

သုံးနှစ်စာ တွက်ချက်မှု ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ထိပ်သို့ သိသိသာသာ ပေါ်ထွက်နေပြီး ၂၀၁၅ ခုနှစ်တွင် လူကြိုက်များလာမှု တိုးတက်လာနိုင်ခြေ ရှိကာ မြန်မာနိုင်ငံနောက်တွင် ကျူးဘား၊ ခရိုအေးရှား၊ အိုက်စ်လန်၊ အိန္ဒိယ၊ ပီရူး၊ သိရိလင်္ကာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ပနားမားနိုင်ငံ နောက်တွင် ရှိနေကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“အမေရိကန် ခရီးသွားတွေက မြန်မာနိုင်ငံကို လာတာက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက သိသိသာသာ များလာတယ်။ ဒီလို သုံးသပ်တာက ကောင်းတဲ့အခြေအနေပါ။ မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ပိုဝင်လာမယ့် အခြေအနေရှိတယ်” ဟု All Asia Exclusive Travels and Tours ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးဝေရာဇာက ဆိုသည်။

၂၀၁၅ ခုနှစ်အတွက် ခရီးသွားများသည့် နိုင်ငံများမှာ အီတလီ၊ အင်္ဂလန်၊ တရုတ်၊ ပီရူး၊ ပြင်သစ်၊ မက္ကဆီကို၊ သြစတြေးလျ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် ဗီယက်နမ်တို့ကို အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့က ထပ်မံရွေးချယ်ထားသည်။

နယူးယောက်အခြေစိုက် United States Tour Operators Association ကို ၁၉၇၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့ရှိ ခရီးသွားလုပ်ငန်းများတွင် ဝန်ဆောင်မှု ပေးနေသူများဖြင့် ဖွဲ့စည်းထားသည်။ 

The Voice Weekly
အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့ (United States Tour Operators Association) က ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွားများ အကြိုက်တွေ့မည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ကြောင်း သုံးသပ်လိုက်သည်။

သုံးနှစ်စာ တွက်ချက်မှု ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသည် ထိပ်သို့ သိသိသာသာ ပေါ်ထွက်နေပြီး ၂၀၁၅ ခုနှစ်တွင် လူကြိုက်များလာမှု တိုးတက်လာနိုင်ခြေ ရှိကာ မြန်မာနိုင်ငံနောက်တွင် ကျူးဘား၊ ခရိုအေးရှား၊ အိုက်စ်လန်၊ အိန္ဒိယ၊ ပီရူး၊ သိရိလင်္ကာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ပနားမားနိုင်ငံ နောက်တွင် ရှိနေကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

“အမေရိကန် ခရီးသွားတွေက မြန်မာနိုင်ငံကို လာတာက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်ကတည်းက သိသိ သာသာ များလာတယ်။ ဒီလို သုံးသပ်တာက ကောင်းတဲ့အခြေအနေပါ။ မြန်မာနိုင်ငံကို ခရီးသွား ဧည့်သည် ပိုဝင်လာမယ့် အခြေအနေရှိတယ်” ဟု All Asia Exclusive Travels and Tours ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးဝေရာဇာက ဆိုသည်။

၂၀၁၅ ခုနှစ်အတွက် ခရီးသွားများသည့် နိုင်ငံများမှာ အီတလီ၊ အင်္ဂလန်၊ တရုတ်၊ ပီရူး၊ ပြင်သစ်၊ မက္ကဆီကို၊ သြစတြေးလျ၊ တောင်အာဖရိက၊ ဘရာဇီးနှင့် ဗီယက်နမ်တို့ကို အမေရိကန်ပြည်ထောင်စု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအဖွဲ့က ထပ်မံရွေးချယ်ထားသည်။

နယူးယောက်အခြေစိုက် United States Tour Operators Association ကို ၁၉၇၂ ခုနှစ်တွင် တည် ထောင်ခဲ့ပြီး ကမ္ဘာအနှံ့ရှိ ခရီးသွားလုပ်ငန်းများတွင် ဝန်ဆောင်မှု ပေးနေသူများဖြင့် ဖွဲ့စည်းထားသည်။ 

The Voice Weekly 

No comments:

Post a Comment